ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ

Buddha and his Doctrine

ဤစာအုပ်သည်......

ဆရာဦးအေးမောင်

Published by roman under on 2:25 PM

ဦးအေးမောင် (၁၉၁၄-၂၀၀၂)
(စာပေဗိမ္မာန်-ဦးအေးမောင်)
ဗုဒ္ဓနှင့်ဗုဒ္ဒ၀ါဒကျမ်းပြု စာရေးဆရာကြီး
ဆရာကြီး ဦးအေးမောင်ကို ၁၉၁၄ခုနှစ်၊ဖေဖော်ဝါရီလ ၂ရက်နေ့တွင် ပြင်ဦးလွင်မြို့၌အဘဦးသိန်းကျော်၊အမိဒေါ်သင်တို့ကဖွားမြင်သည်။
မန္တလေးမြို့ဝယ်စလီကျောင်းမှ၁၉၃၂ခုနှစ်တွင်ဆယ်တန်းအောင်မြင်သည်။ရန်ကုန်ဆရာဖြစ်သင်ကောလိပ်သို့တက်ရောက်၍၁၉၃၇ခုနှစ်၌
ဆရာအဖြစ်သို့စာမေးပွဲအောင်မြင်သည်။ မုံရွာမြို့ဝယ်စလီကျောင်း၌ ၁၉၃၈မှ ၁၉၄၀ထိ သုံးနှစ်အကြာဆရာလုပ်ခဲ့သည်။
ထို့နောက် ရန်ကုန်ဆရာဖြစ်သင်ကောလိပ်လေ့ကျင့်ရေးကျောင်း၌ ဆရာအဖြစ်နှစ်နှစ်လုပ်ခဲ့သည်။
၁၉၄၉မှ၁၉၇၅အထိ စာပေဗိမာန်၌ လက်ထောက်အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ ဦးအေးမောင်(စာပေဗိမာန်)ကလောင်ဖြင့် စာပေဗိမာန် မဂ္ဂဇင်း၊သင့်ဘ၀မဂ္ဂဇင်း၊မြ၀တီမဂ္ဂဇင်း၊ဂါဒီယန်မဂ္ဂဇင်း၊လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ(မြန်မာ-အင်္ဂလိပ်)နှင့်အခြားမဂ္ဂဇင်းစာစောင်များတွင် ဘာသာရေး၊စိတ်ပညာ၊ဒဿန၊သိပ္ပံပညာနှင့်အခြားပညာရေးသုတဆောင်းပါးများ မြန်မာဘာသာဖြင့်လည်းကောင်း၊
အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း နှစ်ပေါင်း၂၀ကျော်မျှ ရေးသားခဲ့သည်။
ဗုဒ္ဒနှင့်ဗုဒ္ဓ၀ါဒ (၃တွဲ ပထမအကြိမ် ၁၉၆၃-၁၉၆၄)
ဗီဇနှင့်ပတ်ဝန်းကျင်(၂၀၀၂ တတိယအကြိမ်)
လူ့စိတ်သဘာဝ(၂၀၀၀ ဒုတိယအကြိမ်)
သိပ္ပံနည်းစူးစမ်းလေ့လာမှုနှင့် သိပ္ပံသဘော(၂၀၀၅ ဒုတိယအကြိမ်)
စိတ်ဝိညာဉ်ဆိုင်ရာလေ့လာတွေ့ရှိချက်များ(၁၉၉၆ ဒုတိယအကြိမ်)
ဘ၀ဆည်းဆာ(၂၀၀၂ တတိယအကြိမ်)
စိတ်ပညာနှင့်ကိုယ်ကျင့်တရား(၁၉၉၈ ဒုတိယအကြိမ်)
စိတ်ပညာနှင့်စိတ်ငြိမ်းချမ်းမှု(၁၉၉၉ တတိယအကြိမ်)
သေသည်၏အခြားမဲ့၌ (၂၀၀၂ ဆဌအကြိမ်)
လူ့ဘ၀၊လူ့လောကအမြင်(၂တွဲ ၂၀၀၂ ပထမအကြိမ်)
ပိဋကတ်မှ ဗုဒ္ဓနှင့်ဗုဒ္ဓဓမ္မ(၁၉၉၉ ဒုတိယအကြိမ်)
ဗုဒ္ဓအမြင် လူသားစွမ်းအင်(၂၀၀၁ ပထမအကြိမ်)
လူတစ်ယောက်၏ခွန်အား(၂၀၀၃ ပထမအကြိမ်)
ဗုဒ္ဓနှင့်ဗုဒ္ဓထူးခြားချက်များ(၂၀၀၅ ပထမအကြိမ်)
စသည့်စာအုပ်များကိုရေးသားခဲ့သည်။
ထို့အပြင် မဟာစည်ဆရာတော်ကြီး၏ တရားစာအုပ် ၅အုပ်နှင့်
ကမ္ဘာအေးဘာသာရေးဝန်ကြီးဌာန၊ပိဋကတ်ဘာသာပြန်
စာပေဖြန့်ချီရေးအတွက်မဇ္ဈိမနိကာယ်(မူလပဏ္ဏာသ)၊
ထေရအပါဒါန်(ပထမပိုင်း)နှင့် မင်းကွန်းဆရာတော်ကြီးမဟာဗုဒ္ဓ၀င်(စတုတ္ထတွဲ)များကို
အင်္ဂလိပ်ဘာသာသိြု့ပန်ဆိုခဲ့သည်။
ဗုဒ္ဒနှင့်ဗုဒ္ဓ၀ါဒ ၃တွဲကိုပေါင်းချုပ်အဖြစ်ပြန်လည်ရေးသားခဲ့ပြီးနောက်၎င်းကို
THE BUDDHA AND HIS TEACHING ဟူသောခေါင်းစဉ်ဖြင့် အင်္ဂလိပ်ဘာသာသို့ပြန်ဆိုရေးသားထားခဲ့သည်။
၂၀၀၂ခုနှစ်၊မေလ၁၁ရက်(စနေနေ့) ညနေ၄နာရီ၃၅မိနစ်တွင် ရန်ကုန်မြို့စမ်းချောင်းရပ်၊သံတံတားလမ်းနေအိမ်တွင် ကွယ်လွန် အနိစ္စရောက်သည်။
ဇနီးဖြစ်သူမှာ ဒေါ်သန်းရင်(ကွယ်လွန်)ဖြစ်ပြီးသားသမီး၅ဦးကျန်ရစ်သည်။

0 comments:

Post a Comment