ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ

Buddha and his Doctrine

ဤစာအုပ်သည်......

အခန်း(၆) အနတ္တ၀ါဒ

Published by roman under on 3:49 PM

အခန်း(၆)

အနတ္တ၀ါဒ

‘‘အရှင်ဂေါတမ၊ဒုက္ခကိုမိမိသည် ပြုပါသလော’’

‘‘အို..ကဿပ၊မိမိသည် ဒုက္ခကိုပြုသည်ဟူ၍ မဆိုသင့်’’

‘‘ဒုက္ခကို သူတစ်ပါးသည် ပြုပါသလော’’

‘‘သူ တစ်ပါးသည် ဟူ၍လည်း မဆိုသင့်’’

‘‘ဒုက္ခကို မိမိသည်လည်းပြုသည် ၊ သူတစ်ပါးသည်လည်းပြုသည် ဟူ၍ ဆိုအပ်ပါသလော’’

‘‘ထိုသို့လည်း မဆိုသင့်’’

‘‘သို့ဖြစ်လျှင်……’’

(နိဒါနသံယုတ်၊တိမ္ဗရုကပရိဗ္ဗာဇကသုတ်)


(က)ပိဋကတ်နှင့်အခြားစာပေများမှ အနတ္တ၀ါဒ
ဗုဒ္ဓအလိုအားဖြင့်အနိစ္စ၊ဒုက္ခနှင့်အနတ္တ(၀ါ)မမြဲခြင်း၊ဆင်းရဲခြင်းနှင့်မြဲသောအတ္တမရှိခြင်းသည်သင်္ခါရတရားအားလုံး၏ထင်ရှားသော

လက္ခဏာသုံးပါးဖြစ်၏။ယင်းတို့တွင်အနိစ္စကိုရှေးဦးပထမပြဆိုထားခြင်းမှာအနိစ္စလက္ခဏာ၌အခြားလက္ခဏာနှစ်ပါးပါဝင်ပြီးဖြစ်

သောကြောင့်ဖြစ်၏။သင်္ခါရတရားတို့သည်မမြဲသောကြောင့်အမာခံဓာတ်အတ္တကင်းလျှက်ဖောက်ပြန်ပျက်စီးကြရ၏

လူသတ္တ၀ါ၏ခန္ဓာငါးပါးရုပ်နာမ်တရားတို့သည် ခဏမစဲ အမြဲပြောင်းလဲလျက်ရှိ၏ ။ ရုပ်တရားထက် နာမ်တရားက

ပြောင်းလဲဖြစ်ပျက်မှုများစွာပိုမိုလျင်မြန်၏။စိတ်တို့သည်မျက်စိတမှိတ်လျှက်တစ်ပြက်အတွင်း၌မရပ်မနားတဖွားဖွားဖြစ်ပေါ်

ချုပ်ပျောက်လျှက်ရှိ၏။ဤသို့စကြာဝဠာနှင့်လူတို့ကိုစိုးမိုးနေသောအနိစ္စတရားကို နက်နက်နဲနဲ မသိမြင်ပါက

ဗုဒ္ဓတရားကိုကောင်းစွာနားလည်မည်မဟုတ်ချေ။

‘‘အကြင်သူသည်သဒ္ဒါစိတ်ဖြင့်ဘုရား၊တရား၊သံဃာကိုဆည်းကပ်ကိုးကွယ်၍သီလစောင့်

ထိန်းကာမေတ္တာပွားများစေကာမူထိုသူသည်အနိစ္စတရားကိုခေတ္တခဏမျှသိမြင်နားလည်လျှင်လည်းပိုမိုအကျိုးရှိမည်ဖြစ်၏။’’

(အဂုင်္တ္တရနိကာယ်)။

‘‘ခန္ဓာငါးပါး၏အဖြစ်အပျက်ကိုမရှူမြင်ပဲအနှစ်တရာအသက်ရှည်ခြင်းထက်ကောင်းစွာဆင်ခြင်ရှူမြင်၍တစ်ရက်မျှအသက်ရှည်ခြင်း

သည်သာ၍မြတ်၏ ။’’(ဓမ္မပဒ၊ဂါထာ-၁၁၃)

‘‘အနိစ္စသညာကောင်းစွာထင်ရှားသောသူအားအနတ္တသညာသည်အလိုလိုထင်ပေါ်၍တည်လာ၏’’

(ဥဒါန်းပါဠိတော်နှင့့််အင်္ဂုတ္တရနိကာယ်၊န၀ကနိပါတ်-မေဃိသုတ်)။

သင်္ခါရတရားအားလုံး၏မမြဲသောသဘောကိုသိမြင်သောသူအဖို့အနတ္တတရားကိုသိမြင်ရန်များစွာ မခဲယဉ်းချေ။ သို့ရာတွင်

အနတ္တ၀ါဒသည်ဗုဒ္ဓဓမ္မ၏ပဓာနအချုပ်အခြားတရားဖြစ်၍ ဗုဒ္ဓ၀ါဒီတို့အဖို့ အလွန်အရေးကြီး၏ ။ စင်စစ် အနတ္တတရားသည်

အခြားကမ္ဘာဘာသာဝါဒများတွင်မတွေ့ရသောဗုဒ္ဓဓမ္မ၏၀ိသေသဂုဏ်ဖြစ်၍ကမ္ဘာဘာသာအယူဝါဒသမိုင်း၌ဗုဒ္ဓတစ်ဦးတည်းသော

အလေးအနက်ဟောကြားသောတရားဖြစ်၏ ။

သို့ဖြစ်စေကာမူအနတ္တတရားကိုခြေခြေမြစ်မြစ်နားလည်ရန်သော်လည်းကောင်း၊နားလည်သည်ဆိုစေစွဲစွဲမြဲမြဲလက်ခံ

ယုံကြည်ရန်သော်လည်းကောင်းများစွာမလွယ်ကူချေ။မြန်မာဗုဒ္ဓ၀ါဒီတို့သည်အများအားဖြင့်အနတ္တတရားကိုနားလည်ကြသော်

လည်း၊အချို့သောမြန်မာဘာသာရေးအယူများသည်အနတ္တ၀ါဒနှင့်ဆန့်ကျင်နေ၍အနတ္တတရားများကိုခံယူချက်မှာအပေါ်ယံမျှ

အကာမျှသာဖြစ်၏ ။ဤသို့ဖြစ်ခြင်းသည် အံ့သြစရာမရှိချေ။ ပိဋကတ်စာပေကို နှံ့နှံ့စပ်စပ် လေ့လာခဲ့သော အချို့ သော

အနောက်နိုင်ငံပညာရှင်များပင်အနတ္တ၀ါဒကိုမနှစ်သက်သောကြောင့်ဗုဒ္ဓ၀ါဒအစစ်အမှန်မဟုတ်လေဟန်စွပ်စွဲရေးသားကြ၏။

သို့ဖြစ်၍အနတ္တ၀ါဒနှင့်ပတ်သက်သော ပိဋကတ်ပါဠိတော်များအပေါ်စေ့ငုသေချာစွာ လေ့လာရန်လိုအပ်လှပေ၏ ။

ဗုဒ္ဓမပေါ်မီကအတ္တအယူဝါဒများအကြောင်းကိုအခန်း(၃)၌ အနည်းငယ်ဖော်ပြခဲ့ပေပြီ။အတ္တသဒ္ဒါကို ရှေးအကျဆုံး

ဝေဒကျမ်းများ၌တွေ့ရ၏။အတ္တသည်မူလပထမက‘အသက်’ဟူသောအနက်ကိုဟော၏။ရှေးဥပနိသျှဆရာတို့၏အဆိုအားဖြင့်

အတ္တသည် မူလပထမက နှလုံးအိမ်ထဲ၌ တည်ရှိ၍တစ်ရာ့တစ်ခုသောလမ်းများဖြင့် အပြင်သို့ထွက်နိုင်၏။ ဦးခေါင်းထိပ်ရှိ

လမ်းကြောင်းများမှထွက်လျှင်အမတထာဝရဘုံသို့ရောက်၏။နောက်ပေါ်ဥပနိသျှကျမ်းများ၌မူအတ္တသည်သက်ရှိသက်မဲ့အားလုံး၏

မူလအနှစ်ပရမတ်ဓာတ်အစစ်ဖြစ်၏။တစ်နည်းအားဖြင့်အတ္တသည်လူတို့အားအကောင်းအဆိုးခွဲခြား၍သိရှိနားလည်စေသော၊

အမြင့်မြတ်ဆုံးအဖြစ်သို့ရောက်ရှိစေနိုင်သောသတ္တိမျိုးဖြစ်စေ၏။ကိန်းဝပ်ရာနိစ္စဓူဝအသင်္ခတအမတဓာတ်ကြီးအစစ်ဖြစ်၏။

ထို့ကြောင့်ဥပနိသျှကျမ်းဆရာတို့၏အလိုအားဖြင့်လူသည်သင်္ခါရတရားတို့၏နောက်ကွယ်ရှိအတ္တကို

သိမြင်နားလည်ရန်အရေးကြီး၏။‘‘ပြောသောစကား၊မြင်သောအရာ၊ပြုသောအမူ၊စိတ်၌ဖြစ်ပေါ်လာသောအကြံအစည်စသည်တို့

အကြောင်းကိုဘာမျှတွေးတောကြံစည်ခြင်းမပြုအပ်။ပြောသောသူ၊မြင်သောသူ၊ပြုသောသူ၊ကြံစည်သောသူ(တစ်နည်းအားဖြင့်

အတ္တကို)သာလျှင် အမှန်အတိုင်းသိမြင်ရန်၊အားထုတ်အပ်သည်ဟု ဥပနိသျှကျမ်းတစ်စောင်က ဆိုထား၏ ။

ဤဥပနိသျှလာအတ္တအယူများကိုပိဋကတ်စာပေ၌အလျှင်းမတွေ့ရချေ။အတ္တကိုပယ်သောပါဠိတော်များကိုကားအမြောက်

အများပြဆိုထား၏။အထင်ရှားဆုံးမှာဘုရားဖြစ်ပြီးနောက်ပဉ္စ၀ဂ္ဂီငါးပါးအားဒုတိယအကြိမ်မြောက်ဗုဒ္ဓဟောအနတ္တလက္ခဏာ

သုတ်ဖြစ်၏။

‘‘ရဟန်းတို့ ၊ခန္ဓာငါးပါးသည် အတ္တမဟုတ်၊အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းဖြစ်၏ ။ငါ၏ခန္ဓာငါးပါးသည် ဤသို့

ဖြစ်စေ၊ဤသို့မဖြစ်စေသတည်းဟုတ်စီရင်၍မရအပ်။ခန္ဓာငါးပါးသည်မမြဲ။မမြဲသော၊ဆင်းရဲသော၊ဖေါက်ပြန်တတ်သောခန္ဓာငါးပါး

ကိုဤဟာသည်ငါ့ဥစ္စာဖြစ်၏။ငါဖြစ်၏။ငါ၏အတ္တတည်းဟု မရှူအပ်။

အတိတ်၊အနာဂတ်၊ပစ္စုပ္ပန်အတွင်းအပြင်၊အကြမ်းအနုအယုတ်အမြတ်၊အဝေးအနီးဖြစ်သောအလုံးစုံသောခန္ဓာငါးပါးသည်

ငါ့၏ဥစ္စာမဟုတ်။ငါမဟုတ်။ငါ၏အတ္တမဟုတ်ဟုဟုတ်မှန်

သည့်အတိုင်း ကောင်းသောပညာဖြင့် ရှူအပ်၏ ။’’(၀ိနည်းပိဋကတ်၊မဟာဝဂ်)

အနတ္တလက္ခဏာသုတ်နှင့်အနက်အဓိပ္ပါယ်တူသောသုတ်များကို

ပထမနိကာယ်လေးကျမ်း၌ထပ်တလဲလဲဖော်ပြထား၏။

အချို့သုတ္တန်ဒေသနာများ၌မူခန္ဓာငါးပါးသည်အတ္တမဟုတ်သောကြောင့်ပုဂ္ဂိုလ်သတ္တ၀ါကိုခန္ဓာငါးပါး၌ရှာ၍မရအပ်ဟူ၍လာ၏

‘‘အို အနုရာဓ ၊ ခန္ဓာငါးပါးကို သတ္တ၀ါဟု မရှုအပ် ။ခန္ဓာငါးပါး၌ သတ္တ၀ါသည်မရှိ။ သတ္တ၀ါသည် ခန္ဓာငါးပါး

မှတစ်ပါးဖြစ်၏

ဟူ၍မရှုအပ်။ဤသို့ဖြင့်သင်သည်မျက်မှောက်ထင်ပင်လျှင်သတ္တ၀ါဟူသည်ကိုမှန်သောအားဖြင့်၊ဟုတ်သောအားဖြင့်မရအပ်။’’

(သုံယုတ္တနိကာယ်၊အဗျာကတသံယုတ်၊အနုရောဓတ္ထေသုတ်)။

‘‘ရဟန္တာသည်ခန္ဓာငါးပါးကိုသုံးပါးသောပရိညာဖြင့်ပိုင်းခြား၍သိသောကြောင့်ပုဂ္ဂိုလ်သတ္တ၀ါမသိမမြင်’’

(သဂါထာဝဂ္ဂသံယုတ်၊သမိဒ္ဓိသုတ်)။

‘‘စောင်းကိုအစိတ်တစ်ရာခွဲ၍အစိတ်စိတ်အတုံးတုံးပြုသော်လည်းစောင့်သံကိုရှာ၍မရသကဲ့သို့ရဟန်းသည်ခန္ဓာငါးပါး၌ငါဟူ၍

လည်းကောင်း၊ငါ၏ဥစ္စာဟူ၍လည်းကောင်း၊ငါဖြစ်၏ဟူ၍လည်းကောင်းရှာ၍မတွေ့။’’

(သံဠာယတနသံယုတ်၊၀ီဏဥပမာသုတ်)


အချို့ သောပညာရှင်တို့က ဥပနိသျှကျမ်းလာ အတ္တ၀ါဒကို အတိအလင်း ရည်ညွှန်းဟန်တူသောသုတ္တန်တစ်ခုကို
ထောက်

ပြကြ၏ ။

‘‘မသင့်သောအားဖြင့် နှလုံးသွင်းသောသူအား ငါ၏ကိုယ်သည်ပြောဆိုစီရင်တတ်၏ ။ သိတတ်၊ခံစားတတ်၏ ။ကောင်းမှု

မကောင်းမှု၏အကျိုးကိုခံစားရ၏။အခါခပ်သိမ်းရှိ၏။ဖောက်ပြန်ခြင်းမရှိ။မြေကြီးမြင့်မိုရ်တောင်လနေတို့ကဲ့သို့အမြဲတည်သည်

ဟူသော အယူသည်ဖြစ်၏ ။’’

(မဇ္ဈိမနိကာယ်၊ သဗ္ဗာသ၀သံဝရသုတ်)


ခန္ဓာငါးပါး၌သော်လည်းကောင်း ၊ခန္ဓာငါးပါးကိုကြဉ်၍သော်လည်းကောင်း၊ပရမတ္တအားဖြင့် ပုဂ္ဂိုလ်သတ္တ၀ါ အတ္တဟူ၍မရှိ

သောကြောင့်လောကသည်သုညလောကဖြစ်သည်ဟုပိဋကတ်စာပေ၌ခေါ်ဆိုထား၏။

‘‘အာနန္ဒာ၊အကြင်ကြောင့်ငါဟူသောအတ္တသဘောမှလည်းကောင်း၊ငါ၏ဥစ္စာတည်းဟူသောအတ္တနိယသဘောမှလည်းကောင်း

ဆိတ်သုဉ်း၏။ ထို့ကြောင့် လောကသည် သုညတည်းဟူ၍ ဆိုအပ်၏ ’’

(သဠာယတနသံယုတ်၊သုညလောကသုတ်) ။

မောဂရာဇ၊သင်သည်ကိုယ်ဟုမှတ်ထင်စွဲလမ်းသောသက္ကာယဒိဌိကိုပယ်နိုင်ရန်အလို့ငှာလောကကိုဆိတ်သုဉ်းသောအားဖြင့်ရှုလော့။

(သုတ္တနိပါတ်၊ပါရာယန၀ဂ်၊မောဂရာဇ မာဏ၀ပုစ္ဆာ )

အနတ္တ၀ါဒအလိုအားဖြင့် ပုဂ္ဂိုလ်သတ္တ၀ါ အတ္တဆိတ်သုဉ်းသော သုညလောက၌ ဖြစ်ခြင်းပျက်ခြင်း(အနိစ္စ) သဘောတရား

သည်သာထင်ရှား၏။

‘‘ရဟန်းသည်၊သဘောတရားတို့၌ဖြစ်ကြောင်း၊ပျက်ကြောင်းတရားနှင့်ဖြစ်ခြင်း၊ပျက်ခြင်းသဘောကိုအကြိမ်ကြိမ်ရှုလေ့ရှိ၏။

သဘောတရားတို့သည်သာလျှင် ရှိကုန်သည်ဟုထိုရဟန်းအား သတိသည် ရှေးရှုထင်တတ်၏။ထိုရဟန်းသည်လောက၌

တစ်စုံတစ်ရာမျှကို ငါ၊ငါ၏ဥစ္စာဟူ၍ မစွဲလမ်းချေ။’’ (ဒီဃနီကာယ်၊မဟာသတိပဌာန်သုတ်)

သို့ဖြစ်၍ဗုဒ္ဓသည်သင်္ခါရဓမ္မတို့၏ဖြစ်ပျက်မှုကိုဟောရာ၌တွေ့ထိမှု၊ခံစားမှု၊တပ်မက်မှု၊တွယ်တာမှုစသောအကျိုးအကြောင်းအားဖြင့်

ဆက်စပ်ဖြစ်ပျက်မှု(ပဋိစသမုပ္ပာဒ်တရား)ကိုသာဟော၏။တွေ့ထိသောသူ၊ခံစားသောသူ၊တပ်မက်သောစသည်ဖြင့်ပုဂ္ဂိုလ်သတ္တ၀ါကို

ထည့်သွင်း၍ ဟောတော်မမူချေ။

‘‘အရှင်ဂေါတမ၊ဒုက္ခကိုမိမိသည် ပြုပါသလော’’

‘‘အို..ကဿပ၊မိမိသည် ဒုက္ခကိုပြုသည်ဟူ၍ မဆိုသင့်’’

‘‘ဒုက္ခကို သူတစ်ပါးသည် ပြုပါသလော’’

‘‘သူ တစ်ပါးသည် ဟူ၍လည်း မဆိုသင့်’’

‘‘ဒုက္ခကို မိမိသည်လည်းပြုသည် ၊ သူတစ်ပါးသည်လည်းပြုသည် ဟူ၍ ဆိုအပ်ပါသလော’’

‘‘ထိုသို့လည်း မဆိုသင့်’’

‘‘သို့ဖြစ်လျှင်ဒုက္ခကိုမိမိမပြု၊သူတစ်ပါးလည်းမပြုဘဲဒုက္ခသည်အကြောင်းမရှိဘဲအလိုအလျောက်ဖြစ်ပါသလော။

ဒုက္ခရှိပါလျက် အရှင်ဂေါတမသည် ဒုက္ခကို မသိမမြင်ပါသလော။ ’’

‘‘အို-ကဿပ၊ဒုက္ခသည်ရှိ၏။ဒုက္ခကိုငါသိမြင်၏။ဒုက္ခကို ထိုသူ ပြုသည်၊ထိုသူသည်ခံစားသည်ဟု အယူရှိခဲ့သော်

သဿတဒိဌိဖြစ်၏။ငါဘုရားသည်ထိုအစွန်းနှစ်ဖက်ကိုအလယ်အလတ်လမ်းဖြင့်ဟော၏။အ၀ိဇ္ဇာဟူသောအကြောင်း

ကြောင့်သင်္ခါရဖြစ်၏ ။သင်္ခါရကြောင့်……………………..’’

(နိဒါနသံယုတ်၊တိမ္ဗရုကပရိဗ္ဗာဇကသုတ်)

တိမ္ဗရုက ပရိဗိုဇ်က ချမ်းသာမှုဆင်းရဲမှုကို မိမိပြုပါသလော ဟုမေးရာ၌လည်း ဗုဒ္ဓကအထက်ပါအတိုင်း ဖြေတော်မူ၏ ။

(သံယုတ္တနိကာယ်၊နိဒါနသံယုတ်- တိမ္ဗရုက ပရိဗိုဇ်ကသုတ်)

အဝေလကဿပတက္ကတွန်းနှင့် တိမ္ဗရုက ပရိဗိုဇ်တို့သည် ခံစားတတ်သော ပြုတတ်သောအတ္တ ၊ပုဂ္ဂိုလ်သတ္တ၀ါသည်ရှိ

သည်ဟုယုံကြည်ကြသောကြောင့်ဗုဒ္ဓအားမေးမြန်းကြခြင်းဖြစ်၏။ဗုဒ္ဓလက်ထက်ကတိတ္ထိတက္ကတွန်းနှင့်ပရဗိုဇ်တို့သည်သာ

အတ္တအယူရှိကြသည်မဟုတ်။အတ္တဒိဌိမကင်းသောအချို့ ဗုဒ္ဓရဟန်းများလည်းရှိကြောင်း အောက်ပါစကားဖြင့် ထင်ရှား၏ ။

‘‘အရှင်မောဠိယဖဂ္ဂုနမထေရ်သည်ဗုဒ္ဓအား*အရှင်ဘုရားဝိညာဏအဟာရကိုအဘယ်သူသည်သုံးဆောင်စားသောက်ပါသနည်း*

ဟုမေးလျှောက်၏။ထိုအခါဗုဒ္ဓက*သင်၏အမေးသည်မသင့်လျော်ချေ။တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သတ္တ၀ါကသုံးဆောင်စား

သောက်သည်ဟုငါဘုရားမဟော။ငါဘုရားကိုအရှင်ဘုရား၊၀ိညာဏ်သည်အဘယ်၏တရားအကြောင်းဖြစ်ပါသနည်းဟုမေးရာ၏။

ဤအမေးပုစ္ဆာ၌၀ိညာဉ်သည်နောင်အဆက်ဆက်သောနာမ်ရုပ်၊သဠာယတနစသည်တို့ဖြစ်ခြင်း၏အကြောင်းဖြစ်သည်ဟူသော

အဖြေသည် သင့်လျော်သည်* ဟုမိန့်တော်မူ၏ ။(နိဒါနသံယုတ်၊မောဠိယဖဂ္ဂုနသုတ်)

သံယုတ္တနိကာယ်၌ ထိုနည်းနှင့်ဟောတော်မူသော ဒေသနာအမြောက်အများရှိ၏ ။

(ဆက်လက်ဖော်ပြပါမည်)

ကိုသုငယ်

Read More...

အခန်း (၅) ဒုက္ခသစ္စာ

Published by roman under on 7:41 PM

အခန်း (၅)
ဒုက္ခသစ္စာ

‘‘ပညာရှိသည်ချမ်းသာသုခကိုမရှာဘဲ
ဆင်းရဲဒုက္ခမှ လွတ်မြောက်မှုကိုသာရှာ၏ ။’’
Aristotle
သံသရာဝဋ်ဆင်းရဲကိုဖော်ပြ၍
ထိုဝဋ်ဆင်းရဲမှ လွတ်မြောက်ဖို့ရန်လမ်းညွှန်ပြသော
ဗုဒ္ဓ၀ါဒကိုစိတ်ပျက်ဖွယ်ရာ ဒုက္ခ၀ါဒ(Pessimism)ဖြစ်သည်ဟုမဆိုနိုင်ချေ။

*ဗုဒ္ဓ၏ ပဓာနရည်ရွယ်ချက်သည် လူသတ္တ၀ါတို့အား ဆင်းရဲဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်လမ်းခရီးကို ညွှန်ပြရန်ဖြစ်၏ ။

ဗုဒ္ဓသည် ထိုရည်ရွယ်ချက်နှင့် ဆက်စပ်ခြင်းမရှိသော အချို့ တရားတော်များကို ဟောတော်မမူချေ ။ ဗုဒ္ဓလက်ထက်ကအချို့ လူတို့သည် လောကသည် အဆုံးရှိသလော၊မရှိသလော ။ ဇီဝနှင့်ခန္ဓာသည် ထပ်တူဖြစ်သလော၊တခြားစီဖြစ်သလော ။ရဟန္တာသည် ပရိနိဗ္ဗာန်ပြုပြီးနောက် ရှိသလော၊မရှိသလော စသောပြဿနာများ၌ စိတ်ဝင်စား၍ ဗုဒ္ဓအားမေးလျှောက်ကြ၏ ။
ဗုဒ္ဓသည် ထိုမေးခွန်းများမှာ မဂ်နိဗ္ဗာန်ခရီး၌ ခလုတ်ဆူးငြောင့်များ ဖြစ်သည်ဆို၍ မည်သို့မျှ ဖြေတော်မမူချေ ။
*ထိုပြဿနားများကိမေးလျှောက်သော မာလုကျပုတ္တရဟန်းအား ဗုဒ္ဓက ‘‘မာလုကျ၊ ဥပမာသော်ကား အဆိပ်လူမြားမှန်၍ဒဏ်ရာရသောလူတစ်ဦးသည် အကယ်၍ ချက်ချင်းအကုအသမခံဘဲ မိမိအား ရန်ပြုသောသူ၏ အမည်၊အမျိုးဇာတ်၊ပုံပန်သဏ္ဌာန်၊နေထိုင်ရာအရပ်ဒေသ စသည်တို့ကို စုံစမ်းမေးမြန်းနေပါက အသက်သာလျှင် ဆုံးရှုံးရာ၏ ။ထို့အတူသင်သည် ဤပြဿနာများ၏အဖြေသိရှိမှသာ ရဟန်းတရားအားထုတ်မည်ဆိုပါက သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်မည်မဟုတ်။ ထိုပြဿနာများသည်
အဖြေမည်သို့ပင်ဖြစ်စေကာမူ၊လောက၌ ဒုက္ခတရားသည်ကား မုချရှိ၏ ။ထိုပြဿနာများသည်ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာနိဗ္ဗာန်အကျိုးငှာမဖြစ်သောကြောင့် ငါသည်မဖြေကြားဘဲ သစ္စာလေးပါးတရားကိုသာဟောသည် ’’ ဟုမိန့်ကြား၏ ။(မဇ္ဈိမနိကာယ်၊စူဠမာလုကျသုတ်)
*သစ္စာလေးပါးတရားတွင် ရှေးဦးပထမ သစ္စာမှာ ဒုက္ခသစ္စာဖြစ်၍ ဗုဒ္ဓ၀ါဒီအဖို့ ဒုက္ခတရားကို ခြေခြေမြစ်မြစ် သိမြင်နားလည်ရန်အရေးကြီး၏ ။ထေရ၀ါဒသည် တိုင်းပြည်ငြိမ်းချမ်း၍ ချမ်းသာကြွယ်ဝသော အမေရိကန်ပြည်ထောင်စု၌ အားနည်း၍ ၂၀ရာစုအတွင်းကစစ်ဘေးဒုက္ခဒဏ်နှင့် ဆင်းရဲဒုက္ခအမျိုးမျိုး ကြုံတွေ့ ခဲ့ရသော အင်္ဂလန်နှင့်အတော်အတန့်ပျံ့ နှံ့နေခြင်းမှာအကြောင်းမဲ့မဟုတ်ချေ။အာရှတိုက်ရှိ ထေရ၀ါဒနိုင်ငံများ၌မူ လုတို့သည်အများအားဖြင့် ဒုက္ခတရားကိုကောင်းစွာမသိမမြင်ကြသောကြောင့် ဗုဒ္ဓ၀ါဒကို ကျေကျေညက်ညက်နားလည်ကြဟန်မတူချေ။
*ဒုက္ခတရားကိုဟောသော ဗုဒ္ဓဒေသနာများ၌ အိုမှု၊နာမှု၊သေမှုကိုရှေ့ တန်းသို့ တင်ထားခြင်းမှာ လောက၌ အလွန်းထင်ရှား၍ လူတိုင်းတွေ့ ကြုံရသောကြောင့် လူအများနားလည်ရန်ပြဆိုထားခြင်းဖြစ်၏ ။အမှန်ဆိုသော် အိုမှု၊နာမှု၊သေမှု လုံးဝကင်းသောအခါ၌ပင် ဤလူ့ ဘုံသည်ထာဝရငြိမ်းချမ်းသာယာသော ဘုံဖြစ်ပါမည်လောဟု သံသယဖြစ်ဖွယ်ရှိ၏ ။ဤအကြောင်း စဉ်းစားရန်အချက်ကိုရှေ့ ၌ဖော်ပြပါမည်။ စစ်စင်ဗုဒ္ဓသည် ဘုရားမဖြစ်မီက ဇရာ၊ဗျာဓိနှင့်မရဏဘေးကြိုမင်၍ ရဟန်းပြုခြင်းမဟုတ်ကြောင်းဆိုင်ရာဒေသနာများကိုပြဆိုခဲ့ပေပြီ။
*ဓမ္မစကြာသုတ်၌ အိုမှု၊နာမှု၊သေမှုလောက် လူတို့ဂရုမပြုမိသော ဒုက္ခနှစ်မျိုးကိုမြတ်စွာဘုရားကဟောကြားထား၏ ။ ယင်းတို့မှာ အလိုဆန္ဒမပြည့်ဝမှုနှင့်အလိုဆန္ဒအညီမဖြစ်
မှု့၊(သို့မဟုတ်)အလိုဆန္ဒနှင့်ဆန့်ကျင်၍ဖြစ်မှု၊(၀ါ)ရတာမလို၊လိုတာမရဖြစ်၏ ။ စေတသိက ဒုက္ခများဖြစ်၍
ကာယိကဒုက္ခများကဲိ့သို့ မထင်မရှားစေကာမူ ပုဂ္ဂိုလ်သတ္တ၀ါတိုင်ကြုံတွေ့ ရတတ်ခြင်းကို ယုံမှားစရာမရှိချေ။
*ဒုက္ခတရားကိုသိမြင်မှုသည် ဘ၀အတွေ့ အကြုံပေါ်တွင်မတည်ချေ။အတွေ့ အကြုံသာလျှင် ပဓနာဖြစ်ပါက ဆရာဝန်များသည် ဒုက္ခတရားများကိုအများဆုံးသိမြင်သောသူများဖြစ်ပေရလိမ့်မည်။ မျက်မြင်အားဖြင့် ဆင်းရဲဒုက္ခရောက်နေပါလျက် ပျော်ရွှင်နေသူများမှာ မနည်းလှချေ။ ဗုဒ္ဓလက်ထက်မှစ၍ ယနေ့ထိ ဒုက္ခတရားကိုသိမြင်၍ လူ့ ဘ၀ကိုငြီးငွေ့ သူများမှာ အများအားဖြင့်ဘ၀အခြေအနေ မြင့်မား၍ စည်းစိမ်ချမ်းသာခံစားခဲ့ကြသောပုဂ္ဂိုလ်များဖြစ်၏ ။ ဒုက္ခတရားသိမြင်မှုသည် အသိပညာရှိမှု ကာမတဏှာနည်းပါးမှုနှင့်ဆက်စပ်နေဟန်ရှိ၏ ။စင်စစ်ကာမဂုဏ်ချမ်းသာ၌များစွာမပျော်မွေ့ ပဲ
အသိပညာအသင့်အတင့်ရှိသောပုဂ္ဂိုလ်သည် လူ့လောက၊လူ့ဘ၀ကို ယထာဘူတာကျကျ ဆင်ခြင်သုံးသပ်ပါက ဒုက္ခသစ္စာကိုလေးလေးနက်နက်သိမြင်လာမည် အမှန်ဖြစ်ဖြစ်၏ ။
*ကမ္ဘာသမိုင်းတစ်လျှောက်၌လူတို့သည်ငလျင်းလှုပ်ခြင်း၊မီးလောင်ခြင်း၊ရေလွှမ်းမိုးခြင်း၊လေမုန်တိုင်းတိုက်ခတ်ခြင်းစသော သဘာဝဘေးအန္တရာယ်များကြောင့်ဆင်းရဲဒုက္ခကြုံတွေ့ခဲ့ကြရ၏ ။ယခုလည်း သဘာဝတရား၏ ဖောက်ပြန်မကြောင့် လူအမြောက်အများ သေကြေပျက်စီးခြင်း၊အိုးမဲ့အိမ်မဲ့ဖြစ်ခြင်း စသောသတင်းများမကြာခဏကြားသိရ၏ ။လူသည်သဘာဝတရား၏ထုထောင်းခြင်းကိုခံရသည့်အပြင် လူလူချင်း ညှင်းပန်းနှိပ်စက်မှုကိုလည်းခံရ၏ ။လုတို့ကြုံတွေ့ ရသောဤဒုတိယဆင်းရဲဒုက္ခမျိုးသည် ရှေးပဝေဏသီမှစ၍ ယနေ့တိုင် အတိုင်းတိုင်းအပြည်ပြည်၌ ပေါ်ပေါက်ခဲ့သော စစ်ပွဲများ၊ဖိနှိပ်ချုပ်ချယ်မှုများ၊အနိုင်ကျင့်မှုများ၊မတရားပြုကျင့်မှုများစသည်တို့ဖြင့် ထင်ရှား၏ ။ထို့ကြောင့် ရောမနိုင်ငံ သမိုင်းကျမ်းကြီးကိုပြုစုခဲ့သော ဂစ်ဘွန်(GIBBON:The Decline and Fall of Roman Empire)က ‘‘လူ့သမိုင်းမည်သည်လူတို့၏မိုက်မဲဆိုးသွမ်းမှု၊ရက်စက်ကြမ်းကြုတ်မှုနှင့်ဒုစရိုက်ပြစ်မှုအကြောင်းမှတ်တမ်းမျှသာဖြစ်ပေသည်။ ’’ဟုရေးသားခဲ့၏*သို့ဖြစ်စေကာမူယနေ့ကမ္ဘာသည်လွန်းခဲ့သောနှစ်ပေါင်းတစ်ရာကကမ္ဘာနှင့်မတူဘဲသိသိသာသာပြောင်းလဲလျက်ရှိသည်။ ယခုခေတ်လူတို့သည်သမိုင်းအတွေ့အကြုံသမိုင်းသင်ခန်းစာများကြောင့်အသိအမြင်တိုးပွား၍ကမ္ဘာလူထုကောင်းစားရေးကိုအာရုံစူးစိုက်လာကြသည်။ လူ့လောကကြီးပွားချမ်းသာမှုအတွက်မှီခိုအားထားရာဖြစ်သော သိပ္ပံညာသည်အလျင်အမြန် တိုးတက်နေသည်။ ကမ္ဘာ့ကုလသမဂ္ဂကလည်း ကမ္ဘာငြိမ်းချမ်းရေးကိစ္စများကိုရှေးရှုဆောင်ရွက်နေသည် စသည်ဖြင့်အချို့ပုဂ္ဂိုလ်တို့က လူ့ဘောင်ဆင်းရဲဒုက္ခ ကင်းငြိမ်းမည့် နိမိတ်လက္ခဏာများကိုထောက်ပြကြသည်။
*မျက်မြင်ဒိဌအားဖြင့်မူ ကမ္ဘာ့ဆင်းရဲသားလူထု၏ စားဝတ်နေမှု ဘ၀မြှင့်တင်ရန် ပေါ်ထွန်းလာသည်ဆိုသော ဆိုရှယ်လစ်စီးပွားရေးစနစ်မှာလည်းမအောင်မြင်ဘဲကမ္ဘာအရပ်ရပ်၌မရှုမလှကျဆုံးနေပေပြီ။ကမ္ဘာ့ကုလသမဂ္ဂသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ဖြစ်မှု၊ပြည်တွင်းစစ်ဖြစ်မှုများကိုမတားဆီးနိုင်ဘဲလျစ်လျူရှုနေရသည်ကများသည်။သိပ္ပံပညာသည်လည်းအံ့ဘွယ်လိလိတိုးတက်လာသော်လည်း၎င်း၏အသီးအပွင့်များကိုကမ္ဘာ့လူထုကအပြည့်အ၀မခံစားရသေးချေ။ တစ်ဖက်၌လည်းသိပ္ပံပညာ၏တီထွင်မှုများကြောင့်လူနေမှုဘ၀သက်သာချောင်လည်လာသည်နှင့်အမျှအခြားတစ်ဖက်၌လည်း၊
ဓာတုလက်နက်၊ဇီဝလက်နက်စသောလက်နက်အသစ်အဆန်းများကြောင့်လူမျိုးသုဉ်းစစ်ဖြစ်မည့် အန္တရာယ်ကိုကြောက်ရွံ့ နေကြရ၏ ။
*လောက၌အကောင်းအဆိုးသည်အမြဲလိုလိုဒွန်တွဲနေတတ်၏။ဣဌာရုံကိုစွဲမက်နေသောကြောင့်လူတို့သည်ယင်းတို့၏နောက်မှမသိမသာ ထပ်ကြပ်လိုက်ပါလာသော အနိဌာရုံ အကျိုးဆက်ကို မသိမြင်ကြချေ။ ဆေးသိပ္ပံပညာ၏ တိုးတက်မှုကြောင့် လူတို့သည်ရှေးကထက်ပို၍ကျန်းမာအသက်ရှည်လာကြ၏။သို့ရာတွင်တိုးတက်မှုကိုအကြောင်းပြု၍နိုင်ငံအတော်များများ၌အဆမတန် တိုးပွားလာသော လူဦးရေပြဿနာကိုရင်ဆိုင်နေကြရသည်။အချို့ အသိပညာရှင်တို့ကလည်း ဆေးပညာသည် ကျန်းမာရေးဗီဇဓာတ်ခံညံ့ဖျင်းသူတို့အား အသက်ဆက်ပေးသောကြောင့်ကမ္ဘာပေါ်၌ သူတပါးကိုမှီခိုအားထား
နေရသောဒုက္ခိတလူနာများတစ်နေ့တစ်ခြားတိုပွားနေပါသည်ဟုဆိုကြ၏။ဆေးသိပ္ပံပညာသည်အတိုင်းမသိတိုးတက်၍တစ်နေ့သောအခါ
ကမ္ဘာပေါ်၌အိုဘေး၊နာဘေးလုံးဝပျောက်ကွယ်၍သေခြင်းတရားကိုမလွန်ဆန်နိုင်သည့်
တိုင် နှစ်ပေါင်း၁၂၀အထိအသက်ရှည်သည်ဆိုပါစို့။ထို့သို့သောလူ့လောက၌ကြောက်ခမန်းလိလိ လူဦးရေတိုးပွား၍ပိုမိုဆိုးရွားသောဆင်းရဲဒုက္ခအမျိုးမျိုးကြုံတွေ့ရမည်အမှန်ဖြစ်၏။အိုခြင်း၊နာခြင်း၊သေခြင်းလုံးဝကင်းသောလူတို့သည်ချမ်းသာ
သုခရရှိလိမ့်မည်ဟူ၍လည်းမည်သူမျှအသေအချာမပြောဆိုနိုင်ချေ။အဘယ်ကြောင့်ဆိုသော်လူတို့နေ့စဉ်သွားလာလုပ်ကိုင်မှု၏ အဓိကအကြောင်းတစ်ရပ်မှာအိုနာသေဘေးမှ ကာကွယ်ရန်ဖြစ်ပေရာ ထိုအကြောင်းတရားမရှိသောအခါ၌ အလုပ်လုပ်လိုသောဆန္ဒနည်းပါး၍ ပျင်းရိငြီးငွေ့လာမည်မုချဖြစ်သည်။
*ဘ၀ကိုငြီးငွေ့မှုသည် ကမ္ဘာပေါ်၌ မတောင့်မတာ မကြောင့်မကြနေကြရသော အနည်းငယ်လေသော လူတစ်စုကြုံတွေ့ ရသော ဆင်းရဲဒုက္ခတစ်မျိုးဖြစ်သည်။သူတို့၏ ဘ၀ငြီးငွေ့မှုမှာ ဘုရားအလောင်း၏အသိပညာဥာဏ်နှင့်ယှဉ်သော ငြီးငွေ့မှုမဟုတ်သောကြောင့် မကောင်းသော. အထူးသဖြင့်မိမိကိုယ်ကိုဖျက်ဆီးမှုအကျိုးဆက်များ ပေါ်ပေါက်လာစမြဲဖြစ်သည်။သို့ဖြစ်၍ ယနေ့ကြီးပွားချမ်းသာနေသော အနောက်နိုင်ငံများ၌ မူးယစ်ဆေးဝါးမှီဝဲသူ၊ကာမဖောက်ပြန်သူ၊
စိတ္တဇရောဂါစွဲကပ်သူနှင့် မိမိကိုယ်မိမိသတ်သေသောသူများတွင် ဘ၀ပြည့်စုံသောကြောင့် ပျင်းရိငြီးငွေ့နေသော ပုဂ္ဂိုလ်အတော်များများ ပါဝင်ကြောင်း သိရှိရ၏။
*ဘ၀ကိုငြီးငွေ့သော လူတို့၏ ပြည့်စုံမှုသည် ရုပ်တရားပြည့်စုံမှုသာလျှင်ဖြစ်၍ နာမ်တရားဘက်ကလည်း ပြည့်စုံလျှင် ပျင်းရိငြီးငွေ့ခြင်း ဖြစ်မည်မဟုတ်ဟု အချို့ လူများကဆိုကြပေလိမ့်မည်။ သို့ရာတွင် လူသည် အသိတရား တိုးပွားလာလေ လောက၌ မပျော်မွေ့ပဲ စိတ်ပျက်ငြီးငွေ့လာလေဖြစ်တတ်၏။ ဘာမျှမသိမတတ်သောကလေးသည် အပျော်ရွှင်ဆုံးဖြစ်၏။ ယောက်ျားသည် အများအားဖြင့် မိန်းမထက်စိတ်ဓာတ်ရင့်ကျက်မှု၊ နိုင်ငံရေး လူမှုရေးကိစ္စရပ်များ၌ စိတ်ဝင်စားမှု၊ဆင်ခြင်စဉ်စား
မှုရှိ၍ မိမိကိုယ်ကိုသတ်သေသောသူများ ၊စိတ္တဇရောဂါ စွဲကပ်သောသူများတွင်ယောက်ျားဦးရေက ပိုများ၏။အသိပညာအရပ်ရပ်၌ ထူးချွန်ပြောင်မြောက်သောဥာဏ်ပညာရှင်များသည် ပတ်ဝန်းကျင် လူ့လောကနှင့် ခွင်မကျဘဲ စိတ်ပျော်ရွှင်မှု ကင်းဝေးကြ၏။ သို့ဖြစ်၍ ထိုကမ္ဘာ့ဥာဏ်ပညာရှင်များတွင် စိတ်ပုံမမှန် ဖောက်ပြန်သောသူများမှာ မနည်းလှချေ။
*လူ၏အသိတရား တိုးတက်မှုနည်းတူ ကိုယ့်ကျင့်တရား တိုးတက်မှုသည်လည်းစိတ်ဆင်းရဲမှုနှ
င့်ဆက်စပ်နေကြောင်း ဆိုင်ကိုအနယ်လစ်စ်(Psychoanalysis)စိတ်ပညာရှင် ဆစ်ဂမန်ဖရိုက်(Sigmund Freud) က သူ၏စာအုပ်များ၌ အကျယ်ပြဆိုထား၏။ သူ၏အဆိုအားဖြင့် လူသည်စိတ်ယုတ်၊စိတ်ညံ့များကိုနှိပ်ကွပ်ဆုံး၍ယဉ်ကျေးလာသော်လည်း ထိုကိလေသာစိတ်များသည် အကြွင်းမဲ့ချုပ်ငြိမ်းမသွားဘဲ မနောဝိဥာဏ်၏အောက်ပိုင်း၌ မသိစိတ်အဖြစ်ကိန်းအောင်းနေကြ၏။ ယင်းတို့သည်မနောဝိဥာဏ်၏ အပေါ်လွှာသို့ အသွင်အမျိုးမျိုးအဖြင့် တစ်ခါတစ်ရံ ပေါ်လာ၍ စိတ်ကောင်းနှင့်စိတ်ယုတ်တို့သည် ပဋိပက္ခဖြစ်ကာ လူသည်စိတ်မကျေနပ်ခြင်း၊မတည်ငြိမ်ခြင်း၊စိတ်ဆင်းရဲခြင်းစသော ဒေါမနဿ ဝေဒနာများကို ခံစားရ၏ ။ ထို့ကြောင့် စိတ်လွတ်လပ်သော လူရိုင်းများထက် စိတ်ထိန်းချုပ်ထားသော နိုင်ငံကြီးသား‘‘လူယဉ်ကျေးများ’
တွင် စိတ္တဇရောဂါ စွဲကပ်သူ ပိုမိုပေါများသည်ဟု စိတ်ပညာရှင်တို့ဆိုကြ၏ ။ စင်စစ် မနုသကယကိလေသာကိုလှုံ့ ဆော်အားပေးသော ကာမအာရုံများ လွှမ်းမိုးနေသည့်လူ့လောကသည်ကိုယ်ကျင့်တရားကိုမြတ်နိုးသောသူနှင့်မသင့်လျော်ချေ။ထို့ကြောင့် သူတော်သူမြတ်တို့သည်လူ့ဘောင်ကိုရှောင်ခွာ၍ တောထွက်ခြင်းဖြစ်ပေသည်။
*ဤသို့လူ၏တိုးတက်မှုသည် အဘက်ဘက်၌ ဆင်းရဲဒုက္ခနှင့် ဒွန်တွဲနေသောကြောင့် လောက၌ချမ်းသာသုခဟူ၍ ဧကန်စင်စစ်ရှိပါ၏လောဟု သံသယဖြစ်ဖွယ်ရှိ၏။ဂျာမန်ဒဿနကဆရာ ရိုပင်ဟွာက လောက၌ဆင်းရဲဒုက္ခသည်သည ထင်ရှားရှိ၍ ဆင်းရဲဒုက္ခကင်းငြိမ်းခြင်းသည်ပင်ချမ်းသာသုခဖြစ်သည်ဟုဆို၏ ။ဂရိပညာရှင် အီပီကုရပ်(Epicurus) က ‘‘စိတ်ချမ်းသာမှုကိုမရှာအပ်။ ဆင်းရဲဒုက္ခမှ လွတ်မြောက်မှုကို ရှာကြံအပ်၏ ။ စိတ်ပျော်ရွှင်မှုသည် ဒုက္ခနှင့် အမြဲဒွန်တွဲနေတတ်၏ ။ ’’ဟုဆို၏ ။
ကမ္ဘာကျော် ရှေးဂရိပညာရှင်အဘိဓမ္မာဆရာကြီး အရစ္စတိုတယ်(Aristotle) ကလည်း‘‘ပညာရှိသည်ချမ်းသာသုခကိုမရှာဘဲဆင်းရဲဒုက္ခမှ လွတ်မြောက်မှုကိုသာရှာ၏ ။’’ဟုရေးသားခဲ့သည်။
*ထိုအသိပညာရှင်တို့၏ ထင်မြင်ချက်များမှာ မှားသည်ဟုတ်မဆိုနိုင်ချေ။ ကမ္ဘာ့လူသားအားလုံးတောင့်တသောချ
မ်းသာသုခ သည်ကျန်းမာမှုဖြစ်၍ကျန်းမာမှုသည် အနာရောဂါကင်းမှုအဖြစ်ဖြင့်သာလျှင် ထင်ရှားသည်မဟုတ်ပါလော။ဗုဒ္ဓ၀ါဒီတို့အဖို့ အမြတ်ဆုံးသုခဖြစ်သော နိဗ္ဗာန်သည် ကိလေသာ တရားအားလုံးဆိတ်သုဉ်းမှု၊ဆင်းရဲဒုက္ခအားလုံး ချုပ်ငြိမ်းမှုဖြစ်ကြောင်း ပိဋကတ်စာပေ၌ပြဆိုထားခြင်းကိုလည်းကျွန်ုပ်တို့ အထူးသတိပြုသင့်ပေ၏ ။စင်စစ်လူတို့သိသိမှတ်မှတ်မျှော်မှန်းသောအရာသည် ချမ်းသာသုခမဟုတ်ဘဲ အလိုဆန္ဒပြည့်ဝမှုဖြစ်၏ ။ ချမ်းသာသုခသည် အလိုဆန္ဒပြည့်ဝမှုနှင့် ယှဉ်၍ဖြစ်ပေါ်သော
ဝေဒနာစေတသိတ်ဖြစ်၍ ယင်းကိုတမင်သက်သက်ရှာကြံပါက အချည်းအနှီးဖြစ်တတ်၏ ။ ကာမချမ်းသာကို မက်မော၍ အစားကြူး၊ကာမကြူးသောသူသည် တင်းတိမ်ရောင့်ရဲမှုမရှိဘဲစိတ်ဆင်းရဲရတတ်၏ ။ မိမိစိတ်ချမ်းသာမှုအတွက် အိမ်ထောင်ပြုသောသူသည် အိမ်ထောင်ရေးပြဿနာများကိုရင်ဆိုင်ရသောအခါ ခံနိုင်ရည်မရှိဘဲစိတ်မချမ်းမသာဖြစ်ရမည်အမှန်ဖြစ်၏ ။ ချမ်းသာသုခကိုမစဉ်းစားဘဲ ဤလူဘုံသည် ဒုက္ခဘုံဖြစ်သည်ဟု သိမှတ်ထားသည့် ပုဂ္ဂိုလ်သည်သာလျှင် ဘ၀ခရီးလမ်း၏ အခက်အခဲ
များကို ကြံ့ကြံ့ခံနိုင်သော နှလုံးရည်ရှိပေလိမ့်မည်။
*ပုထုစဉ်လူသားတို့ စိတ်ဆင်းရဲခြင်းသည် အချုပ်အားဖြင့်ဆိုသော် အလိုဆန္ဒမပြည့်မှုကြောင့်ဖြစ်၏ ။ အလိုဆန္ဒတစ်ခုပြည့်၍ ရရှိလာသောနှစ်သိမ့်ကျေနပ်မှုသည် မမြဲသောအနိစ္စတရားဖြစ်ရကားအလိုဆန္ဒတစ်ခြု
ပည့်သောအခါ နောက်တစ်ခုပေါ်လာစမြဲဖြစ်၏ ။ ထူးထွေများပြားသော အလိုဆန္ဒအားလုံးပြည့်ရန်မှာမလည်း မဖြစ်နိုင်ချေ။ ထို့အပြင်လူတို့သည်စိတ်ဓာတ်စရိုက်၊အသိအမြင်၊ပတ်ဝန်းကျင်စသည်တို့မတူသောကြောင့် အလိုဆန္ဒများ ကွဲပြားဆန့်ကျင်နေတတ်၏ ။ သို့ဖြင့် လူတစ်ဦးကောင်းစားလျှင် အခြားလူ တစ်ဦးမှာနစ်နာဆုံးရှူံးရ၏ ။ကမ္ဘာ့သမိုင်းတစ်လျှောက်၌ အာဏာရှင်တစ်ဦးတည်မြဲရန်အတွက်လူအမြောက်အများ ဘေးဒုက္ခအမျိုးမျိုးကြုံတွေ့သော သာဓကများမနည်းလှချေ။(ဤနေရာတွင်ကျနော်အနည်းငယ်တင်ပြလိုသည်။ ဆရာကြီးဆိုလိုသော အခြေအနေမှာလူတိုင်းမဖြစ်နိုင်ချေ။၎င်းအာဏာရှင်မှာ ဆိုဝါးသော အဒေါ့ဖ်ဟစ်တလာကဲ့သို့သူသာ
ဖြစ်နိုင်ချေရှိ၏ ။ ‘‘လူတစ်ဦးကောင်းစားလျှင် အခြားလူ တစ်ဦးမှာနစ်နာဆုံးရှူံးရ၏’’ဟူသောအဆိုမှာလည်း အခြေအနေအချို့ အတွက်သာဖြစ်နိုင်၏ ။ပင်လယ်ရေသည်ကားတစ်ဦးတစ်ယောက်တည်းသောက်၍မကုန်ဟူသောအဆိုကားရှိသေး၏ ။အခြေအနေအားလုံးအား ဤအချက်တစ်ခုတည်းဖြင့်သာမဆုံးဖြတ်နိုင်ချေ။)
*အမှန်ဆိုသော် လူဦးရေအမြဲတိုးပွား၍ တဏှာလောဘ လွှမ်းနေသော ဤကမ္ဘာလောက၌ ထာဝရသာယာငြိမ်းချမ်းမှုကို ဘယ်သောအခါမျှ မမျှော်လင့်နိုင်ချေ။ လူတိုင်းအလိုဆန္ဒပြည့်ဝမှု၊သာယာငြိမ်းချမ်းမှုကိုရရှိနိုင်သည်ဆိုစေ ထိုအခါ၌ ဆက်လက်တိုးတက်မှုရှိ၊မရှိ အပထား၍ ပျင်းရိငြီးငွေ့ မှုဒုက္ခကိုလူတိုင်းရင်ဆိုင်ရမည်မှာ မုချဖြစ်၏ ။ လောက၌ပျင်းရိငြီးငွေ့ သူတို့သည် ဆင်းရဲချို့ တဲ့သော သူများမဟုတ်ဘဲ အစစအရာရာ ပြည့်စုံ၍ အလုပ်မလုပ်ရသော သူဌေးသူကြွယ်များဖြစ်၏ ။ လူသည် အငြိမ်မနေပဲ စိတ်ရောကိုယ်ပါအမြဲဗျာပါများနေရမှကျေနပ်ရ၏ ။
*အခါတစ်ပါးက နိဂဏ္ဍတို့က ဗုဒ္ဓသည် ဗိမ္ဗိသာရမင်းလောက် ချမ်းသာစွာမနေရဟုဆိုကြ၏ ။ ဗုဒ္ဓက‘‘သင်တို့သည် မည်သို့ထင်ကြကုန်သနည်း ။ ဗိမ္ဗိသာရမင်းသည်ကိုယ်မလှုပ်ရှားဘဲ၊နှုတ်မှလည်း ဘာမှမပြောဘဲခုနစ်ရက်ပတ်လုံး ချမ်းသာစွာနေနိုင်ပါမည်လော’’ ဟုမေး၏ ။ ခုနစ်ရက်မဆိုထားဘိ၊ တစ်ရက်မျှပင်နေနိုင်မည်မဟုတ်ပါ
ဟု နိဂဏ္ဍတို့ဆိုကြ၏ ။ထိုအခါဗုဒ္ဓသည် ‘‘ ငါသည်ကိုယ်မလှုပ်ရှား၊စကားမပြောဘဲ ခုနစ်ရက်ပတ်လုံး ချမ်းသာခံစား၍ နေနိုင်သည်။ သို့ဖြစ်၍မည်သူက ပို၍ချမ်းသာစွာနေရသနည်း’’ဟုမေး၏ ။ နိဂဏ္ဍတို့က ဗုဒ္ဓက
ပို၍ချမ်းသာစွာနေရပါသည် ဟုဝန်ခံကြ၏ ။(မဇ္ဈိမနိကာယ်၊စူဠဒုက္ခန္ဓသုတ်)
*ဗုဒ္ဓသည် လူ့ဘ၀၏ ဆင်းရဲဒုက္ခများကို လေးလေးနက်နက်ဟောကြားခဲ့သောကြောင့် အချို့အနောက်တိုင်သားများက ဗုဒ္ဓ၀ါဒမှာ လူ့လောက၏ အဆင်မပြေမှု စိတ်ပျက်ဖွယ်ကောင်းမှု့
များကို ပုံကြီးချဲ့ ကာတစ်ဖက်သတ် အဆိုးမြင်ရှူမြင်သော ၀ါဒဖြစ်သည် ဟု ပြောဆိုရေးသားကြ၏ ။ သို့ရာတွင် လူ့လောက၊လူ့ဘ၀၏အခြေအနေများကို ယထာဘူတာကျကျ လေ့လာဆင်ခြင်သုံးသပ်သော ပညာရှင်အားလုံးသည် ဒုက္ခတရားကိုသာသိမြင်ကြမည်သာဖြစ်၏ ။ ဤနေရာ၌ အမေရိကန် ဒဿနိက စိတ်ပညာရှင် ၀ီလျံဂျိမ်းစ် (William James)၏ထင်မြင်ချက်ကိုဖော်ပြပါမည်။
‘‘ ဤလောက၌ စိတ်အပျော်ရွှင်ဆုံးလူသားများကိုကြည့်ပါကလူဆယ်ဦးအနက် ကိုးဦးမှာ စိတ်အလိုမပြည့်မှုတစ်ခုရှိသည်ကိုတွေ့ရ၏ ။လူတစ်ဦး၏အောင်မြင်မှုသည်မျှော်မှန်းချက်နှင့်ကွာဟနေပေမည်။ သို့တည်းမဟုတ် အခြားလူများမသိသော မျှော်မှန်းချက်တစ်ခုခုရှိနေ၍ ထိုမျှော်မှန်းချက်ကိုအကောင်အထည်ပေါ်ရန် သူမမျှော်လင့်နိုင်ကြောင်းသူသိပေမည်။ ဂိုထေး
[(Goethe)(ဂျာမာန်စာပေ သိပ္ပံပညာရှင် "Johann Wolfgang von Goethe"Theory of Light-Light spectrumအားဖော်ထုတ်သူအားဆိုလိုဟန်ရှိသည် သုငယ်)]ကဲ့သို့အမြဲလိုလိုအကောင်းဘက်ကိုသာရှုတတ်သောသူပင် အသက် ၇၅နှစ်၌ မိမိဘ၀ကိုစိတ်ပျက်စကား ပြောခဲ့ပါကအခြားသာမာန်လူများမှာ အဘယ်ဆိုဖွယ်ရှိပါအံ့နည်း။’’
‘‘လူ့ဘ၀၌အကောင်းကိုသာ ရှုမြင်သေ သုခ၀ါဒ (Optimism) သည်လေးနက်ပြည့်စုံသော အဘိဓမ္မာမဟုတ်။ အဘယ့်ကြောင့်ဆိုသော် ထိုဝါဒက မျက်ကွယ်ပြုထားသောအနိဌာအာရုံတရားများသည် မုချစင်စစ်ရှိ၏ ။ ထိုအနိဌာရုံ ဒုက္ခတရားသည် လူ့ဘ၀၏ အနက်အဓိပ္ပါယ်ကိုဆောင်နေသည်။ဒုက္ခတရားသည် အနက်နဲဆုံး အမှန်တရားကို လူတို့သိမြင်အောင် မျက်စိဖွင့်ပေးသော တစ်ခုတည်းသောတရားဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သုခ၀ါဒသည် ဒုက္ခတရားနှင့် သေခြင်းတရားကိုလျစ်လျူရှုထားသောဝါဒဖြစ်၍ထိုအနိဌာရုံတရားများကို ဆင်ခြင်သုံးသပ်သော ၀ါဒများလောက်လေးနက်ပြည့်စုံခြင်းမရှိချေ။ သို့ဖြစ်၍ အလေးနက်ဆုံး အပြည့်စုံဆုံးသောဘာသာတရားများသည် ဒုက္ခတရားကို အထူးဆင်ခြင်သုံးသပ်ထားသော ဘာသာ
တရားများဖြစ်ပေသည်။’’(William James- The Varieties of Religious Experience)Page-119
*စင်စစ် ကမ္ဘာ့ဘာသာဝါဒကြီးများပေါ်ထွက်လာခြင်းသည် ပဓာနအားဖြင့် လူ့ဘ၀ကို လူတို့ကျေနပ်နှစ်သိမ့် ကျေနပ်မှုပြည့်ပြည့်၀၀ မရှိသောကြောင့်ဖြစ်သည်။ ဗုဒ္ဓဓမ္မ၏ ၀ိသေသလက္ခဏာများမှာ အခြားဘာသားတရားများကဲ့သို့ ဆင်းရဲဒုက္ခချုပ်ငြိမ်းမှုအတွက် တမလွန်လောက၊ဘုံဌာနကို ညွှန်ပြခြင်းမပြုဘဲ မျက်မှောက်ဘ၀၌ ဆင်းရဲဒုက္ခများမှ လွတ်မြောက်မှုကိုဟောပြောခြင်းဖြစ်၏ ။ ထို့သို့အထူးလေးနက်စွာ ဟောပြောခြင်းမှာ ပုထုဇဉ်လူသားတို့သည် ကာမ၀ဲသြဃ၌ နစ်မွန်း၍ ဒုက္ခတရားကိုမသိမြင်ပဲ အ၀ိဇ္ဇာဖုံးလွှမ်းနေသောကြောင့်ဖြစ်သည်။ ဥပမာ လူနာသည်မိမိအနာရောဂါ၏ ကြောက်မက်ဖွယ်ကောင်းပုံကို အမှန်အတိုင်းသိရှိရန်လိုအပ်၏ ။ထိုသို့မရှိပါက အနာရောဂါကို ထိထိရောက်ရောက် ကုသလိုမည်မဟုတ်ချေ။
*အကယ်၍လူနာသည် ရောဂါပျောက်ကင်းရန်မျှော်လင့်ချက်လုံးဝမရှိပါက သို့တည်းမဟုတ်ဆေးသမားသည်ရောဂါကုသရန်နည်းလမ်းကို မညွှန်ပြနိုင်ဘဲရောဂါအကြောင်းချည်းပြောနေပါကလူနာဘ၀သည်စိတ်ပျက်ဖွယ်ရာဖြစ်၍ ဆေးသမားစကားသည် စိတ်ပျက်ဖွယ်ရာစကားသာဖြစ်ရပေမည်။ အကယ်၍ ဆေးသမားသည်ရောဂါကုသနိုင်စွမ်းရှိ၍လူနာအဖို့မျှော်လင့်ချက်ရှိနေပါမူကား ရောဂါ၏ဆိုးရွားပုံကိုပြောပြသောဆေးသမားအား ကျွှန်ုပ်တို့အဘယ်မှာ အပြစ်တင်နိုင်ပါအံ့။ ထို့အတူကျွန်ုပ်တို့သည် သံသရာဝဋ်ဆင်းရဲကိုဖော်ပြ၍ ထိုဝဋ်ဆင်းရဲမှ လွတ်မြောက်ဖို့ရန်လမ်းညွှန်ပြသော ဗုဒ္ဓ၀ါဒကိုစိတ်ပျက်ဖွယ်ရာ ဒုက္ခ၀ါဒ(Pessimism)ဖြစ်သည်ဟုမဆိုနိုင်ချေ။
*ဒုက္ခ၀ါဒကို ယုံကြည်သောအနောက်တိုင်းနိုင်ငံသားများတွင်အချို့ မှာဗုဒ္ဓစာပေကိုဖတ်ရှု၍အသိအမြင်ပြောင်းလဲလာကြ၏ ။အချို့ မှာမူ ဗုဒ္ဓတရားနှင့်ထိတွေ့မှုမရှိသောကြောင့် ဒုက္ခမှလွတ်မြောက်ကြောင်းလမ်းကြောင်းများကိုမသိမြင်ကြချေ။ ဗိုင်ရွန်(Byron) ၊ရှယ်လီ(Shelley) ၊ လီအိုပါဒီ (Leopardi) အစရှိသော ဒုက္ခ၀ါဒီတို့၏စာပေသည် လူဘ၀၏အနှစ်သာရကင်းမဲ့မှုကိုသာဖော်ပြ၍ အားပေးနှစ်သိမ့်မှုနှင့်မျှော်လင့်မှုကင်းမဲ့၏ ။ သူတို့အမြင်အားဖြင့် လူသည်သေသောအခါမှသာဆင်းရဲဒုက္ခမှ ကျွတ်လွတ်မည်ဖြစ်၏ ။ သို့ဖြစ်၍ အချို့ အနောက်တိုင်းဒုက္ခ၀ါဒီတို့သည်သေခြင်းတရားကိုချီးကျူးကြ၏ ။
*ဗုဒ္ဓ၀ါဒသည်ထိုဒုက္ခ၀ါဒနှင့်ဆန့်ကျင်ဘက်ဖြစ်၍သေသည်၏အခြားမဲ့၌သာလျှင်ဆင်းရဲဒုက္ခချုပ်ငြိမ်းသည်ဆိုသော အယူကိုလက်မခံ။ ဗုဒ္ဓ၀ါဒီရဟန်းသည် သူတစ်ပါးအားသတ်သေချင်သောစိတ်ဖြစ်ပေါ်လာစေရန် အားပေးလှုံ့ဆော်ကမျှဖြင့်ပင် ကြီးလေးသောအပြစ်ရှိကြောင်း ၀ိနည်းပိဋကတ်၌ပြဆိုထား၏ ။ ဗုဒ္ဓလမ်းစဉ်၏ပန်းတိုင်ဖြစ်သော ဆင်းရဲဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်သည်မသေမီမျက်မှောက်ပြုရမည့်တရားဖြစ်၏ ။ ထို့ကြောင့် ဗုဒ္ဓ၀ါဒသည် ဘ၀ကိုအရှုံးမပေးဘဲ ဒုက္ခမှအစွမ်းကုန်လွတ်မြောက်ရန် ကြိုးစားမှုကိုအထူးအားပေး၏ ။
‘‘ဤသာသနာ၌ ရဟန်းသည်အားထုတ်အပ်သော ၀ီရိယသည်ရှိသည်ဖြစ်၍နေ၏ ။ ထိုရဟန်းသည်စင်စစ် အရိုး ၊ အရေသည်သာကြွင်းသည်ဖြစ်စေကိုယ်အသွေးအသားတို့သည်ခြောက်ကပ်သည်ဖြစ်စေ ၊ အကြင်အရဟတ္တဖိုလ်ကို ယောက်ျားတို့၏အစွမ်းဖြင့် ၀ီရိယဖြစ်ရအပ်၏ ။ ထိုအရဟတ္တဖိုလ်ကိုမရဘဲ ၀ီရိယကိုမလျှော့အပ်။’’(သံယုတ္တနိကာယ်၊ဘိက္ခုသံယုတ်၊ဥဘောထေရသုတ်)
*ဗုဒ္ဓ၏ စိတ်အေးငြိမ်းချမ်းသာမှုကို ‘ဗုဒ္ဓ’ အခန်း၌ ဖော်ပြခဲ့ပြီးဖြစ်သည်။ ထေရဂါထာ၊ ထေရီဂါထာ ပါဠိတော်များကိုလေ့လာပါက ဗုဒ္ဓတရားကို ကျင့်ကြံအားထုတ်၍ ရရှိအပ်သော ရှေးအိန္ဒိယအမျိုးသား ၊ အမျိုးသမီး သူတော်စင်တို့၏ ငြိမ်းချမ်းသာယာသော ဘ၀ကို ကျွန်ုပ်တို့ တစ်စွန်းတစ်စ သိမြင်နိုင်၏ ။ ထိုရဟန္တာပုဂ္ဂိုလ်များကိုထားဘိဦး ။ ဗုဒ္ဓ၏ ရိုးရိုးတပည့် ရဟန်းတို့သည်လည်းဗုဒ္ဓတရားဖြင့် စိတ်ချမ်းသာမှုရရှိသူများဖြစ်ကြ၏ ။ ဤအချက်သည် ပသေနဒီကောသလမင်းကြီး၏ စကားဖြင့်ထင်ရှားသည်။ ကောသလမင်းသည် ဗုဒ္ဓအားနောက်ဆုံးအကြိမ်းဖူးမြော်စဉ်က‘‘အရှင်ဘုရား ၊သာကီဝင်ရဟန်းတို့သည် အခြားဘာသာအယူရှိသောရဟန်းတို့နှင့် စာသော် ရုပ်ဆင်းသဏ္ဍာန်ကြည်လင်၍ပူပင်ကြောင့်ကြမှုစိုးစဉ်းမျှမရှိဘဲ ပကတိ စိတ်တည်ငြိမ်ချမ်းမြေ့သောအသွင်ကိုဆောင်လျက်ရှိကြပါသည် ။ ဤသို့စိတ်ချမ်းမြေ့ကြခြင်းသည် အရှင်ဘုရား၏ တရားတောင်ကြောင့်ဖြစ်ပါလိမ့်မည် ’’ဟုလျှောက်ထား၏ ။(မဇ္ဈိမနိကာယ်၊ဓမ္မစေတီယသုတ်)















Read More...

ဗုဒ္ဓ၏ဆင်ခြင်ဖွယ်မှတ်သားဖွယ် မိန့်ကြားချက်များ

Published by roman under on 6:16 AM

ဤနေရာတွင် ဆရာကြီးဦးအေးမောင်၏ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒစာအုပ် နောက်ပိုင်းမှ ဆရာကြီးနှစ်သက်သောဗုဒ္ဓ၏လေ့လာဆင်ခြင်ဖွယ်မိန့်ကြားချက်များကိုသီးသန့်ကောက်နှုတ်ဖော်ပြထားသည်ကို သီးသန့်တင်ပြလိုသည်။
ဗုဒ္ဓ၏ဆင်ခြင်ဖွယ်မှတ်သားဖွယ် မိန့်ကြားချက်များ
၁။ ‘‘တရားကိုမြင်သောသူသည် ငါဘုရားကိုမြင်သည်မည်၏။ ငါဘုရားကိုမြင်သောသူသည် တရားကိုမြင်သည်မည်၏။ ’’ (သံယုတ်နိကယ်၊ခန္ဓသံယုတ်၊၀က္ကလိသုတ်)
၂။ ‘‘ငါဘုရားသည် တန်ခိုးပြဋိဟာပြရန် ၀န်လေး၏ ။ ရှက်၏ ။ စက်ဆုပ်၏ ။ ’’ (ဒီဃနိကယ်၊ကေ၀ဋသုတ်)
၃။ ‘‘သင်တို့သည် ကိုယ်တိုင်အားထုတ်ကြကုန်လော့ ၊ ဘုရားရှင်တို့သည် လမ်းမှန်ကို ညွှန်ပြရုံမျှသာဖြစ်၏ ။ ’’ (ခုဒ္ဒနိကာယ်၊ဓမ္မပဒ-၂၇၆)

၎။ ‘‘ရဟန်းတို့၊ သင်တို့သည် သူတစ်ပါးက ဗုဒ္ဓဓမ္မနှင့် သံဃာကို ကဲ့ရဲ့ စကား၊သို့မဟုတ် ချီးမွမ်းစကားပြောလျှင် နှလုံးမသာမယာခြင်း သို့မဟုတ်
စိတ်တက်ကြွခြင်းမဖြစ်ပဲ အကြောင်းအကျိုး၊အကောင်းအဆိုးသိရှိရန် အားထုတ်ကြကုန်ရာ၏ ။’’ (ဒီဃနိကယ်၊ ဗြဟ္မဇာလသုတ်)
၅။ ‘‘ကောင်းစွာယုံကြည်မှု၊နှစ်သက်မှု၊တစ်ဆင့်ကြားနာမှုနှင့် ကြံစည်ဆင်ခြင်မှုဖြင့် လက်ခံထားသော အယူသည် မျက်မှောက်ဘ၀၌ပင်
မှန်သည်လည်းရှိ၏ ။မှားသည်လည်းရှိ၏ ။ထို့ကြောင့် ဤအယူသည်သာမှန်သည်။ အခြားအယူသည်အချည်းအနှီးသာတည်းမဆုံးဖြတ်သင့်။’’
(မဇ္ဈိမနိကာယ်၊စင်္ကီသုတ်)
၆။ ‘‘ဒုက္ခသည်သာလည်းကောင်း၊ ဒုက္ခ၏အစသည်လည်းကောင်း၊ဒုက္ခ၏အဆုံးသည်လည်းကောင်း၊ဒုက္ခချုပ်ငြိမ်းရာ အကျင့်သည်လည်းကောင်း
ဤခန္ဓာကိုယ်၌သာလျှင်ရှိ၏ ။’’ (သံယုတ်နိကာယ်၊ရောဟိတဿသုတ်)
၇။ ‘‘သတ္တ၀ါသည် သေပြီးသည်နောက်၌ ရှိသည်ဟူ၍လည်းကောင်း ၊မရှိဟူ၍လည်းကောင်း ငါဘုရားမဟော။အဘယ့်ကြောင့်ဆိုသော ထိုတရားများသည်
နိဗ္ဗာန်ရောက်ကြောင်းတရားများမဟုတ် ။ ’’ (ဒီဃနီကာယ်၊ပေါဌပါဒသုတ်)
၈။ ‘‘လောက၌ခံစားရသော ချမ်းသာသုခ၊ဆင်းရဲဒုက္ခ ဝေဒနာများတွင် အချို့ ဝေဒနာများသည် သူတပါး၏လုံ့လပယောဂကြောင့်ဖြစ်၍ အချို့ ဝေဒနာများသည်ရှေးကံ၏အကျိုးဆက်ကြောင့်ဖြစ်၏ ။’’ (သံယုတ်နိကာယ်သုတ်၊ သီဝကသုတ်)
၉။ ‘‘အကြင်ရဟန်းသည် စိတ်မနှစ်သက်ဖွယ် ကြုံတွေ့သောအခါ၌သာလျှင် ထိုရဟန်းသည် နူးညံ့သိမ်မွေ့သောသူ ဟုတ်၊မဟုတ်သိအပ်၏ ။ပစ္စည်းလေးပါးပြည့်စုံနေသောအခါ၌ ထို့သို့ဆုံးဖြတ်၍ မရအပ်။’’ (မဇ္ဈိမနိကာယ်၊ကကစူပမသုတ်)
၁၀။ ‘‘အကြင်သူသည် မိမိ၏အပြစ်ကိုမြင်၍ အပြစ်အားလျော်စွာ ကုစား၏ ။နောင်အခါ၌လည်း ထိုအပြစ်ကိုထပ်မံမကျူးလွန်မိရန် စောင့်စည်းရာ၏ ။
ဤသည်ကား ဘုရားအစရှိသောသူတောင်ကောင်းတို့၏ အဆုံးအမ၌ ထိုသူ၏ကြီးပွားကြောင်းဖြစ်၏ ။ ’’ (သံယုတ်နိကာယ်၊သုသိမသုတ်)
၁၁။ ‘‘အတိတ်ကာလက ဖြစ်ပျက်ခဲ့သော တရားစုသည် ချုပ်ပျောက်ကြလေးပြီ ။အနာဂတ်တရားစုသည်လည်း မရောက်လာသေးချေ ။
သို့ဖြစ်၍အတိတ်ကိုအောက်မေ့စွဲလန်းခြင်း၊အနာဂတ်ကိုတောင့်တစွဲလမ်းခြင်းမပြုရာ ။’’(မဇ္ဈိမနိကာယ်၊ဘဒ္ဒေကရတ္တသုတ်)
၁၂။ ‘‘အကြင်သူသည် သူတစ်ပါးကျေးဇူးကို ချေဖျက်တတ်၏ ။ သူတစ်ပါး၏ကြွေးမြီကိုမပေးဆပ် ။အိုမင်းသောမိဘများကို ကျွေးမွေးပြုစုနိုင်စွမ်းရှိပါလျှက်မပြုစု ။မိမိကိုယ်ကိုချီးမြှောက်၍သူတစ်ပါးကိုရှုတ်ချ၏...ထိုသူသည် သူယုတ်မာဖြစ်၏ ။’’ (သုတ္တနိပါတ်၊၀သလသုတ်)
၁၃။ ‘‘သိမှုဝိဇ္ဇာသည် ကုသိုလ်တရားတို့၏ ရှေ့ သွားဖြစ်၍ ရှက်ကြောက်မှုသည်နောက်လိုက်ဖြစ်၏ ။ကုသိုလ်တရားအားလုံးသည် မမေ့မလျော့မှု အပ္ပမာဒတရားလျှင်အခြေခံရှိ၏ ။’’ (အင်္ဂုတ္တရနိကာယ်၊စတုက္ကနိပါတ်-အပ္ပမာဒသုတ်နှင့်ဒသကနိပါတ်-၀ိဇ္ဇာသုတ်)
၁၄။ ‘‘ဗာဟိယ၊သင်သည်မြင်ရာ ၊ကြားရာ၊သိရာ၌ မြင်ကာမျှ၊ကြားကာမျှ၊သိကာမျှကျင့်အပ်၏ ။ဤသို့ကျင့်ပါက သင်သည်ရာဂမဖြစ် ။
တွေဝေမှုမဖြစ်။မျက်မှောက်ဘ၀တမလွန်ဘ၀၌မဖြစ်ဘဲဒုက္ခချုပ်ငြိမ်းလတ္တံ့ ။ ’’ (ဥဒါန်းပါဠိတော်၊ဗာဟိယသုတ်)
၁၅။ ‘‘ကောသလမင်းသည် သာကေတမြိ့ သွားရာ၌ ရထားခုနစ်စီးကို အဆင်ဆင့်စီးသွားရသကဲ့သို့ ၀ိသုဒ္ဓိခုနစ်ပါးနှင့်ပြည့်စုံစေရန် အားထုတ်ရာ၌
သီလစင်ကြယ်မှုသည် စိတ်စင်ကြယ်မှုအတွက် အထောက်အပံ့ (အဆင့်တစ်ခု)မျှသာဖြစ်၏ ။ ’’(မဇ္ဈိမနိကာယ်၊ရထ၀ီနိတသုတ်)
၁၆။ ‘‘မြစ်ကို ဖောင်ဖြင့်ဖြတ်ကူးသောသူသည် တစ်ဖက်ကမ်းသို့ရောက်သောအခါ ဖောင်ကိုစွန့်ပစ်သကဲ့သို့ သင်တို့သည် သီလ၊သမထ၊၀ိပဿနာတရားတို့၌သော်လည်းဆန္ဒရာဂကိုစွန့်ရာ၏ ။ ’’ (မဇ္ဈိမနိကာယ်၊အလဂဒ္ဒူပမသုတ်)
၁၇။ ‘‘ငါသည် သူ့ ထက်မြတ်သည်‘ ၊ငါသည်သူနှင့်တူသည် ၊သို့မဟုတ် ငါသည်သူ့ အောက်ယုတ်သည်‘ ဟူသောမာန၃မျိုးကိုပါယ်ရန် အရိယာမဂ်ကိုပွားများရာ၏ ။ ’’(သယုံနိကာယ်၊စုန္ဒသုတ်)
၁၈။ ‘‘အာနန္ဒာ၊ပရိနိဗ္ဗာန်ပြုသော သာရိပုတ္တရာသည် သင်၏သီလ၊သမာဓိ၊ပညာစသည်တို့ကိုယူ၍ နိဗ္ဗာန်ပြုသည်မဟုတ်၊သို့စဉ်လျက်
သင်သည် အဘယ်ကြောင့်သူ့အတွက် စိတ်ထိခိုက်မှုများစွာဖြစ်ရဘိသနည်း။ချစ်သူနှင့်ကွေကွင်းရခြင်းကိုမည်သူမျှမတားဆီးနိုင်။
ထို့ကြောင့်သူတပါးကို အားမကိုးဘဲ မိမိ ကိုယ်(တရား)ကိုအားကိုး၍နေထိုင်လော့။’’ (သံယုတ်နိကယ်၊စုန္ဒသုတ်)
၁၉။ ‘‘၀ိပဿနာတရားအားထုတ်သောပုဂ္ဂိုလ်၌လိုအပ်သော အင်္ဂါ၅ပါးသည်ကား မြတ်စွာဘုရားကိုယုံကြည်မှု သဒ္ဓါ၊ကျန်းမာခြင်းနှင့်၊
ရိုးသားပွင့်လင်းခြင်း၊၀ီရိယရှိခြင်းနှင့်ပညာရှိခြင်းတို့ဖြစ်သည်။’’ (မဇ္ဈိမနိကာယ်၊ကဏ္ဏာကတ္ထသုတ်)
၂၀။ ‘‘အကြင်ပုဂ္ဂိုလ်တစ်ဦးသည် သီလစင်ကြယ်မှုနှင့်အသိပညာဥာဏ်ရှိ၊မရှိဆုံးဖြတ်ရာ၌ စဉ်းစားဆင်ခြင်ဥာဏ်ရှိသော ပညာရှိကသာလျှင်
စူးစမ်း၍မှန်ကန်စွာဆုံးဖြတ်နိုင်၏။ထိုပညာရှိသည် ထိုပုဂ္ဂိုလ်နှင့်ကြာရှည်စွာအတူနေထိုင်၍ မကြာခဏစကားပြောခြင်း၊တရားဆွေးနွေးခြင်း
ဖြင့်သာဆုံးဖြတ်နိုင်၏။ထိုပုဂ္ဂိုလ်သည် ဘေးရန်များစွာ ကြုံတွေ့ ဖူးသောသူဖြစ်မှသာ သူ၏ဥာဏ်စွမ်းကိုသိနိုင်၏။’’
(ဥဒါန်ပါဠိတော်၊သတ္တဇဋိလသုတ်)
၂၁။ ‘‘ဟုတ်မှန်သော၊အကျိုးစီးပွားနှင့်စပ်သော၊သူတစ်ပါးနှစ်သက်သော စကားမျိုးကိုသာမြတ်စွာဘုရားသည် အခါအားလျော်စွာပြော၏ ။’’
(မဇ္ဈိမနိကာယ်၊အဘယရာဇကုမာရသုတ်)
၂၂။ ‘‘ဘုရား တရား စကားကိုများစွာပြောသော်လည်း မကျင့်ကြံသောသူသည် နွားကိုထိန်းကျောင်းပါလျက်နွားနို့အရသာ မခံစားရသော
နွားကျောင်းသားနှင့်တူ၏ ။ ဘုရား တရား စကားအနည်းသာပြောသော်လည်းကျင့်ကြံသောသူကပိုမြတ်၏ ။’’
(ခုဒ္ဒကနိကာယ်၊ဓမ္မပဒဂါထာ-၁၉)





Read More...

ဗုဒ္ဓနှင့်လောကီလူသား

Published by roman under on 9:24 PM

(ဃ) ဗုဒ္ဓနှင့်လောကီလူသား

ဗုဒ္ဓထင်ရှားရှိစဉ်က ဗုဒ္ဓကို အလွန်ကြည်ညို၍ ဆည်းကပ်ကိုးကွယ်သော်လည်း ဗုဒ္ဓတရားကို ကောင်းစွာ မသိနားမလည်သောသူ အတော်များများရှိခဲ့ပေမည်။ တစ်ခါသော် ပရိဗိုဇ်တို့က အနာထပိဏ်သူဌေးအား ဗုဒ္ဓဓမ္မအကြောင်း မေးမြန်းရာ သူဌေးကြီးက ဘုရားရှင်တို့၏ အလုံးစုံသောအယူကို မိမိမသိပါဟုဝန်ခံ၏ (အင်္ဂုတ္တရနိကာယ်- ဒသကနိပါတ်-ကိံဒိဌိကသုတ်)။ စင်စစ် သူဌေးကြီးသည် သေခါနီး မကျန်းမမာ ဖြစ်သောအခါကျမှ မဂ်ဖိုလ် နိဗ္ဗာန်တရားကို အရှင်သာရိပုတ္တရာထံမှ ကြားနာရ၏။ တရားနာပြီးသော် သူဌေးကြီးက မိမိသည် ထိုသို့သောတရားစကားကို ရှေးကမကြားနာခဲ့ရသဖြင့် ဝမ်းနည်းမိပါကြောင်းလျှောက်ထား၏။ အရှင်သာရိပုတ္တရာက ထိုတရားမျိုးကို ရဟန်းတို့သာလျှင် နားလည်နိုင်ကြောင်း မိန့်ကြားရာ သူဌေးကြီးက ပညာဥာဏ်ရင့်ကျက်သော လူပုဂ္ဂိုလ် တို့အားလည်း ဟောကြားသင့်ပါကြောင်း ပြန်လည်လျှောက်ထား၏။ (မဇ္ဈိမ နိကာယ် ၊ အနာထပိဏ္ဍိကောဝါဒသုတ်)

ဗုဒ္ဓ၏အမြင်အားဖြင့်ကျွတ်ထိုက်သော (ဝါ) ကိလေသာမြူနည်းပါး၍ အသိဥာဏ်ရင့်ကျက်သော သူများတွင် လူပုဂ္ဂိုလ်များလည်း ပါဝင်ကြောင်း ယုံမှားစရာမရှိချေ။ တစ်နည်းဆိုသော် ဗုဒ္ဓ၏ အရိယာကျင့်စဉ်၌ အဝတ်တန်ဆာ အသွင်အပြင်နှင့်အမည်ဝေါဟာရတို့မှာ အရေးမပါလှဘဲ သီလ၊ ပညာ၊ ဝီရိယ စသည် တို.သာလျှင် ပဓာနဖြစ်၏။ " လူဖြစ်စေ၊ ရဟန်းဖြစ်စေ ကောင်းမြတ်သောအကျင့်ရှိမှသာ ငါဘုရားချီးမွှမ်း၏။ အင်္ဂုတ္တရနိကာယ်၊ ဒုကနိပါတ်- မိစ္ဆာပဋိပတ္တိသုတ်)။ ရဟန်းဘဝနှင့်လူ့ဘဝတွင် မည်သည့်ဘဝက ပိုမိုကောင်းမွန်ပါသနည်းဟု ဗြဟ္မဏတစ်ဦးက မေးသော အခါ ဗုဒ္ဓက တစ်ဖက်သတ် လှေနံဓားထစ် မိမိမပြောလိုကြောင်း၊ လူပင်ဖြစ်စေ ကုသိုလ်တရား ပွားများအားထုတ်ပါက ဘဝမြင့်မြတ်ကြောင်း မိန့်ကြား၏။ (မဇ္ဈိမ နိကာယ်၊ သုဘသုတ်)



သမဏ၊ ဗြဟ္မဏ၊ ဘိက္ခုစသည်တို့မှာ စင်စစ် ဝေါဟာရ ပညတ်များသာဖြစ်ကြောင်း ရှင်းလင်းပြတ်သားသော မိန့်ကြားချက်မှာ ဓမ္မပဒ ပါဠိတော်တစ်ပုဒ်ဖြစ်၏။ " အကြင်သူသည် ကိလေသာငြိမ်း၏။ ဣနြေ္ဒကို ဆုံးမပြီးဖြစ်၏။ မဂ်လေးပါးဖြင့်မြဲ၏။ အလုံးစုံသော သတ္တဝါတို့၌ လက်နက်ပယ်ချထားပြီးဖြစ်၍ မေတ္တာဖြင့်အညီအမျှကျင့်၏။ ထိုသူသည် အဝတ်တန်ဆာ ဆင်စေကာမူ မကောင်းမှုမှ အပ ပြုသူ ဗြာဟ္မဏမည်၏။ ကိလေသာ ငြိမ်းသူ သမဏမည်၏။ ကိလေသာ ဖျက်ဆီးပြီးသူ ဘိက္ခုမည်၏" (ဓမ္မပဒ၊ဂါထာ ၁၄၂) ။ ဤပါဠိတော်ကို ကိုးကားလျက် ဥတ္တရာပါထက မည်သော ရှေးဗုဒ္ဓဝါဒီ ဂိုဏ်းက လူပုဂ္ဂိုလ်အဖြစ်ဖြင့်နိဗ္ဗာန်ရရှိနိုင်သည်ဟု ယူဆကြောင်း ကထာဝတ္ထုအဌကထာ၌ ပြဆိုထား၏။ ဗုဒ္ဓလက်ထက်က ရဟန်းမပြုဘဲ နိဗ္ဗာန်မျက်မှောက်ပြုခဲ.သော လူပုဂ္ဂိုလ်များ အကြောင်း ပိဋကတ် အထောက်အထားကို ' နိဗ္ဗာန်' အခန်း၌ ဖော်ပြပါအံ့။ (၁)

( ၁= မဟာစည်ဆရာတော်က ရှေးအဌကထာဆရာတို့အလိုအားဖြင့် သုတ္ထဘိက္ခူနှင့် ဝိနယဘိက္ခူဟူ၍ ဘိက္ခူနှစ်မျိုးရှိသည်။ သုတ္တဘိက္ခူမှာ ဗုဒ္ဓ၏အရိယာလမ်းစဉ်ကို ကျင့်သုံးသော လူနှင့်နတ်တို့ကိုလည်း ရည်ညွန်း၍ ဝိနယဘိက္ခူမှာ ဝိနည်းတရားနှင့်အညီ ကျင့်ကြံသော ရဟန်းတို့ကို ဆိုလိုသည်ဟု " အရိယာဝါသသုတ် တရားတော် " စာအုပ်၌ ရေးသားထား၏။)

မည်သို့ဖြစ်စေ ဗုဒ္ဓလက်ထက်က လူတို့သည် အားလုံးဒါနသီလ တရားများဖြင့်သာ ကျေနပ်၍ နတ်ပြည် ဗြဟ္မာပြည်ကို မျှော်မှန်းနေကြသူများ မဟုတ်ချေ။ ဘိက္ခဝေရဟန်းတို့ဟု အစချီသော သုတ္တန်ဒေသနာများကို ကြားနာသော ပရိသတ်တွင် လူတို့အတော်များများ ပါရှိမည် အမှန်ဖြစ်၏။ ထို့ကြောင့်အကယ်၍ ဥပါသကာတစ်ဦးသည် အရေးပါထင်ရှားသော သုတ္တန်များကို ရွတ်အံနေသောအခါ မိမိတို့အား ပင့်ဖိတ်ပါက ရဟန်းတို့သည် ဝါတွင်း၌ပင်ဖြစ်စေ သွားရောက်ကြားနာကြရမည်ဟု ဝိနည်းမဟာဝါ ပါဠိတော်၌လာ၏။

ထိုခေတ်က စိတ္တသူကြွယ်၊ မဟာနာမ်မင်းသား၊ မလ္လိကာမိဖုရား အစရှိသော အချို့ ဥပါသကာ ဥပါသကာမတို့သည် အချို့ ရဟန်းတို့ထက် ပို၍ ဗုဒ္ဓတရားကို ကောင်းစွာ သိမြင်နားလည်ကြ၏။ ဝိသာခါနှင့် ဓမ္မဒိန္နာထေရီတို့ ဆွေးနွေးသော တရားများ၊ မဟာနာမ်မင်းသားအား ဗုဒ္ဓဟောကြားသော တရားများမှာ အထူးလေးနက်၍ ပိဋကတ်၌ ပြဆိုထား၏။

ပရိဗိုဇ်တစ်ဦးက ဗုဒ္ဓအား " လူဖြစ်သော ဖြူသောအဝတ်ကို ဝတ်ကုန်သော၊ မြတ်သောအကျင့်ကို ကျင့်ကုန်သော သူတို့တွင် အောက်ကာမဘုံအဖို့ဖြစ်သော သံယောဇဉ်ငါးပါးကို အကြွင်းမဲ့ ပယ်ဖြတ်ခြင်းကြောင့် ဗြဟ္မာပြည်၌ ပရိနိဗ္ဗာန်ပြုလတ္တံ့သော တစ်ယောက်သော ဥပါသကာ၊ ဥပါသကာမသည် ရှိပါသလေ" ဟုမေးရာ ဗုဒ္ဓက " ငါ၏ တပည့်ယောက်ျားမိန်းမများတွင် ထိုကဲ့သို့သောသူမျိုးမှာ တစ်ရာမက၊ ငါးရာလည်းမက မြောက်မြားစွာ ရှိကြပေသည်" ဟုမိန့်ကြား၏ (မဇ္ဈိမနိကာယ်၊ မဟာဝစ္ဆဂေါတ္တသုတ်)။ ဤစကားဖြင့် ဗုဒ္ဓလက်ထက်က သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ယောက်ျားမိန်းမ အမြောက်အမြားရှိကြောင်း ထင်ရှား၏။

ဗုဒ္ဓသည် ဒါနသီလတရားများနှင့် တမလွန်ဘဝ ကောင်းစားရေး၌သာလျှင် စိတ်ဝင်စားသောလူတို့၏ အကျိုးစီးပွားကို လျစ်လျူမပြုခဲ့ချေ။ မင်္ဂလသုတ်၊ သင်္ဂါလောဝါဒသုတ်ကဲ့သို့ လောကီကြီးပွားချမ်းသာရေး အတွက် လူတို့အား ဟောကြားထားသော သုတ္တန်ဒေသနာ အတော်များများရှိ၏။ ဗုဒ္ဓဟောသော လူ့ကျင့်ဝတ်များ၏ ဝိသေသလက္ခဏာများမှာ ပုဂ္ဂလိက လွတ်လပ်ရေးကို လေးစားမှု၊ အချင်းချင်းကူညီမှု၊ ကျေးဇူးသိတတ်မှု စသည်တို့ဖြစ်၏။ ဗုဒ္ဓ၏ လူနေမှုစနစ်သည် မိဘ၊ သို့မဟုတ် လင်ယောက်ျား၊ သို့မဟုတ်ဆရာဖြစ်သူက ဆိုင်ရာ သားသမီး၊ ဇနီးမယားနှင့်တပည့်များအား ဖိနှိပ်ချုပ်ချယ်မှု၊ အမိန့်ပေးမှုများမှ ကင်း၏။ ပါဠိပိဋကတ်ကို နှံ့နှံ့ စပ်စပ် လေ့လာခဲ့သော အချို့ အနောက်နိုင်ငံ ပညာရှင်တို့၏ အဆိုအားဖြင့်မူ မျက်စိမှိတ် အမိန့်နာခံမှု အနက်အဓိပ္ပာယ်ဆောင်သော ပါဠိစကားမရှိချေ။

အင်္ဂုတ္တရနိကာယ်၌ လက်နက်၊ လူသတ္တဝါ၊ အမဲတိရစ္ဆာန်၊ သေအရက်နှင့်အဆိပ်ကို ဥပါသကာတို့ရောင်းဝယ်ကုန်သွယ်ခြင်း မပြုအပ်ကြောင်း ဗုဒ္ဓဟောကြားထား၏ (အင်္ဂုတ္တရနိကာယ်၊ ပဉ္စနိပါတ်- ဝါဏိဇ္ဇသုတ်)။ ဤဒေသနာမှာ လက်နက် မူးယစ်ဆေးဝါး အကြီးအကျယ် ထုတ်လုပ်ရောင်းဝယ်မှုကြောင့် စိုးရိမ်ပူပန်နေကြရသော ယနေ့ကမ္ဘာ့လူသားတို့နှင့်အထူးသက်ဆိုင်သော ဒေသနာဖြစ်၏။ ဤဒေသနာအရ ဗုဒ္ဒသည် သည် ကမ္ဘာ့ သမိုင်း၌ ငွေဝယ်ကျွန်စနစ်ကို ရှေးဦးပထမဆန့်ကျင်ခဲ့သော ပုဂ္ဂိုလ်ဖြစ်သည်ဟု ယူဆဖွယ်ရှိ၏။ ဗုဒ္ဓနှင်. ခေတ်ကာလနီးစပ်သော နာမည်ကျော် ဂရိပညာရှင်ကြီး အလေတိုသည် ငွေဝယ်ကျွန်စနစ်ကို အပြစ်မမြင်ခဲ.ချေ။

လူသိနည်းသော်လည်း ဥပါသကာများအတွက် ဗုဒ္ဓ အထူးဟောခဲ.သော ဒေသနာတစ်ခုကို အင်္ဂုတ္တရနိကာယ်၌ တွေ.ရ၏။ " တရားငါးမျိုးနှင်. ပြည်.စုံသော ဥပါသကာသည် ဥပါသက ဒွန်းစဏ္ဍားမည်၏။ ဥပါသကာညစ်၊ ဥပါသကာညံ.လည်း မည်၏။ ထိုတရားငါးမျိုးကား သဒ္ဓတရားမရှိ၊ သီလမရှိ၊ ကောတုဟလမင်္ဂလာကို ယုံကြည်၏။ ကံ ကို မယုံကြည်။ သာသနာတော်၏အပ၌ အလှူခံပုဂ္ဂိုလ်ကို ရှာမှီး၏။ (အဂုင်္တ္တရနိကာယ်၊ ပဉ္စကနိပါတ်- စဏ္ဍာလသုတ်)။ " ကောတူဟလ" ကို မြန်မာပါဠိဆရာတို.က " အုတ်အုတ်ကျက်ကျက်" ဟူ၍ ပြန်ဆိုကြ၏။ " ရဟန်းတို.၊ သင်တို.သည် အုတ်အုတ်ကျက်က်ျ မင်္ဂလာ၊ အမင်္ဂလာ၊ အတိတ်နိမိတ်တို.ကို အနှစ်သာရအားဖြင်. စွဲယူကုန်ဦးအံ.လော" ။ (မဇ္ဈိမနိကာယ်၊ မဟာတဏှာသင်္ခယသုတ်)

ဤဒေသနာ၌ ကမ္မဝါဒ (ဝါ) အားထုတ်ပြုလုပ်မှုနှင်. ဆန်.ကျင်သော လောကီ အယူအစွဲ ဥပါဒါန်များကို ဆိုလိုခြင်းဖြစ်ကြောင်း သတိပြုသင်.၏။ ဗုဒ္ဓသည် လူတို.၏ အစဉ်အလာ၊ ယုံကြည်မှုအားလုံးကို ပယ်သည်မဟုတ်ချေ။ လူတို.၏ အပြစ်ကင်းသော ယုံကြည်မှုများကို လေးစားသောအားဖြင်. ရဟန်းတို.စောင်.ထိန်းရန် လိုအပ်သော သိက္ခာပုဒ်များကို ပညတ်တော်မူခဲ.၏။ ဗုဒ္ဓ၏ အလိုအားဖြင်. အယူတစ်ခုကို အကောင်းအဆိုး ဆုံးဖြတ်ရာ၌ ၎င်း၏ အကျိုးသက်ရောက်မှုကို ကြည်.၍ ဆုံးဖြတ်ရမည်ဖြစ်၏။ ဗြဟ္မဏတစ်ဦးက ခတ္တိယတို.သည် ဗြာဟ္မဏတို.ကို၊ သူကြွယ်တို.သည် ခတ္တိယတို.ကို၊ ဆင်းရဲသားတို.သည် သူကြွယ်များကို လုပ်ကျွေးသင်.သည်ဟု ဗြာဟ္မဏတို.က ဆိုပါသည်။ ရဟန်းဂေါတမက မည်သို.ထင်မြင်ပါသနည်း မေး၏။ ဗုဒ္ဓက မည်သူသည် မည်သူ.အား လုပ်ကျွေးသင်.သည်ဟု မိမိမပြောလိုကြောင်း၊ လူတစ်ဦးတစ်ယောက်ကို လုပ်ကျွေးခြင်းဖြင်. မိမိ၌ အကျိုးရှိမည်ဖြစ်ပါက လုပ်ကျွေးသင်.၍ အကျိုးယုတ်မည်ဖြစ်ပါက မလုပ်ကျွေးသင်.ကြောင်း မိန်.တော်မူ၏။ (မဇ္ဈိမနိကာယ်၊ ဧသုကာရီသုတ်)

သီလ၊ သမာဓိ ပညာ၊ ဝီရိယ စသည်တို.ကိုသာလျှင် အဓိကထားသော ဗုဒ္ဓကျင်.စဉ်၌ ရဟန်းနှင်. လူ၊ ဗြာဟ္မဏနှင်. အခြားဇာတ်ခွဲခြားမှု မရှိသည်.နည်းတူ ယောက်ျားနှင်. မိန်းမ ခွဲခြားမှုလည်း မရှိချေ။ ဗုဒ္ဓသည် မိန်းမမှာ ဇာတိအားဖြင်.ယောက်ျားထက် ယုတ်ညံ.သည်ဟု မယူဆချေ။ မိန်းမများအား ဖိနှိပ်ရေးသားထားချက်များကို ပါဠိပိဋကတ်၌ မတွေ.ရဘဲ အဌကထာနှင်. ဇာတ်နိပါတ်များ၌ တွေ.ရသည်ကများ၏

ဗုဒ္ဓပရိနိဗ္ဗာန်စံဝင်ခါနီး၌ အရှင်အာနန္ဒာက " အရှင်ဘုရား၊ ကျွန်ုပ်တို.သည် မာတုဂါမတို.နှင်. စပ်လျင်း၍ အဘယ်သို. ကျင်.သုံးရပါမည်နည်း" ဟု မေးလျှောက်၏။

" အာနန္ဒာ၊ မတွေ.မမြင်အောင် ကျင်.သုံးရမည်"

" အရှင်ဘုရား၊ မလွှဲသာ၍ တွေ.မြင်ခဲ.သော် အဘယ်သို. ကျင်.သုံးရပါမည်နည်း"

"အာနန္ဒာ၊ စကားမပြောဘဲ နေရမည်"

"အရှင်ဘုရား၊ မလွှဲသာ၍ စကားပြောရသော် အဘယ်သို. ကျင်.သုံးရပါမည်နည်း။"

"အာနန္ဒာ၊ အမိရင်းစသည်ကဲ.သို. အမှတ်ထား၍ ပြောဆိုရမည်"

ဤသို. မဟာပရိနိဗ္ဗာနသုတ် ပါဠိတော်မှ တိုက်ရိုက်ပြန်ဆိုထားသော ဗုဒ္ဓမိန်.ကြားချက်၌ မိန်းမများကို ကဲ.ရဲ.ပုတ်ခတ်သော စကားတစ်လုံးတစ်ပါဒမျှ မပါရှိချေ။ သို.ရာတွင် ဇိနတ္ထပကာသနီကျမ်း၌မူ " မိန်းမများအား စကားမပြောဘဲနေရမည်" ဟူသောစကားကို "အာနန္ဒာ၊ ထက်စွာသော သန်လျက်ကို ကိုင်၍ ငါနှင်.စကားဆိုမူကား သင်၏ ဦးခေါင်းကို ဖြတ်အံ.ဟုဆိုသော ယောက်ျားနှင်. စကားပြောခြင်းသည် မြတ်သေး၏။ မာတုဂါမတို.အား စကားပြောခြင်းသည် မမြတ်" စသည်ဖြင်. ချဲ.ထွင်ရေးသားထား၏။

ဇိနတ္ထပကာသနီကျမ်းပြုဆရာသည် စင်စစ် မိန်းမများကို ပုတ်ခတ်သည်ကား မဟုတ်။ သို.ရာတွင် ကျမ်းဆရာ၏ စကားကို ထောက်ချင်.၍ ဗုဒ္ဓစာပေထဲသို. မိန်းမများကို အထူးရှောင်ကြဉ်ရသော ရဟန်းဘုန်းကြီးတို.၏ စာပေ၌ ထိုစကားမျိုးအနည်းအများ တွေ.ရှိရခြင်းမှာ အံ.ဩဖွယ်ရာ မရှိချေ။

ဗုဒ္ဓ၏ အလိုအားဖြင်. မိန်းမသည် ကြိုးစားအားထုတ်ပါက ယောက်ျားနည်းတူ မဂ်ဖိုလ်နိဗ္ဗာန် မုချရရှိမည်ဖြစ်၏။ မာရ်နတ်သည် သောမာထေရီမအား "မိန်းမဖြစ်သော သင်သည် ဘုရားရဟန္တာတို.သာ ရောက်အပ်သော နိဗ္ဗာန်ကို ရောက်နိုင်မည်မဟုတ်" ဟုဆို၏။ ထိုအခါထေရီမက " အိုမာရ်နတ်၊ သင်၏စကားသည် တဏှာ မာန ဒိဌိ ဖုံးလွှမ်းသော ယောက်ျားမိန်းမအဖို. မှန်၏။ ဖလသမာပတ္တိညဏ်ဖြင်. သစ္စာလေးပါးတရားကို ကောင်းစွာမြင်သောသူအား မိန်းမအဖြစ်သည် အဘယ်သို.ပြုရတော.အံ.နည်း" ဟု ပြန်ပြော၏။ (ထေရီဂါထာနှင်. ဘိက္ခနီသံယုတ် သောမာဘိက္ခုနီသုတ်)

အမှန်ဆိုသော် ဇာတ်အဌကထာများ၌ပင် မိန်းမများကို ချီးကျုးသောစကားများကို တစ်ခါတစ်ရံ တွေ.ရ၏။ "ခပ်သိမ်းသောအရာတို.၌ ယောက်ျားသည်သာလျှင် ပညာရှိမဟုတ်၊ မိန်းမသည်လည်း ပညာရှိ၏။ ထိုထိုအရာတို.၌ အထူးသဖြင်. မြင်တတ်၏။လျင်မြန်စွာကြံတတ်၏" (အင်္ဂုတ္တရနိကာယ်၊ အဌကနိပါတ်- သုလဇာတ်)

သမီးမိန်းမ အလိုမရှိသော ကောသလမင်းအား ဗုဒ္ဓမိန်.ကြားသော စကားသည် မှတ်သားဖွယ်ကောင်း၏။ "မင်းကြီး၊ ပညာသီလနှင်. ပြည်.စုံ၍ လင်ကို ရိုသေစွာ ပြုစုလုပ်ကျွေးသော၊ အချို.သော သမီးမိန်းမသည် ပညာနုံ.သော သားယောက်ျားထက်မြက်၏။ ထိုမိန်းမ၏သားသည် တိုင်းပြည်ကိုကောင်းစွာ အုပ်ချုပ်နိုင်၏" (ကောသလသံယုတ်၊ မလ္လိကာဓိတရဝိဇာတသုတ်)။ ဗုဒ္ဓသည် အမရာ၊ ကိန္နရီ၊ မဒ္ဒီ၊ သမ္ဘူလတို.ကိုသာ ချီးမွမ်းသည် ဆိုသောစကားမှာ အခြေအမြစ်မရှိချေ။ " အိုသူကြွယ်၊ သင်.အား နကုလ၏ အမိသူကြွယ်မသည် အစဉ်စောင်.ရှောက်ပေ၏ အကျိုးစီးပွားကို အလိုရှိ၏။ ဆုံးမတတ်၏။သင်.အားအရတော်လေစွတကား။ သင်.အား လူ၏အဖြစ်ကို ကောင်းစွာရအပ်လေစွတကား။ သီလနှင်.ပြည်.စုံ၍ ကိုယ်တွင်းသန္တာန်၌ စိတ်ငြိမ်းအေးသော ငါဘုရား၏တပည်. ဥပါသကာမများတွင် နကုလမာတာသည် တစ်ယောက်အပါအဝင်ဖြစ်ပေ၏။" (အင်္ဂုတ္တရနိကာယ်၊ အဌကနိပါတ်- နကုလပိတုသုတ်) ဟူသောစကာဖြင်. ဗုဒ္ဓချီးမွမ်းတော်မူသော မိန်းမ အမြောက်အမြားရှိကြောင်း ထင်ရှား၏။

ဗုဒ္ဓသည် လူတို. အိမ်ထောင်ပြုရာ၌ မိန်းမများကို ကုန်ပစ္စည်းကဲ.သို. သဘောမထားဘဲ မေတ္တာသက်ဝင် ချစ်ခင်၍ ရွေးချယ်ပေါင်းဖက်ခြင်းကို ချီးမွမ်း၏။ (သုတ္တနိပါတ်၊ ဗြာဟ္မဏ ဓမ္မိကသုတ်)။ " သက်ကြီးယောက်ျားသည် မိန်းမငယ်ကို ယူမိပါက ပူပန်သောကဖြစ်၍ စိတ်ဆင်းရဲရတတ်၏။" (သုတ္တနိပါတ် ပရာဘဝသုတ်) သိင်္ဂါလသုတ်လာ လင်ကျင်.ဝတ် ငါးပါးအရ တစ်လင်တစ်မယားစနစ်သည် သာလျှင် ဗုဒ္ဓဩဝါဒနှင်. ကိုက်ညီကြောင်း မိန်းမများအား ယောက်ျားများနှင်. တန်းတူအခွင်.အရေးပေးထားကြောင်းထင်ရှား၏။ ဗုဒ္ဓလက်ထက်က မိန်းမများ၏ အခြေအနေကို လေ.လာခဲ.သော အင်္ဂလိပ်ပါဠိပညာရှင် တစ်ဦး၏ အဆိုအားဖြင်. " ထိုခေတ်က ဗုဒ္ဓဝါဒီ အမျိုးသမီးတို.သည် ဗုဒ္ဓမပေါ်မီကထက် ပို၍ ဂုဏ်သိက္ခာရှိလာကြ၏။ သမီးမိန်းမနှင်. မုဆိုးမများမှာ စိတ်ပျက်စက်ဆုပ်ဖွယ်ရာ ပုဂ္ဂိုလ်သတ္တဝါများမဟုတ်တော.ချေ။ သူတို.နှင်.တကွ ဇနီးမိန်းမများသည် ပိုမိုလွပ်လပ်၍ လေးစားခြင်းခံလာကြရ၏။" (၁. I.B.Horner: Women under Primitive Buddhism, pp.82)

ဗုဒ္ဓသည် မိဘများကို ပြုစုစောင်.ရှောက်မှု၊ ဆွေမျိုးသားချင်းများကို ကူညီထောက်ပံ.မှုနှင်. သားမယားလုပ်ကျွေးမှုကို ချီးမွမ်း၍ လူ.လောက၌ မိသားစု စိတ်ဓာတ် ထွန်းကားသည်ကို မြင်တော်မူလို၏။ အိမ်ရာထောင်သော လူ.ဘောင်၌ မိန်းမများ၏ အရေးပါမှုကို အသိအမှတ်ပြုတော်မူကြောင်း ဗုဒ္ဓဝင်မှ ဖြစ်ရပ်တစ်ခုဖြင်. ထင်ရှား၏။

ဘုရားရှင်သည် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်၌ ဆွမ်းဘုဉ်းပေးပြီးသောအခါ အလုံးစုံသော မောင်းမမိဿံ ခြွေရံတို.သည် အနီးသို.ချဉ်းကပ်၍ ဘုရားရှင်အား ရှိခိုးဖူးမျှော်ကြ၏။ ယသော်ဓရာမင်းသမီးသည်ကား အဆောင်ထဲမှ ထွက်မလာချေ။ နန်းသူနန်းသားတို.က " သခင်မ၊ မောင်တော်ဘုရားကို ထွက်၍ ပူဇော်ဖူးမြော်ပါလော" ဟု တိုက်တွန်းကြသော်လည်း ယသော်ဓရာမင်းသမီးသည် " အကယ်၍ ဘုရားရှင်သည် အကျွန်ုပ်၏ ကျေးဇူးကို ထောက်မျှော်၍ သနားတော်မူပါလျှင် အကျွန်ုပ်ထံသို. ကြွလာပါလိမ်.မည်။ ထိုအခါမှ ပူဇော်ပါတော.မည်" ဟုဆို၍ ထွက်မလာဘဲနေ၏။ ထိုအကြောင်းကို ဘုရားရှင် ကြားသိသော် မင်းကြီးအား သပိတ်ကမ်း၍ အဂ္ဂသာဝကနှစ်ဦးနှင်.အတူ ယသော်ဓရာ၏ နေရာတိုက်ခန်းသို. ဝင်တော်မူပြီးလျှင် " ယနေ. ယသော်ဓရာ မင်းသမီးသည် ငါဘုရားကို အလိုရှိတိုင်းဖူးမြော်စေ။ မည်သူကမျှ တစ်ခွန်းစကား မတားဆိုကြလင်." ဟုမိန်.တော်မူ၏။ ထိုအခါ ယသော်ဓရာမင်းသမီးသည် ဘုရားရှင်ထံသို.လာ၍ ခြေဖဝါးကို ဆံပင်ဖြင်.ပွတ်သပ်လျက် အထပ်ထပ်ရှိခိုးလေသည်။

အထက်ပါအကြောင်းမှာ ပိဋကတ်၌ မလာဘဲ ဇာတ်အဌကထာ၌သာ တွေ.ရသော်လည်း ဗုဒ္ဓ၏ ကြင်နာမှု၊ စိတ်နှလုံးမြင်.မြတ်မှု၊ မိသားစု စိတ်ဓာတ် တန်ဖိုးကို နားလည်မှု စသည်တို.ကို စဉ်းစားဆင်ခြင်ပါက ဗုဒ္ဓဝင်မှ အကြောင်းယုတ္တိ ခိုင်မာသော ဖြစ်ရပ်တစ်ခု ဖြစ်သည်ဟု မှတ်ယူရပေမည်။

အချုပ်အားဖြင်. ဗုဒ္ဓ၏သာသနာ၌ ကာမဂုဏ်ခံစားသော်လည်း အကျင်.သီလရှိသော လူတို.အတွက် နေရာကဏ္ဍ အထင်အရှားရှိ၏။ ထိုသူတို.ကို ဗုဒ္ဓချီးမွမ်းတော်မူကြောင်း သေချာခိုင်မာသော အထောက်အထားမှာ အောက်ပါပိဋကတ်ဒေသနာဖြစ်၏။

" အို ရဟန်းတို.၊ နတ်တို.ကို အစိုးရသော သိကြားမင်းသည် ဝေဇယန္တာပြာဿဒ် ထက်မှ ဆင်းသက်၍ များစွာသော အရပ်မျက်နှာတို.ကို လက်အုပ်ချီလျက်ရှိခိုး၏။ထိုအခါ မာတလိနတ်သားက အကျိုးအကြောင်း မေးမြန်းရာ သိကြားမင်းက ဤသို.ဆို၏။ " အို မာတလိ၊ ခပ်သိမ်းကုန်သော လူတို.သည် လည်းကောင်း၊ နတ်မင်းကြီးနှင်. တာဝတိံသာနတ်တို.သည် လည်းကောင်း ငါ.ကို ရှိခိုးကြကုန်၏။ ငါသည်ကား သီလသမာဓိနှင်. မြတ်သောအကျင်.ကို ကျင်.သုံးသော ရဟန်းတို.ကို ကောင်းစွာ ရှိခိုး၏။ အိမ်၌နေသူ လူဖြစ်ကုန်လျက် ကောင်းမှုကုသိုလ်ကို ပြုလေ.ရှိကုန်သော၊ သီလရှိကုန်သော အကြင်ဥပါသကာတို.သည် တရားနှင်.အညီ ရှာမှီး၍ သားမယားကို မွေးမြူကြကုန်၏။ ထိုဥပါသကာတို.ကိုလည်း ငါသည်ရှိခိုး၏။" (သံယုတ္တနိကာယ်၊ သက္ကသံသုတ်၊ သက္ကနမဿသုတ်)

" ဂေါတမဗုဒ္ဓ ပရိနိဗ္ဗာန်ပြုသည်မှာ နှစ်ပေါင်းများစွာ ကြာမြင်.ပြီဖြစ်၍ နောက်ကာလ၌ ဗုဒ္ဓ၏အမည်သည် ဒဏ္ဍာရီများအကြားတွင် မှုန်ရီဝိုးတဝါးဖြစ်ခဲ.သော်လည်း ဗုဒ္ဓ၏ဂုဏ်သည် နောက်မှပေါ်ပေါက်လာသော များစွာသော ဘာသာရေးခေါင်းဆောင်များ၏ ဂုဏ်ထက် ပိုမိုထင်ရှား၏။ ဤအချက်သည် ဗုဒ္ဓ၏ ထူးခြားသော သီလ သမာဓိဂုဏ်ကို အထင်အရှား သက်သေခံလျက်ရှိ၏။" (1. C.Eliot: Hinduism and Buddhism Vol I, pp.131)

ဤသို.ဖြင်. အင်္ဂလိပ် ဗုဒ္ဓစာပေပညာရှင် ဆာချားအဲလိယော.သည် ဗုဒ္ဓကို ချီးကျူးခဲ.၏။ မှန်လှ၏။ အိန္ဒိယ ဘာသာဝါဒသမိုင်တွင် မြောက်မြားလှစွာသော ဘာသာရေးခေါင်းဆောင်များထက် ပိုမိုထင်ပေါ်နေခြင်းသည် ဗုဒ္ဓ၏ ထူးခြားသော ဝိသေသဂုဏ်ဖြစ်၏။ ဗုဒ္ဓကို မီလိုက်သောသူတို.ကသော်လည်းကောင်း၊ မမှီလိုက်သော်လည်း ရှေးအစဉ်အဆက် စကားများကို ကြားဖူးသော သူတို.ကသော်လည်းကောင်း ဗုဒ္ဓကို ကြည်ညိုကြခြင်းမှာ စင်စစ်အံ.ဩစရာမရှိချေ။ အဘယ်ကြောင်.ဆိုသော် ပိဋကတ်ကျမ်းစာများမှ ဗုဒ္ဓအကြောင်းအရာများကို ယနေ.ဖတ်ရှုလေ.လာကြသော အနောက်နိုင်ငံ ပညာရှင်တို.သည်ပင် ဗုဒ္ဓကို ကြည်ညိုကြရ၏။ ဤနေရာ၌ ဗုဒ္ဓ၏ တရားကို သစ္စကပရိဗိုဇ်ကဲ.သို. ဗုဒ္ဓဝါဒကို မနှစ်သက်သော်လည်း ဗုဒ္ဓကို ကြည်ညိုလေးစားသော အချို.ပညာရှင်တို.၏ ထင်မြင်ချက်များကို သာ ဖော်ပြပါအံ.။

အင်္ဂလိပ်ပညာရှင် ဆာဗာရီဒေးကိသည် ဗုဒ္ဓဝါဒကို လက်မခံချေ။ သို.ရာတွင် သူက " ဗုဒ္ဓဝါဒသည် ချွတ်ယွင်းချက်များ၊ ရှေ.နောက်မညီညွတ်မှုများ ရှိသော်လည်း ဗုဒ္ဓသည် အာရှတိုက်မှ ထွက်ပေါ်ခဲ.သော ခေါင်းဆောင်များအနက် ကြည်ညိုဖွယ်အကောင်းဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်ပါပေသည်" ဟု ရေးသားခဲ.၏။ (2. A.B.Keith: Buddhist Philosophy, pp. 147)

ပြင်သစ်ပညာရှင် ဗာသီလီမိ စိန်. ဟီလာရီသည် ဗုဒ္ဓဝါဒကို ပြင်းပြင်းထန်ထန်ပြစ်တင်ဝေဖန်သောသူဖြစ်၏။ သို.ရာတွင် သူက" ဗုဒ္ဓ၏ ဘဝဖြစ်စဉ်သည် အပြစ်အနာကင်း၏။ ဗုဒ္ဓသည် အာဇာနည်စိတ်ဓာတ်ရှိမှု ကိုယ်ကျိုးမငဲ.ကွက်မှု မေတ္တာဓာတ်ကြီးမားမှုနှင်. စိတ်နှလုံး နူးညံ.သိမ်မွေ.မှုတွင် စံပြပုဂ္ဂိုလ်ဖြစ်ပေသည်" ဟုရေးသားထား၏။( 3. B. Saint. Hilaire: The Buddha and His Religion,pp.11)

ပရိုဖက်ဆာ မက်စ်မူလာသည် ရှေးအိန္ဒိယ ဘာသာဝါဒများကို နှိုက်ချွတ်လေ.လာခဲ.သော ဂျာမန်ပညာရှင်ဖြစ်၏။ ဗုဒ္ဓဝါဒမှာ သူနှစ်သက်သော ဝါဒမဟုတ်။ သို.ရာတွင် သူသည် ဗုဒ္ဓကို ကြည်ညိုလေးစား၏။ သူက " ဗုဒ္ဓကို အပြိုင်အဆိုင် ချီးကျူးရေးသားကြသော ခရစ်ယာန် သာသနာပြု ဆရာတို.၏ ရေးသားချက်များကို ဖတ်ရှုရသောအခါ ကျွန်ုပ်တို.မှာ ကိုယ်.မျက်စိကိုပင် ယုံနိုင်စရာမရှိပါ" ဟုဆိုလေသည်။ (4. Max Muller: Studies in Buddhism.pp.50-51)

အဒေါ.ထောမတ်သည် ဂျာမန် ခရစ်ယာန်ဘုန်းကြီးတစ်ပါးဖြစ်၏။ သူသည် တစ်ခါက အမေရိကန်မြို.ကြီးများသို. လှည်.လည်၍ ဗုဒ္ဓဝါဒအကြောင်းကို ဟောပြောဖူး၏။ သူသည် ဗုဒ္ဓဝါဒကို ကဲ.ရဲ.ရှုတ်ချ၏။ သို.ရာတွင် ဗုဒ္ဓကိုကား အောက်ပါအတိုင်းချီးကျုးဟောပြောခဲ.ပေသည်။

"ဗုဒ္ဓသည် စိတ်နှလုံးမြင်.မြတ်၍ သိမ်မွေ.နူးညံ.၏။ မိမိ၏ ယုံကြည်ချက်အတွက် ဘာမဆို စွန်.ရဲသော ယောက်ျားအာဇာနည်တို.၏ နှလုံးရည်နှင်. ပြည်.စုံ၏။ သီလသမာဓိနှင်. ဥာဏ်ပညာအရာ၌ အခြားသူများထက် မြင်.မြတ်၏။ ခရစ်တော်မပေါ်မီ နှစ်ပေါင်းငါးရာကျော်က ပေါ်ထွက်ခဲ.သော ဗုဒ္ဓသည် ၁၉ ရာစုခေတ် သိပ္ပံပညာရှင်တို. တွေ.ရှိသော အချက်များကို ကြိုတင်သိမြင်ခဲ.၏။ လွတ်လပ်စွာ တွေးခေါ်မှုကို လိုလား၍ ယခုကာလသိပ္ပံပညာရှင်တို.ကဲ.သို. လွတ်လပ်စွာ ဆင်ခြင်သုံးသပ်၏။

"ဗုဒ္ဓ ပရိနိဗ္ဗာန်စံဝင်သည်မှာ နှစ်ပေါင်း နှစ်ထောင်ကျော်ပြီဖြစ်သော်လည်း ဗုဒ္ဓကို လူတို.မမေ.ကြသေးချေ။ ဗုဒ္ဓ၏ အမည်သတင်းသည် ဥရောပနှင်. အမေရိကတိုက်များသို.ပင် ပျံ.နှံ.ထင်ရှား၏။ အာရှတိုက်၌ လူသန်းပေါင်း ၃၇၀ တို.၏ ကိုးကွယ်ခြင်းခံရသော ဗုဒ္ဓသည် ဥရောပနိုင်ငံများ၌လည်း ပညာရှင်အတော်များများ၏ စိတ်ဓာတ်ကို ဆွဲဆောင်နိုင်ခဲ.၏။ ရှိုပင်ဟွာ နှင်. ကင်ကယ် (Schopenhauer and Kinkel) အစရှိသော ဂျာမန်အဘိဓမ္မာဆရာနှင်. ကဗျာစာဆိုတို.သည် ဗုဒ္ဓကို ရှိခိုးပူဇော်ကြ၏။"( Paul Carus: Buddhism and its Christian Critics, pp. 279-282)









Read More...

ဗုဒ္ဓ၏ဆုံးမနည်း

Published by roman under on 9:15 PM

(ဂ)ဗုဒ္ဓ၏ဆုံးမနည်း

ဗုဒ္ဓသည် အိန္ဒိယပြည် မဇ္ဈိမဒေသ၌ ၄၅ နှစ်တိုင်တိုင် တရားဟောပြောခဲ့ရာ အထူးအောင်မြင်ကြောင်း ယုံမှားဖွယ်မရှိချေ။ ဗြာဟ္မာဏ၊ မင်းမှုးမတ်၊ သူဌေးသူကြွယ် မှစ၍ ဆတ္တာသည်၊ ဆင်းရဲသား၊ အလုပ်သမားအထိ လူတန်းစားအမျိုးမျိုးသည် ဗုဒ္ဓတရားကို နှစ်သက်ကြ၏။ ဗုဒ္ဓ၏ တရားကို တစ်ကြိမ်ကြားနာကာမျှဖြင်. ဗုဒ္ဓ၏ တပည်.အဖြစ်ခံယူသောသူတို.မှာ မနည်းလှချေ။ ဗုဒ္ဓ၏ထူးခြားသောအောင်မြင်မှုသည် ထိုအခါက မဇ္ဈိမဒေသ၌ ဗြာဟ္မဏဝါဒ တန်ခိုးမကြီးသေးခြင်း၊ လူတို.အသိဥာဏ်ရင်.ကျက်၍ ဘာသာရေးအတွေးအခေါ်များ ပြောင်းလဲလှုပ်ရှားနေခြင်း၊ ဗုဒ္ဓ၏ ဥပဓိရုပ်နှင်. သီလသမာဓိ ဂုဏ်ကို ကြည်ညိုကြခြင်း စသည်တို.ကြောင်. ဖြစ်၏။ ထိုအချက်များနှင်. ထပ်တူအရေးပါသော အချက်တစ်ရပ်မှာ ဗုဒ္ဓ၏ ဟောပြောဆုံးမနည်းဖြစ်၏။ သို.ဖြင်.နိဂဏ္ဍတစ်ဦးက ဗုဒ္ဓသည် သူတစ်ပါးကို မိမိဘက်ပါအောင် ဆွဲဆောင်နိုင်သော ဥာဏ်ပညာ ကြွယ်ဝသည်ဟု ဆို၏။

ဗုဒ္ဓသည် ဘီစီ ၆ ရာစုခေတ် မတိုင်မီက လူများလက်ခံယုံကြည်ပြီးဖြစ်သော ဘဝသံသရာ၊ ကံတရား၊ အနိစ္စဒုက္ခတရား စသည်များနှင်. လူများနားလည်ပြီးဖြစ်သော ဝေါဟာရစကားများကို အခြေပြု၍ ဟောပြော၏။ သို.ရာတွင် ထိုရှေးဝါဒများ၊ စကားများသည် ဗုဒ္ဓဒေသနာ၌ အနက်အဓိပ္ပယ် ပြောင်းလဲလာ၏။ ဗုဒ္ဓလက်ခံသော ဘဝသံသရာ သည် ရှေးဗြာဟ္မဏတို.၏ အနိစ္စ၊ ဒုက္ခ တရားထက် နက်နဲကျယ်ပြန်.၏။ ဗြာဟ္မဏ ဟူသောစကားသည် ဇာတ်အနွယ်မြင်.မားမှုကို မဆိုလိုဘဲ အကျင်.သီလ မြင်.မြတ်မှုဟူသော အဓိပ္ပါယ်ကို ဆောင်၏။ 'ဗြဟ္မာ' သည် ပါဠိပိဋကတ်၌ အနန္ဒတန်ခိုးရှင်၊ (ဝါ) ထာဝရဘုရား သို.မဟုတ် ဥပနိသျှကျမ်းလာ ပရအတ္တ (Paramatma or Atman) ကို ရည်ညွန်းသောစကား မဟုတ်တော.ဘဲ အမြင်.မြတ်ဆုံး၊ အကောင်းဆုံးဖြစ်ခြင်းကို ဟောသောစကားဖြစ်လာ၏။ ဥပမာ- ဗြဟ္မဝိဟာရ, ဗြဟ္မစရိယ, ဗြဟ္မစက္က ။

ဗုဒ္ဓသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ စကားကို တိုက်ရိုက်မပယ်ဘဲ ထိုစကားကိုပင် သုံးစွဲ၍ ပရိယာယ်ဖြင်. ဟောပြောလေ.ရှိ၏။ လယ်ထွန်နေသော ဗြာဟ္မဏ တစ်ဦးက မိမိထံ ဆွမ်းခံသော ဗုဒ္ဓအား" အရှင်ရဟန်းသည် ကျွန်ုပ်ကဲ.သို. လယ်ထွန်စိုက်ပျိုးလုပ်ကိုင်စားပါသလော" ဟုဆိုရာ ဗုဒ္ဓက "ဗြာဟ္မဏ၊ ငါသည်လည်း လယ်ထွန်စိုက်ပျိုး၏။ ငါ၏သဒ္ဓါတရားသည် မျိုးစေ.ဖြစ်၏။ ဝိပဿနာပညာ၊ မဂ်ပညာသည် ထမ်းပိုးထွန်တုံးဖြစ်၏" စသည်ဖြင်. မိန်.ကြား၏ (ဗြာဟ္မဏသံယုတ် ကသိဘာရဒွါဇသုတ်)။ ပိဋကတ်စာပေ၌ ဤကဲ.သို.သော ဒေသနာမျိုး အမြောက်အမြားရှိ၏။ (From the known to unknown method= ပဋိလောမနည်းအရ ပြန်လည်သုံးသပ်ရှင်းပြနည်း။)

ဗုဒ္ဓသည် လူတို.အား ဟောပြောဆုံးမရာ၌ ဥပမာ အတော်များများ အသုံးပြုလေ.ရှိ၏။ ဥပမာများမှာ ထိထိမိမိရှိ၍ တရားဒေသနာကို သိမြင်နားလည်ရန် ထိရောက်သော အထောက်အကူဖြစ်၏။ မဟာဗြာဟ္မာကို တွေ.မြင်လိုသော ဝါသေဌလုလင်အား ဟောကြားရ၌ ဗုဒ္ဓက ဗြာဟ္မာဏတို.သည် ၎င်းသူတို.၏ ဆရာ.ဆရာ ခုနှစ်ဆက်တိုင်အောင်သော ဆရာ၊ လက်ဦးဆရာ၊ ဝေဒကျမ်းများကို စီရင်သော ရှေးရသေ.တို.သည် လည်းကောင်း တစ်ဦးတစ်ယောက်မျှပင် မဟာဗြာဟ္မာကို မျက်ဝါးဝါးထင်ထင် မမြင်ဘူးပါဘဲလျက် မဟာဗြဟ္မာနှင်. အပေါင်းအဖော်ဖြစ်လိုသည် ဆိုခြင်းမှာ တစ်ဦးကို တစ်ဦး ဆွဲကိုင်ဆက်စပ်နေသော သူကန်းတို.တွင် ရှေ.ဆုံးလူသည် မမြင်ဈ အလယ်လူလည်းမမြင်၊ နောက်ဆုံးလူလည်းမမြင်သကဲ.သို. လည်းကောင်း၊ မည်သည်.အရပ်၌ပြသာဒ်ရှိသည်။ ထိုပြသာဒ်သည် မြင်.သည်၊နိမ်.သည်ဟု မသိဘဲ တက်ရန်လှေကားကို ပြုသည်နှင်.လည်းကောင်း၊ နိုင်ငံ၌ အလှဆုံးမိန်းမကို ချစ်ကြိုက်ပါသည်ဟု ဆိုသော ယောက်ျားနှင်. သော်လည်းကောင်း တူလှချေသည်ဟု မိန်.တော်မူ၏။ (ဒီဃနိကာယ်၊ တေဝိဇ္ဖသုတ်)

သုတ္တန်များ၌ ဗုဒ္ဓအား သမဏဗြာဟ္မဏနှင်. ပရိဗိုဇ်တို.က မေးသော စကားများကို တွေ.ရ၏။ "အို ပုဏ္ဏား၊ ငါဆိုလတ္တံ.သော စကားကို သင် အဘယ်သို.ထင်သနည်း" စသောစကားကို နေရာအတော်များများ၌ တွေ.ရခြင်းအားဖြင်. တရားနာသူများ၏ မေးမြန်းခြင်းကို ဗုဒ္ဓလိုလားကြောင်း သိအပ်၏။ မိလိန္ဒမင်းကဲ.သို. နှိုက်နှိုက်ချွတ်ချွတ်မေးမြန်းတသော သူမျိုးကို ပိဋကတ်စာပေ၌ မတွေ.ရခြင်းမှာ ထိုသူတို.၏ စကားကို ဗုဒ္ဓစကားလောက် ပိဋကတ်ဆရာတို.က ဂရုမပြုခဲ.ကြသောကြောင်. ဖြစ်တန်ရာ၏။

တရားဟောရာ၌ ဗုဒ္ဓအသုံးပြုသော ထူးခြားသော နည်းစနစ်မှာ ပြဿနာတစ်ခုကို တိုက်ရိုက်မဖြေရှင်းဘဲ အထက်ပါတေဝိဇ္ဖသုတ်မှာကဲ.သို. မေးသူအား စေ.ငုသေချစွာ ပြန်လည်မေးမြန်းစိစစ်ခြင်းဖြင်. အမြင်မှန် ရရှိစေသောနည်းဖြစ်၏။ နောက်ကာလ၌ ထိုနည်းအားအသုံးပြုသော ဂရိပညာရှိကြီးတစ်ဦးကို အစွဲပြု၍ ဆိုကရေတိနည်း (Socratic Method) ဟု ထင်ရှားသော ဗုဒ္ဓသင်ပြဆုံးမနည်းမှာ မှတ်သားဖွယ်ကောင်း၍ ဆိုင်ရာဗုဒ္ဓဒေသနာတစ်ခုကို ဖော်ပြပါအံ.။ ထိုဒေသနာသည် ဇာတ်ဝါဒကို ချေပသော ဒေသနာဖြစ်သော်လည်း မိဘမျိုးရိုး စစ်မှန်မှုနှင်. လူမျိုးခွဲခြားမှု၌ အစွဲကြီးသော ယခုခေတ် လူတို.ဆင်ခြင်စဉ်းစားဖွယ်ဖြစ်၏။

ရှေးအခါက ဗြဟ္မဏရသေ.ခုနှစ်ဦးသည် ဗြာဟ္မဏအမျိုးသာလျှင် အမြတ်ဆုံးဖြစ်သည်။ အမျိုးစင်ကြယ်၍ ဗြဟ္မာ၏ သားများဖြစ်သည်ဟု ယုံကြည်ကြ၏။ ဘုရားအလောင်း အသိတဒေဝလ ဆရာရသေ.သည် ရသေ.တို.ကို ဆုံးမလိုသောကြောင်. "ဗြာဟ္မဏ တို.၏ မိခင်တို.သည် အခြားသူများနှင်. မပေါင်းဖော်ဘဲ ဗြာဟ္မဏယောက်ျားများနှင်.သာ ပေါင်းဖော်သည်ဟု သင်တို.သိကြပါ၏လော" ဟု မေး၏။ ရသေ.တို.က " ကျွန်ုပ်တို. မသိပါ" ဟု ပြန်ဖြေကြ၏။

(မေး) ဗြာဟ္မဏ တို.၏ အထက်ဆွေခုနှစ်ဆက်မှ မိန်းမများသည် ဗြာဟ္မဏအမျိုးသားမှတစ်ပါး အခြားအမျိုးသားများနှင်. မပေါင်းဖော်ဟူ၍ သင်တို.သိကြပါသလော။

(ဖြေ) ကျွန်ုပ်တို. မသိကြပါ။

(မေး) ဗြာဟ္မဏ တို.၏ ဖခင်တို.သည်လည်းကောင်း၊ အထက်ခုနှစ်ဆက် ယောက်ျားများသည် လည်းကောင်း၊ ဗြာဟ္မဏမိန်းမများမှတစ်ပါး အခြားမိန်းမများနှင်.

မပေါင်းဖော်ဟု သိကြပါသလော။

(ဖြေ) မသိကြပါ။

(မေး) သတ္တဝါ တစ်ဦး မည်သို. ပဋိသန္ဓေတည်သည်ကို သင်တို. သိကြပါသလော။

(ဖြေ) အမိနှင်.အဖ ပေါင်းဖော်ခြင်း၊ အမိ၏ ရာသီဥတုလာခြင်း၊ ဂန္ဓဗ္ဗအသင်.ရှိနေခြင်းဟူသော အကြောင်းသုံးခု တိုက်ဆိုင်သောအခါ သတ္တဝါတစ်ဦး ပဋိသန္ဓေ

တည်ပါသည်။

(မေး) သို.ရာတွင် ဂန္ဓဗသည် အမျိုးလေးပါးတွင် မည်သည်.အမျိုးဖြစ်မည်ဟု သင်တို.သိကြပါသလော။

(ဖြေ) ကျွနု်ပ်တို. မသိပါ။ (မဇ္ဈိမနိကာယ်၊ အဿလာယသနသုတ်)

တရားဟောပြောရာ၌ ဗုဒ္ဓ လက်ကိုင်ထားသော ဝါဒမှာ ဝိဘဇ္ဇဝါဒဖြစ်၏။ ဝိဘဇ္ဇဝါဒသည် ခွဲခြားစိစစ်ခြင်းအနက်ကို ဟော၏။ သုဘလုလင်သည် ရဟန်းဘဝနှင်. အိမ်ရာထောင်သော သူ၏ဘဝတွင် မည်သူ၏ ဘဝကို ပို၍ မြတ်ပါသနည်းဟု မေးလျှောက်ရာ ဗုဒ္ဓက " အိုလုလင်၊ ငါသည် အရာရာ၌ ဝေဖန်ခွဲခြား၍ ဆိုလေ.ရှိ၏။ တစ်ခုခုကို သာ မုချဟူ၍ ဆိုလေ.မရှိ" စသည်ဖြင်.မိန်.ကြား၏။ ဗုဒ္ဓ၏ အလိုအားဖြင်. အမြဲမှန်ကန်သည် ဟူ၍ လှေနံဓားထစ် စွဲမြဲယုံကြည် ရမည်.စကား မည်သည်မရှိ။ " ရဟန်းတို.၊ ဤအယူသည်သာမှန်၏။ အခြားအယူအားလုံးသည် အချည်းနှီးသာတည်းဟူ၍ မစွဲမှတ်သင်." ဟူသောစကားမှာ ပိဋကတ်စာပေ၌ အကြိမ်ကြိမ်တွေ.ရသော ဗုဒ္ဓဩဝါဒဖြစ်၏။

သို.ဖြစ်၍ အချို.သော ဗုဒ္ဓဒေသနာများ တစ်ခုနှင်.တစ်ခု ဆန်.ကျင်သယောင်ဖြစ်နေခြင်းမှာ အံ.ဩစရာမရှိချေ။ အချို.ဒေသနာများ၌ အဖော်မရှာဘဲ တစ်ကိုယ်တည်း နေခြင်းကို ချီးမွမ်း၍ အခြားဒေသနာများ၌မူ မိတ်ဆွေကောင်းရှိရန် လိုအပ်မှုကို လေးထားဟော၏။ ရဟန်းတို.အား ဆိတ်ဆိတ်နေရန် ဗုဒ္ဓက မကြာခဏ မိန်.ကြားလေ.ရှိသော်လည်း ဝါတွင်းသုံးလ၌ အပြစ်မကျူးလွန်မိရန် အချင်းချင်း စကားမပြောဘဲနေသော ရဟန်းတို.မှာ ဗုဒ္ဓ၏ ကဲ.ရဲ.ပြစ်တင်ခြင်းကို ခံရကြောင်း ဝိနည်းပိဋကတ်၌ ပြဆိုထား၏။ (ဤအကြောင်းကို အကျင်.သီလ ဆိုင်ရာ အခန်း၌ အကျယ်ဖော်ပြပါအံ.။)

ဗုဒ္ဓ၏ ဆုံးမနည်းနှင်. စပ်လျဉ်း၍ အဘယမင်းသားအား မိန်.ကြားချက်သည် မှတ်သားဖွယ်ကောင်း၏။ ဗုဒ္ဓက မိမိသည် မမှန်၊ အကျိုးမရှိ၊ သူတစ်ပါးလည်း မနှစ်လိုသော စကားကို ရှောင်ကြင်၏။ လူများက နှစ်သက်သော်လည်း မမှန်၊ အကျိုးမရှိသော စကားကို မပြော၊ မှန်၍ လူအများနှစ်သက်သော်လည်း အကျိုးမရှိသောစကားကို ရှောင်ကြဉ်၏။ သူတစ်ပါးမနှစ်လိုသော်လည်း မှန်၍ အကျိုးရှိသော စကားမျိုးနှင်. သူတစ်ပါးလည်း နှစ်လို ၊ မှန်လည်း မှန်၍ အကျိုးလည်းရှိသော စကားမျိုးကို အချိန်အခါကို ကြည်.၍ ဟောပြောသည်ဟု မိန်.တော်မူ၏။ (မဇ္ဈိမ နိကာယ်၊ အဘယရာဇကုမာရသုတ်)

ကြားနာသူအဖို. အကျိုးရှိမည်. တရားစကားဟူသည် လောကီကြီးပွားချမ်းသာ သို.မဟုတ် မဂ်ဖိုလ်နိဗ္ဗာန် ရရှိမှုကို အကျိုးပြုသော စကားများဖြစ်ကြောင်း ထင်ရှား၏။အခါတစ်ပါး၌ ဗုဒ္ဓသည် သစ်ရွက်များကို လက်ဝါးပေါ်၌ တင်ပြ၍ ရဟန်းတို.အား မိမိလက်ထဲရှိသစ်ရွက်များနှင်. နှိုင်းစာသော် တောထဲရှိ သစ်ရွက်များမှာ အလွန်များပြားသကဲ.သို. မိမိသိသော်လည်း မဟောဘဲထားသော တရားများမှာ အလွန်များပြားကြောင်း၊ သစ္စာလေးပါးမှ တစ်ပါး အခြားတရားများမှာ သံသရာမှ လွတ်မြောက်ကြောင်း တရားများမဟုတ်သဖြင်. မဟောဘဲထားခဲ.ကြောင်းမိန်.ကြား၏။ (မဟာဝဂ္ဂသံယုတ် ၊ သိံသပါသုတ်)။

ပရိဗိုဇ် တို.မေးလျှောက်သော မဂ်ဖိုလ်နိဗ္ဗာန်နှင်. လုံးဝမသက်ဆိုင်သော မေးခွန်းများကို ဖြေတော်မမူချေ။ ဆင်းရဲဒုက္ခမှ လွတ်မြောက်မှု အတွက် သိသင်.သိထိုက်သော တရားများကို မူ ဆရာစားမထားဘဲ၊ (ဝါ) ဘာမျှ ခြွင်းချန်မထားဘဲ ဟောကြားခဲ.ကြောင်း မဟာပရိနိဗ္ဗာနသုတ်၌ မိန်.ကြား၏။ " ရဟန်းတို.၊ လောက၌ မိန်းမတို.သည်လည်းကောင်း၊ ပုဏ္ဏားတို.၏ အတတ်ပညာသည် လည်းကောင်း လျှို.ဝှက်သော သဘောရှိကြ၏။ လပြည်.ဝန်း၊ နေဝန်းနှင်. ငါဘုရား၏ တရားမှာကား လျှို.ဝှက်ခြင်းမရှိဘဲ ပွင်.လင်းသော သဘောရှိ၏။" (အင်္ဂတ္တရ- တိကနိပါတ၊ပဋိစ္ဆန္နသုတ်)

သူတစ်ပါးမနှစ်လိုသော စကားမျိုးကို ဗုဒ္ဓအထူးရှောင်ကြဉ်လေ. ရှိခြင်းသည် ဗုဒ္ဓဒေသနာများ၌ ထင်ရှား၏။ မိမိ၏ သဗ္ဗညုတဥာဏ်မှာ လူအများထင်သကဲ.သို. ဘာမဆို ထာဝရသိနေသော ဥာဉ်မျိုးမဟုတ်ကြောင်း အတိအလင်း ဖွင်.ဟမိန်.ကြားခဲ.သော်လည်း (ဆိုင်ရာသုတ္တန်ကို 'ဗုဒ္ဓကိုးကွယ်မှု' အခန်း၌ ဖော်ပြပါအံ.) ဗုဒ္ဓသည် ထိုဥာဏ်မျိုးရှိသည် ဆိုသော အခြားဘာသာရေးခေါင်းဆောင်များကို မည်သို.မျှ ဖြေတော်မမူချေ။ (အင်္ဂုတ္တရနိကာယ်၊ နဝကနိပါတ်- လောကာယတိက ဗြာဟ္မဏသုတ်)။

အခြားလူတစ်ဦးက မက္ခလိဂေါသာလ နှင်. နာဋပုတ္တ တို.သည် သူတို.ကြေညာသည်.အတိုင်း တရားအားလုံးကို သိကြပါသလော ဟု မေးသောအခါ၌လည်း ဗုဒ္ဓက "သင်၏ မေးခွန်းသည် မသင်.လျော်ချေ။ သင်၏ အမေးစကားကို ထားဘိလော" ဟုဆို၍ မိမိ၏တရားကို ဟောကြား၏။(မဇ္ဈိမနိကာယ်၊ စူဠသာရောပမသုတ်)

ဗုဒ္ဓသည် မိမိနှင်.စင်ပြိုင် အခြားဘာသာရေးခေါင်းဆောင်များကို အမြဲထောက်ထားစာနာ၍ မိမိကြောင်. ထိုသူများ ထိခိုက်နစ်နာမည်ကို မလိုလားချေ။ ဂျိန်းဝါဒကို စွန်.၍ မိမိ၏တပည်. အဖြစ်သို.ခံယူသော ဥပါလိသူကြွယ်နှင်. သီဟစစ်သူကြီးတို.အား ဂျိန်းရဟန်း တို.ကို ဆက်လက်လှူဒါန်းရန် သတိပေး၏။ (မဇ္ဈိမနိကာယ်- ဥပါလိသုတ်နှင်. ဝိနည်း- မဟာဝဂ္ဂခန္ဓက)။ ပရိဗိုဇ် တစ်ဦးအား ဟောကြားရာ၌ "ငါသည် သင်တို.ကို ငါ၏တပည်. ဖြစ်စေလို၍ သို.မဟုတ် သင်တို.၏ ဆရာနှင်. ကျင်.စဉ်ကို ပစ်ပယ်စေလို၍ ဟောပြောသည်ဟု မထင်မှတ်လင်.။ သင်တို.၏ ဆရာသာလျှင် သင်တို.၏ ဆရာဖြစ်ပါစေ။ သင်တို.၏ ကျင်.စဉ်သာလျှင် သင်တို.၏ ကျင်.စဉ်ဖြစ်ပါစေ" ဟု မိန်.ကြား၏။

(ဒီဃနိကာယ်၊ ဥဒုမ္ဗရိကသုတ်)

တရားဟောပြောရာ၌ ဗုဒ္ဓသည် ကြားနာသူ၏ ဥာဏ်ပညာ အနုအရင်.ကို ကြည်.၍ ဟောပြောလေ.ရှိ၏။ ရွာသူကြီးတစ်ဦးက ဗုဒ္ဓသည် လူတို.အား အတန်းအစား မခွဲခြားဘဲ တရားဟောပြောပါသလော ဟု မေးလျှောက်၏။ ထိုအခါ ဗုဒ္ဓက ရဟန်းသံဃာမှာ မြေဩဇာ ကောင်းသော ပထမတန်းစား လယ်မြေနှင်.တူကြောင်း၊ ဥပါသကာ, ဥပါသကာမ တို.မှာ ဒုတိယတန်းစားလယ်မြေနှင်.တူ၍ ဗုဒ္ဓဝါဒီ မဟုတ်သူများမှာ တတိယတန်းစား လယ်မြေနှင်.တူကြောင်း၊ လယ်သမားသည် ပထမတန်းစား လယ်မြေကို ရှေးဦးစွာ ထွန်ယက်သည်။ ထို.နောက်မှ ဒုတိယတန်းစားလယ်မြေကို ထွန်ယက်ပြီးလျှင် တတိယတန်းစားလယ်မြေကို နောက်ဆုံးမှ ထွန်ယက်သကဲ.သို. ပုဂ္ဂိုလ်အမျိုးမျိးကို ခွဲခြား၍ ဟောပြောဆုံးမရကြောင်း မိန်.ကြား၏။ (သံယုတ္တနိကာယ်၊ ဂါမဏိသံယုတ်- ဒုတိယအသိဗန္ဓက ပုတ္တဂါမဏိသုတ်)

မြင်းဆရာတစ်ဦးက မိမိသည် မြင်းများကို ယဉ်ပါးအောင်ပြုလုပ်ရာ၌ အချို.မြင်းများကို အနုနည်းဖြင်.၊ အချို့ မြင်းများကို အကြမ်းနည်းဖြင်. ယဉ်ပါးစေရပါသည်။ အနုနည်း အကြမ်းနည်းများဖြင်. ယဉ်ပါးအောင်လုပ်၍မရသော မြင်းများကိုကား ဖျက်ဆီးပစ်ရပါသည်ဟု လျှောက်၏။ ထိုအခါ ဗုဒ္ဓက မိမိသည်လည်း လူများကို ယဉ်ကျေးအောင် ဆုံးမရာ၌ ထိုနည်းသုံးမျိုးကို သုံးသည်။ သုစရိုက်မှုများ၏ အကျိုးကို ညွန်ပြခြင်းသည် အနုနည်း ဆုံးမခြင်းဖြစ်သည်။ ဒုစရိုက်မှုများ၏ အပြစ်ကို ညွှန်ပြခြင်းသည် အကြမ်းနည်း ဆုံးမခြင်းဖြစ်သည်။ ထိုနည်းနှစ်နည်းဖြင်. ဆုံးမ၍မရသောသူကို လျစ်လျူရှုရသည်။ ထိုသို. လျစ်လျူရှုခြင်းသည် ထိုသူအား အကျိုးစီးပွား ဆုတ်ယုတ်စေသောကြောင်. သူ.အား ဖျက်ဆီးခြင်းဖြစ်သည်ဟု မိန်.ကြား၏။ (အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်- ကေသိအဿဒမ၁မသာရထိသုတ်)

ဗုဒ္ဓသည် ကျွတ်ထိုက်သော ဝေနေယျသတ္တဝါတို.ကို ဦးစားပေး၍ ဟောပြော၏။ ဤအချက်နှင်.ဆိုင်သော သုတ္တန်ဒေသနာမှာ ရှင်းလင်းပြတ်သား၍ အလွန်မှတ်သားဖွယ်ကောင်းသောကြောင်. ပြည်.ပြည်.စုံစုံ ဖော်ပြပါအံ.။

"ရဟန်းတို.၊ လောက၌ သူနာသုံးမျိုးထင်ရှားရှိ၏။ ပထမသူနာသည် သင်.လျော်သော အစားအစာ၊ ဆေးနှင်. သူနာပြုကို ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ ရောဂါဝေဒနာမှ အထမမြောက်၊ ဒုတိယသူနာသည် သင်.လျော်သောဆေး၊ အစားအစာနှင်. သူနာပြုကို ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ ရောဂါဝေဒနာမှ ထမြောက်၏။ တတိယသူနာသည်ကား သင်.လျော်သော ဆေး၊ အစားအစာနှင်. သူနာပြုကို ရရှိမှသာလျှင် ရောဂါဝေဒနာမှ ထမြောက်၏။ ယင်းတို.ကို မရရှိပါက ရောဂါမှ မထမြောက်နိုင်ချေ။

ရဟန်းတို.၊ ထိုသူနာသုံးမျိုးတွင် နောက်ဆုံး တတိယသူနာအား လျှောက်ပတ်သော ဆေး၊ ဆွမ်း နှင်. သူနာပြုတို.ကို ငါခွင်.ပြု၏။ ဤသူနာကို အကြောင်းပြု၍ အခြားသူနာတို.ကိုလည်း လုပ်ကျွေးပြုစုအပ်၏။

ရဟန်းတို.၊ ထိုနည်းအတူ လောက၌ သူနာနှင်.တူသော ပုဂ္ဂိုလ်သုံးမျိုးရှိ၏။ ပထမပုဂ္ဂိုလ်သည် ဘုရားရှင်ကို ဖူးမြော်ရသည်ဖြစ်စေ၊ မဖူးမြော်ရသည်ဖြစ်စေ တရားတော် ကို ကြားနာရသည် ဖြစ်စေ၊ မကြားနာရသည်ဖြစ်စေ အရိယာမဂ်သို. သက်ဝင်မည်မဟုတ်။ ဒုတိယပုဂ္ဂိုလ်သည် ဘုရားရှင်ကို ဖူးမြော်၍ တရားတော်ကို ကြားနာရသည်ဖြစ်စေ၊ ဘုရားရှင်ကို မဖူးမြော်ရ၊ တရားတော်ကို မကြားနာရသည်ဖြစ်စေ အရိယာမဂ်သို. သက်ဝင်မည်ဖြစ်၏။ တတိယပုဂ္ဂိုလ်သည်ကား ဘုရားရှင်ကို ဖူးမြော်၍ တရားတော်ကြားနာရမှသာလျှင် အရိယာမဂ်သို. သက်ဝင်မည်ဖြစ်၏။ ဘုရားရှင်ကို မဖူးမြော်ရ၊ တရားကို မကြားနာရပါက အရိယာမဂ်သို. သက်ဝင်မည်မဟုတ်။

"ရဟန်းတို.၊ ထိုပုဂ္ဂိုလ်သုံးမျိုးတွင် နောက်ဆုံး တတိယပုဂ္ဂိုလ်အား တရားဟောခြင်းကို ငါခွင်.ပြု၏။ ထိုပုဂ္ဂိုလ်ကို အကြောင်းပြု၍ အခြားသူတို.အားလည်း တရားဟောကြားအပ်၏။" (အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ ဂိလာနသုတ်)

ဤဒေသနာ၌ ဗုဒ္ဓဝါဒသည် အမှန်တရားကို လက်ဝါးကြီးအုပ်ထားသော ပုဂ္ဂိုလ်ကျမ်းစာ ကိုးကွယ်မှုဝါဒ မဟုတ်ကြောင်းထင်ရှား၏။ ဗုဒ္ဓသည် ကျွတ်ထိုက်သော သူတို.ကို ဦးစားပေး၍ ဟောပြောသော်လည်း မဂ်ဖိုလ်နိဗ္ဗာန်နှင်. ဝေးသောသူတို.ကို လျစ်လျူမပြုချေ။ သူတို.စရိုက်ကို ကြည်.၍ သင်.လျော်သောတရားကို ဟောလေ.ရှိ၏။ သူတို.၏ မူလရှိရင်းစွဲ ယုံကြည်ချက်ကို ဝေဖန်ပြစ်တင်ခြင်း မပြုဘဲ အမှန်တရားကို သိမ်မွေ.စွာ ထောက်ပြလေ.ရှိ၏။ ဂင်္ဂါမြစ်ထဲ၌ ရေချိုးခြင်းဖြင်. မကောင်းမှုအညစ်အကြေး ကင်းစင်သည်ဟု ယူဆသော ဗြာဟ္မဏတစ်ဦးအား အပြစ်မတင်ဘဲ "ဤအယူမှာ သင်တို.၏ အယူဖြစ်သည်။ ငါ၏ သာသနာ၌မူ မဂ္ဂင်ရှစ်ပါးသည် ကိလေသာအညစ်အကြေး စွန်.ပစ်ရာ ရေအိုင်ဖြစ်သည်" စသည်ဖြင်. ဟောကြား၏။( သံယုတ္တနိကာယ်၊ ဗြာဟ္မဏသံယုတ်၊ သင်္ဂါရဝဗြာဟ္မဏသုတ်)

ထိုသို. အခြားအယူဝါဒများအပေါ်၌ ဗုဒ္ဓ၏ သဘောထားကြီးမှုသည် ဗုဒ္ဓဒေသနာများကို လေ.လာရာ၌ ကျွန်ုပ်တို. သတိပြုရမည်. အချက်ဖြစ်၏။ အဘယ်ကြောင်.ဆိုသော် ဗုဒ္ဓက မည်သို.မျှ မဝေဖန်ဘဲ ဆိတ်ဆိတ်နေမှုကြောင်. ပိဋကတ်ထဲသို. မသိမသာ ဝင်ရောက်၍ ဘုရားဟော တရားယောင်ယောင် ဖြစ်နေသော အယူဝါဒများ ရှိရပေမည်။ ဥပမာ " မိဘတို.က သားသမီး အလိုရှိကြခြင်း၏ အကြောင်းတစ်ပါးမှာ ဘဝတစ်ပါးသို. ပြောင်းသွားကုန်သော ငါတို.အား အလှူ၏ အဖို.ကို ပေးဝေလတ္တံ. ဟူုသော ယုံကြည်ချက်ဖြစ်၏" ဟူသောစကား (အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်- ပဉ္စဌာနသုတ်) ဖြင်. ထိုယုံကြည်ချက်သည် ဗုဒ္ဓမပေါ်မီက ရှိနှင်.ပြီးဖြစ်၍ နောက်မှ ဗုဒ္ဓစာပေထဲသို. ဝင်ရောက်လာသော စကားဖြစ်ကြောင်း ထင်ရှား၏။

ကျွတ်ထိုက်သော (ဝါ) အသိဥာဏ်ရှိသော ပုဂ္ဂိုလ်တို.ကို ဟောပြောဆုံးမရာ၌မူ ဗုဒ္ဓသည် ရှေးအစဉ်အလာ ယုံကြည်ချက်များနှင်. ပတ်သက်၍ ပွင်.လင်းပြတ်သား၏။ ဇာတ်ဝါဒကို ပြင်းပြင်းထန်ထန် မရှုတ်ချသော်လည်း ရဟန်းဘောင်၌ ထိုဝါဒကို လုံးဝလက်မခံချေ။ ရဟန်းတို. သည် အင်္ဂဝိဇ္ဇာ၊ ယတြာ၊ ဗေဒင်၊ ဓာတ်ရိုက်ခြင်းစသော လောကီအတတ်ပညာများကို လေ.လာသင်ကြား ပို.ချခြင်း မပြုကြရချေ (သုတ္တနိပါတ်တုဝဋကသုတ်နှင်. ဝိနည်းစူဠခန္ဓက)။ " နက္ခတ်ကို ငံ.လင်.သော သူမိုက်အား အကျိုးသည်ယုတ်၏။ ကောင်းကင် ကြယ်နက္ခတို.သည် အဘယ်အကျိုးပြုလတ္တံ.နည်း" (ဧကနိပါတ် နက္ခတ္တဇာတ်)။ မင်္ဂလာရှိသော အမည်ကို အလိုရှိသည်. ရဟန်းတစ်ပါးအား အမည်နာမမည်သည် ပညတ်မျှသာဖြစ်၍ အမည်ဖြင်.ကိစ္စပြီးသည် မဟုတ်။ အလုပ်လုပ်မှသာ ကိစ္စပြီးကြောင်း ဟောကြား၏။ (ဧကနိပါတ် နာမသိဒ္ဓိဇာတ်)

အခါတစ်ပါး၌ ဗုဒ္ဓသည် ရဟန်းအပါင်း ခြံရံလျက် တရားဟောနေစဉ် ရုတ်တရက် ချေဆတ်တော်မူ၏။ ထိုအခါရဟန်းတို.က "ဇီဝတု၊ အရှင်ဘုရားသည် အသက်ရှည်စွာ နေရပါစေသတည်း" ဟုဆိုကြ၏။ ဗုဒ္ဓက "ရဟန်းတို. ၊ ချေဆတ်သော သူကို ဇီဝတုဟု ဆိုကာမျှဖြင်. အသက်ရှည်မည်မဟုတ်ကြောင်း ရဟန်းတို.က လျှောက်သော် ဗုဒ္ဓက " သို.ဖြစ်လျှင် လူတစ်ဦးတစ်ယောက်ချေဆတ်သောအခါ ဇီဝတုဟုဆိုသော ရဟန်းအား ဒုက္ကဋ် အာပတ်သင်.စေ" ဟု ပညတ်တော်မူ၏။ (ဝိနည်းပိဋကတ်၊ စူဠခန္ဒက)

ဗုဒ္ဓ၏ အထိရောင်ဆုံး သင်ပြဆုံးမနည်းမှာ ကိုယ်တော်တိုင် နမူနာစံပြမှုဖြစ်၏။ ငါဘုရားကို မြင်သောသူသည် တရားကို မြင်သည် ဆိုသောစကားမှာ မှန်လှ၏။ ဗုဒ္ဒ၏ ကြင်နာသိမ်မွေ.သော အပြောအဆို၊ အပြုအမူနှင်. စိတ်နေသဘောထားသည် များစွာစော လူတို.ကို ဆွဲဆောင်နိုင်ကြောင်း ယုံမှားစရာမရှိချေ။ မူလပထမက ရန်လိုသော သူတို.သည်ပင် နောက်ဆုံး၌ ဗုဒ္ဓကို ကြည်ညိုလေးစားလာကြ၏။

မိမိကို ဆဲရေးသော ဗြာဟ္မဏတစ်ဦးအား ဗုဒ္ဓက သည်းခံ၍ ဟောပြောဆုံးမသော စကားသည် အထူးမှတ်သားဖွယ်ကောင်း၏။ ဗုဒ္ဓက " ဗြာဟ္မဏ၊ သင်သည် သင်၏ထံသို.လာသော ဆွေမျိုးသားချင်းတို.အား ခဲဖွယ်ဘောဇဉ် ပေးကမ်းသည် မဟုတ်ပါလော။ ထိုသူတို.သည် သင်ပေးကမ်းသည်ကို မခံယူပါက ထိုစားဖွယ်ခဲဖွယ်များသည် သင်.အဖို.သာလျှင်ဖြစ်သည် မဟုတ်ပါလော။ ထို.အတူ သင်၏ ဆဲရေးခြင်းကို ငါတို.ကတုံ.ပြန်ခြင်းဖြင်. မခံယူကုန်။ ထိုသို.မခံယူသဖြင်. သင်၏ဆဲရေးခြင်းသည် သင်.အဖို.သာလျှင်ဖြစ်သည်" စသည်ဖြင်.မိန်.ကြား၏။ ထိုဗြာဟ္မဏသည် ရဟန်းပြု၍ နောက်ဆုံး၌ ရဟန္တာဖြစ်သွား၏။ (သံယုတ္တနိကာယ်၊ ဗြဟ္မဏသံယုတ်- အက္ကောသ ဘာရဒွါဇသုတ်)

တခါသော် ဗုဒ္ဓသည် သစ္စကပရိဗိုဇ်အား တရားဟော၏။ တရားဟောနေစဉ် သစ္စကပရိဗိုဇ်သည် တစ်ခါတစ်ရံ ကြားဖြတ်၍ " အရှင်ဂေါတမသည် နေ.အခါ၌ အိပ်စက်သည် မဟုတ်ပါလော။ ထိုသို.အိပ်စက်ခြင်းကို မောဟဖုံးလွှမ်း၍ တွေဝေနေခြင်းဟု အချိုသော သာမဏဗြာဟ္မဏတို.က ဆိုကုန်သည်" စသည်ဖြင်. ပြက်ရယ်ပြု၏။ ထိုသို. မထီမဲ.မြင် ပြက်ရယ်ပြုခြင်းကို ခံရသော်လည်း ဗုဒ္ဓသည် စိုးစိမျှမတုန်လှုပ်ဘဲ ဆက်လက်၍ တရားဟော၏။ တရားပြီးဆုံးသွားသောအခါ၌လည်း သစ္စကသည် ဗုဒ္ဓတရားကို ကြိုက်နှစ်သက်ဟန်မရှိ။ ဗုဒ္ဓ၏ တပည်.အဖြစ်ကို မခံယူ။ သို.ရာတွင် ဗုဒ္ဓ၏ သည်းခံနိုင်မှုကို များစွာအံ.ဩရကား " အို…အရှင်ဂေါတမ၊ အံ.ဩဖွယ်ကောင်းလှပါပေ၏။ ကျွန်ုပ်သည် ပုရာဏကဿပ၊ အဇိတကေသကမ္ဗလ စသော ဆရာတို.နှင်. စကားပြောဆိုဖူးပါ၏။ သူတို.သည် ကျွန်ုပ်၏စကားကို မနှစ်သက်ပါက ဒေါသထွက်သော အမူအရာ၊ နှလုံးမသာသော လက္ခဏာကို ထင်စွာပြကြပါ၏။ အရှင်ဂေါတမမူကား ကျွန်ုပ်က ထိပါးပုတ်ခတ်၍ ပြောပါသော်လည်း အရေအဆင်းသည် ပြိုးပြိုးပြက်ပြက် တောက်ပ၏။ မျက်နှာအဆင်းသည် ကြည်လင်၏။ ပူဇော်အထူးကိုခံတော်မူထိုက်သော ဘုရား၏ ကြည်လင်ခြင်းကဲ.သို. ပါတည်း" စသည်ဖြင်. ချီးကျူပြောဆိုလေသည်။ (မဇ္ဈိမနိကာယ်၊ မဟာသစ္စကသုတ်)

မထေရ်တစ်ပါးသည် မိမိကြုံတွေ.ခဲ.ရသော ဗုဒ္ဓ၏ ကြင်နာမှုကို မမေ.နိုင်ချေ။ ထိုမထေရ်သည် ရဟန်းမပြုမီက အိမ်မှနှင်ထုတ်ခံရသဖြင်. ဗုဒ္ဓသီတင်းသုံးသော ကျောင်း၏ ဥယျာဉ်တံခါးဝ၌ နေရ၏။ ဗုဒ္ဓသည် သူ.ကို ကြင်နာစွာ ပွတ်သပ်၍ လက်ကို ကိုင်ပြီးလျှင် ကျောင်းဥယျာဉ်ထဲသို. ခေါ်သွား၏။ ထို.နောက် ခြေဆေး၍သုတ်ရန် ပုဆိုးကြမ်းတစ်ထည်ပေးတော်မူ၏။ (ထေရဂါထာ၊ ပန္တက မထေရ် ဝတ္ထု)

ဗုဒ္ဓသည် ရဟန်းသံဃာတို.၏ ချမ်းသာမှုကို လိုလား၏။ ဝါကျွတ်သောအခါ မိမိအားဖူးမြော်ရန် ရပ်ဝေးမှလာကုန်သော ရဟန်းတို.အား ကျန်းမာချမ်းသာစွာ နေခဲ.ကြပါ၏လော။ အခက်အခဲမရှိဘဲ ဆွမ်းရကြပါ၏လော စသည်ဖြင်. မေးမြန်းလေ.ရှိ၏။ တစ်ခါတစ်ရံ ကျောင်းစဉ်လှည်.လည်၍ ရဟန်းတို.၏ နေရေးထိုင်ရေး အခြေအနေကို ကြည်.ရှုတော်မူလေ.ရှိ၏။

တစ်ခါသော် ရဟန်းတစ်ပါးသည် ဝမ်းသက်ရောဂါဖြစ်၍ မိမိကျင်ကြီးကျင်ငယ်၌ လူးလိမ်.လျက် အိပ်ရ၏။ ဗုဒ္ဓသည် အရှင်အာနန္ဒာနှင်.အတူ ကျောင်းစဉ်လှည်.လည်ရင်း ထိုသူနာရဟန်းကိုမြင်၍ မေးမြန်းစုံစမ်းပြီးလျှင် အရှင်အာနန္ဒာအား " အာနန္ဒာ၊ သွားချေ။ ရေယူဆောင်ခဲ.လော။ ဤရဟန်းကို ရေချိုးကုန်အဲ." ဟု မိန်.တော်မူ၏။ ထို.နောက် အရှင်အာနန္ဒာနှင်.အတူ ရဟန်း၏ကိုယ်ပေါ်သို. ရေသွန်းလောင်း၍ ဆေးကြောပေး၏။ ဆေးကြောပြီးသော် ဗုဒ္ဓနှင်. အရှင်အာနန္ဒာတို.သည် သူနာရဟန်းကို ချီမ၍ ညောင်စောင်းပေါ်၌ တင်ထားကြ၏။ ထို.နောက် ဗုဒ္ဓသည် ရဟန်းတို.ကို စည်းဝေးစေပြီးလျှင် "ရဟန်းတို.၊ သင်တို.အား လုပ်ကျွေးမည်. အမိအဖတို. မရှိကြကုန်။ သင်တို.သည် အချင်းချင်း မလုပ်ကျွေးလျှင် အဘယ်သူသည် လုပ်ကျွေးလတ္တံ.နည်း။ ငါဘုရားအား လုပ်ကျွေးသောရဟန်းသည် နာဖျားသောရဟန်းအားလည်း လုပ်ကျွေးရာ၏" စသည်ဖြင်. ဟောတော်မူ၏။ (ဝိနည်းပိဋကတ်၊ မဟာခန္ဓကသုတ်)

ဗုဒ္ဓ၏ ဘဝဖြစ်စဉ်၌ ဗုဒ္ဓ၏ မေတ္တာကရုဏာကြီးမားပုံကိုပြသော အခြားဖြစ်ရပ်များ ရှိခဲ.တန်ရာ၏။ ယင်းတို.ကို ပိဋကတ်စာပေ၌ များများစားစားမတွေ.ရခြင်းမှာ ပိဋကတ်ဆရာများက ဗုဒ္ဓ၏ဘဝဖြစ်စဉ်ကို ဒေသနာများလောက် ဂရုမပြုခဲ.ကြသောကြောင်.ဖြစ်ရပေမည်။ အထက်ပါဖြစ်ရပ်သည် ပင် မိမိနှင်. သီတင်းသုံးဖော် သူနာရဟန်းကို လုပ်ကျွေးပြုစုရန် ပျက်ကွက်သော ရဟန်းအား ဒုက္ကဋ်အာပတ်သင်.စေဟု အဘယ်ကြောင်. ဗုဒ္ဓက ပညတ်ခဲ.ကြောင်း ဖော်ပြရန် ဝိနည်းပိဋကတ်၌ ထည်.သွင်းထာခဲ.ကြဟန်တူ၏။ အကယ်၍ ထိုပညတ်ချက် မရှိခဲ.ပါမူ ဗုဒ္ဓက သူနာရဟန်းတစ်ပါးအား ကိုယ်တိုင်ကြင်နာစွာ ပြုစုတော်မူသော သာဓကကို ပိဋကတ်၌ ကျွန်ုပ်တို. တွေ.ရမည်မဟုတ်ချေ။




Read More...

ဗုဒ္ဓ၏ထူးခြားချက်များ

Published by roman under on 9:00 PM

(ခ) ဗုဒ္ဓ၏ထူးခြားချက်များ

ဗုဒ္ဓသည် မိုးရာသီ၌ နားနေ၍ အခြားအခါကာလများတွင် တစ်နေရာမှ တစ်နေရာသို. ခရီးလည်.လည်ပြီးလျင် တရားဟောတော်မူလေ.ရှိ၏။ တစ်ခါတစ်ရံ၌မူ သာဝတ္တိ၊ ဝေသာလီ စသော မြို.ကြီးများ၌ သီတင်းသုံးတော်မူ၏။ မဇ္ဈိမနိကာယ် အရိယပရိယေသန သုတ်၏ နိဒါန်း၌ ဗုဒ္ဓသည် သာဝတ္တိမြို.၌ သီတင်းသုံးတော်မူ၏။ မဇ္ဈိမနိကာယ် အရိယပရိယေသန သုတ်၏ နိဒါန်း၌ ဗုဒ္ဓသည် သာဝတ္တိမြို.၌ သီတင်းသုံးနေတော်မူစဉ် တစ်နေ.တာ မည်သို. ကုန်လွန်စေပုံကို ဖော်ပြထား၏။

တစ်နေ.သော နံနက်စောစော၌ ဗုဒ္ဓသည် သင်းပိုင်ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျင် မြို.တွင်းသို. ဆွမ်းအလို.ငှာ ကြွသွား၏။ ထိုအခါ ရဟန်းတို.သည် အရှင်အာနန္ဒာအား ဘုရားရှင်၏ တရားစကားကို မိမိတို. မကြားနာရသည်မှာ ကြာလှပြီဖြစ်၍ ကြားနာလိုကြောင်း လျှောက်ကြ၏။ အရှင်အာနန္ဒာက ရဟန်းတို.အား ဒမ္မိက ပုဏ္ဏား၏ ကျောင်းသင်္ခမ်းသို.သွား၍ နေကြရန်ပြော၏။ ရဟန်းတို.သည် ထိုကျောင်းသို. သွားကြ၏။ ဗုဒ္ဓသည် ဆွမ်းစားပြီးလျင် အရှင်အာနန္ဒာကိုခေါ်၍ ပုဗ္ဗာရုံကျောင်းသို. ကြွသွားတော်မူ၏။ ထိုကျောင်း၌ တစ်နေကုန် နေတော်မူပြီးလျင် အရှင်အာနန္ဒာနှင်.အတူ ရေချိုးဆိပ်သို. ကြွသွား၍ ရေသပ္ပာယ်တော်မူ၏။ ရေသပ္ပာယ်ပြီးသောအခါ အရှင်အာနန္ဒာက ဘုရားရှင်အား ဒမ္မကပုဏ္ဏား၏ကျောင်းသို. ကြွတော်မူရန် ပန်ကြား၏။ ဗုဒ္ဓသည် ထိုကျောင်းသို. ကြွသွား၏။

ရဟန်းတို.သည် တရားစကားဖြင်. စည်းဝေးနေကြ၏။ ဗုဒ္ဓသည် တံခါးမုခ်အပြင် ဘက်၌ရပ်လျက် စကားအဆုံးကို ဆိုင်းငံ.နေတော်မူ၏။ စကားဆုံးလတ်သော် ချောင်းဟန်.၍ တံခါးရွက်ကို ခေါက်၏။ ရဟန်းတို.က တံခါးကိုဖွင်.၍ ဗုဒ္ဓသည် ခင်းထားအပ်သော နေရာ၌ ထိုင်ပြီးလျင် " ရဟန်းတို.၊ ယခုကြွလာသော အခါ အဘယ်စကားဖြင်. သင်တို.စည်းဝေး၍ ဟောပြောနေကြကုန်သနည်းဟု လျှောက်ကြသော် ဗုဒ္ဓသည် မိမိ ဘုရားမဖြစ်မီက ကြုံတွေ.ခဲ.ရပုံများကို ပြောပြလို၍ အရိယပရိယေတနသုတ်ကို ဟောတော်မူ၏။

ထိုတရားပွဲများ၌ တခါတစ်ရံ ရဟန်းတစ်ပါးသည် နေရာမှထ၍ လက်အုပ်ချီကာ ဗုဒ္ဓအား အခွင်.ပန်ကြားပြီးသည်.နောက် မိမိသိလိုသောအချက်ကို မေးလျှောက်လေ.ရှိ၏။ တရားပွဲများသည် အတော်ညဉ်.နက်မှပြီးဆုံး၏။ ဘုရားရှင် ပင်ပန်းညောင်းညာသောအခါ အရှင်အာနန္ဒာ၊ အရှင်သာရိပုတ္တရာစသော တပည်.မထေရ်ကြီးများက ဆက်လက်၍ ဟောပြောကြ၏။

ဗုဒ္ဓနှင်. ရဟန်းသံဃာတို.၏ စည်းဝေးပွဲများသည် အလွန်တိတ်ဆိတ်သော စည်းဝေးပွဲများဖြစ်၏။ သာမညဖလသုတ်၌ အဇာတသတ်မင်းသည် ဘုရားရှင်ကို ဖူးမြှော်ရန် ဆရာဇီဝကနှင်.အတူ ကျောင်းတော်သို. သွား၏။ အချိန်ကား ညချမ်းအချိန်ဖြစ်၏။ ဘုရင်သည် ကျောင်းအနီးသို. ချဉ်းကပ်မိသောအခါ ကြက်သီးမွေးညင်းထ၍ ထိတ်လန်.သွား၏။ အဘယ်ကြောင်.ဆိုသော် ထိုအချိန်၌ ဗုဒ္ဓသည် ရဟန်းသံဃာ ၁၅၀၀ နှင်.အတူ ကျောင်းတိုက်ထဲ၌ သီတင်းသုံးနေတော်မူသော်လည်း ချောင်းဆိုးသံ ချေသံ တစ်ချက်မျှမကြားရဘဲ အလွန်တိတ်ဆိတ်နေသောကြောင်.ဖြစ်၏။ ဇီဝကက အားပေးနှစ်သိမ်.မှ အဇာတသက်မင်းသည် ကြောက်စိတ်ပြေ၍ ကျောင်းထဲသို.ဝင်ပြီးနောက် ဗုဒ္ဓကို ဖူးမြော်လေသည်။

ဗုဒ္ဓသည် တိတ်ဆိတ်မှုကို နှစ်သက်၏။ တစ်ခါတစ်ရံ ဆွမ်းစားပြီးလျှင် တောထဲသို. ကြွသွား၍ သစ်ပင်များအောက်၌ နေတော်မူလေ.ရှိ၏။ ရဟန်းတို.အား စကားပြောလျင် တရားစကားကိုသာပြောရန်၊ သို.မဟုတ် ဆိတ်ဆိတ်နေရန် မကြာခဏသတိပေး၏။ တစ်ခါသော် ဗုဒ္ဓကို ဖူးမြော်ရန် ရောက်လာကြသော ရဟန်းတို.သည် အချင်းချင်း အော်ဟစ်ပြောဆို၍ ဆူညံလှသဖြင်. ကျောင်းမှ နှင်ထုတ်ခံကြရ၏(မဇ္ဈိမနိကာယ်၊ စတုမသုတ်)။ တိတ်ဆိတ်မှုကို ဗုဒ္ဓနှစ်သက်ကြောင်း လူအများသိကြ၏။ ပရိဗိုဇ်တို.သည် ဆူညံစွာ စကားပြောနေကြစဉ် အဝေးမှလာသော ဗုဒ္ဓဝါဒီတစ်ဦးကို မြင်သော် အချင်းတို. အသံမပြုကြကုန်လင်.၊ ဗုဒ္ဓ၏တပည်.သည် လာနေ၏။ သူတို.သည် တိတ်ဆိတ်မှုကို နှစ်သက်၏ ဟု အချင်းချင်း သတိပေး၍ ဆိတ်ဆိတ်နေကြ၏။(အင်္ဂုတ္တရ-ကိံဒိဌိကသုတ်)

ဗုဒ္ဓ၏ ရုပ်သွင်ပြင် လက္ခဏာကို ယခုခေတ် လူတို.စိတ်ကူဖြင်. ခန်.မှန်းကြည်.ရန်ခဲယဉ်း၏။ အဘယ်ကြောင်.ဆိုသော် ရှေးအကျဆုံး ဗုဒ္ဓရုပ်ဆင်းတုတော်များသည် ဂရိ(ခေါမ) လက်ရာများကို အခြေပြုထား၍ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးသည်.နောက် နှစ်ပေါင်း အတော်ကြာသည်.တိုင်အောင် ဗုဒ္ဓရုပ်တုများကို ထုလုပ်ကိုးကွယ်သော အလေ.အထမရှိချေ။ အင်္ဂလိပ် ပညာရှင် ဆာချား(စ) အဲလိယော. ၏ ထင်မြင်ချက်ကို ဖော်ပြရမည်ဆိုသော် " သူတော်သူမြတ်အသွင် ပြထားသော ဗုဒ္ဓရုပ်တုများ ကို ကြည်.ခြင်းအားဖြင်. ဗုဒ္ဓ၏ ရုပ်လက္ခဏာသွင်ပြင်ကို အမှန်အတိုင်း စိတ်ထဲ၌ မြင်လာနိုင်လိမ်.မည်ဟု ကျွန်ုပ် မထင်ပါ။ အိန္ဒိယပြည်ဆားနတ်အရပ်၌ တွေ.ရသော လုလင်ပျိုအသွင် ထုလုပ်ထားသည်. ဗုဒ္ဓရုပ်တုများသည် သာလျှင် ဗုဒ္ဓ၏ နဂိုဥပဓိရုပ်ကို အတော်အတန် မှန်ကန်စွာ ဖော်ပြထားသည်ဟု ကျွန်ပ်ထင်ပါသည်။ ထိုရုပ်တုများသည် ဂေါတမဗုဒ္ဓ၏ ရုပ်အင်္ဂါလက္ခဏာများကို တိကျမှန်ကန်စွာ ဖော်ပြထားသည်ဟု မဆိုနိုင်စေကာမူ သန်မာတောင်.တင်းသော ကိုယ်လုံးကိုယ်ပေါက်နှင်. အာဇာနည်စိတ်ဓာတ်ရှိသော နိပေါမင်းသားပျို၏ ရုပ်လက္ခဏာ ပေါ်ထင်လျက်ရှိပါသည်။ ဂေါတမသည် ဗုဒ္ဓ၊ သို.မဟုတ် စကြဝတေးမင်းဖြစ်ရန် ဇာတာပါသည်ဆိုသော စကားမှာ ယုတ္တိရှိ၏။" (Sir Charles Eliot: Hindduism & Buddhism- Vol.I, pp.171)

ဗုဒ္ဓသည် ကျန်းမာတောင်.တင်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ပိဋကတ်စပေ၌ထင်ရှား၏။ ဘုရားမဖြစ်မီက ခြောက်နှစ်တိုင်တိုင် ပြင်းထန်သောအကျင်.ကို ဆင်းရဲငြိုငြင်စွာ ကျင်.နိုင်ခဲခြင်း၊ အသက် ၈၀ ထိ တစ်နေရာမှ တစ်နေရာသို. ခြေလျင်ခရီးလည်.လည်၍ တရားဟောပြောခြင်း၊ အိုမင်းသောအရွယ်၌ ရောဂါဝေဒနာ အပြင်းအထန်ခံစားပြီးသည်.နောက်၌ပင် မိုင်ပေါင်းများစွာ ဝေးသော ကုသိနာရုံသို. ခြေလျင်ခရီးကြွသွားခြင်း စသည်တို.ကို ထောက်ချင်.၍ ဗုဒ္ဓသည် ကိုယ်ခန္ဒာ အထူးကြံ.ခိုင် တောင်.တင်းကြောင်းယုံမှားဖွယ်မရှိချေ။

ထိုမျှ ထူးထူးခြားခြား ကိုယ်လက်ကျန်းမာတောင်.တင်းမှုသည် အကြောင်းအမျိုးမျိုးကြောင်. ဖြစ်၏။ ဗုဒ္ဓသည် အစားအသောက်၌ မယုတ်မလွန် ခြိုးခြံ၏။ " ရဟန်းတို.၊ ငါသည် ညစာမစားရသောကြောင်. ကျန်းမာ၍ အနာရောဂါကင်း၏။ ကိုယ်လက်ကြံ.ခိုင်၍ ချမ်းသာစွာနေရ၏" မဇ္ဈိမ နိကာယ်၊ ကိဋာဂီရိသုတ်။ လောက၌ကျန်းမာ၍ အသက်ရှည်သောသူတို.သည် အများအားဖြင်. ဘဝရည်ရွယ်ချက် တစ်ခုခုရှိ၍ မနားမနေ အလုပ်လုပ် သောသူများ ဖြစ်၏။

ဗုဒ္ဓသည် လူသတ္တဝါတို.ကို သံသရာဝဋ်ဆင်းရဲမှ ကယ်ချွတ်ရန် ရည်ရွယ်၍ ပရိနိဗ္ဗာန်ပြုခါနီးသော အခါ၌ပင် သုဘဒ္ဒါရဟန်းအား ဟောပြောဆုံးမတော်မူခဲ.သေးသည် မဟုတ်ပါလော။

ဗုဒ္ဓအား အထူးကျန်းမာ အသက်ရှည်စေသော အဓိကအကြောင်းတရားမှာ ကိလေသာမီးအားလုံး ငြိမ်းသတ်ပြီး၍ ထာဝရ စိတ်ငြိမ်းချမ်းမှုဖြစ်၏။ တစ်ခါသော် ဗုဒ္ဓသည် အာဠဝီပြည် နွားတို.သွားရာဖြစ်သော လမ်းနံဘေးရှိ ရင်းတိုက်တောအတွင်း သစ်ရွက်အခင်း၌ သီတင်းသုံးနေတော်မူ၏။ ဟတ္ထာအာဠဝက မင်းသားသည် လှည်.လှည်သွားလာရင်း ဗုဒ္ဓကိုမြင်လေသော် အနီးသို.ချဉ်းကပ်ပြီးလျင် "မြတ်စွာဘုရား၊ အရှင်ဘုရားသည် ချမ်းသာစွာ အိပ်စက်တော် မူရပါ၏လော" ဟုမေးလျှောက်၏။ ဗုဒ္ဓက " မင်းသား၊ ငါသည် ချမ်းသာစွာ အိပ်ရပေသည် "ဟု ပြန်ပြော၏၊

ထိုအခါ မင်းသားသည် များစွာအဲ.ဩ၍ "အရှင်ဘုရား၊ ယခုအချိန်အခါသည် ဆောင်းဥတုဖြစ်၍ အလွန်အေးချမ်းလှပါ၏။ မြေသည် နွားခွာရာတို.ဖြင်. ကြမ်းတမ်းလှပါ၏။ သစ်ရွက်အခင်းသည် ပါးလွန်းလှပါ၏။ သစ်ပင်မှ သစ်ရွက်တို.သည် ကျဲရရဲ ရှိကြပါကုန်၏။ အရပ်လေးမျက်နှာမှ အေးမြသော လေတိုက်ခတ်နေ၍ ဆီးနှင်းတို. တဖွဲဖွဲကျလျက်ရှိပါ၏။ သို.ဖြစ်ပါလျက် ငါသည် ချမ်းသာစွာအိပ်ရသည် ဟု အရှင်ဘုရား မိန်.တော်မူဘိ၏" ဟုလျှောက်၏။ ထိုအခါ ဗုဒ္ဓက လောက၌ ကာမဂုဏ် ခံစား၍ နူးညံ.သောနေရာ၌ အိပ်ရသော်လည်း ကိလေသာမီး တောက်လောင်နေသောသူသည် ချမ်းသာစွာအိပ်ရမည် မဟုတ်ကြောင်း၊ မိမိမှာ ကိလေသာ ရာဂမီး ပယ်သက်ပြီးပြီဖြစ်၍ မည်သည်.နေရာမျိုး၌မဆို ချမ်းသာစွာ အိပ်စက်ရကြောင်း မိန်.တော်မူလေသည်။ (အင်္ဂုတ္တရနိကာယ်၊ တိကဒဟတ္ထာဠဝကသုတ်)

ဗုဒ္ဓ၏ စိတ်ငြိမ်းချမ်းမှုသည် ရုပ်လက္ခဏာ အဆင်းသဏ္ဌာန်၌ အမြဲထင်ဟပ်ပေါ်လွင်နေမည်ဖြစ်၏။ သို.ဖြစ်၍ ဗုဒ္ဓကို ပထမအကြိမ် တွေ.မြင်ရသော ဥပကတက္ကတွန်းက "ငါ.ရှင် ၊ သင်သည် မည်သူဖြစ်သနည်း၊ သင်၏ ဣနြေ္ဒတို.သည် ကြည်လင်လှ၏။ အရေးအဆင်းသည် စင်ကြည်၍ ပြိုးပြိုးပြက်ပြက်ရှိ၏" ဟု ဆို၏။ ဗုဒ္ဓကို ဆေးဖော်ကြောဖက် မလုပ်ဘဲနေရန် ဆုံးဖြတ်ထားသော ပဉ္စဝဂ္ဂီငါးဦးသည် ဗုဒ္ဓကို မြင်ရုံနှင်.ပင် မိမိတို.၏ဆုံးဖြတ်ချက်ကို မေ.လျော.၍ ခရီးဦးကြိုပြုကြ၏။

ဗုဒ္ဓ၏ တင်.တယ်ခံညားသော ဥပဓိရုပ်ကြောင်. တစ်ကြိမ်မြင်ကာမျှနှင်. ကြည်ညိုသောသူများ ရှိသည်.နည်းတူ ဗုဒ္ဓ၏ သီလဂုဏ်၊ သမာဓိဂုဏ် သတင်းကို ကြားကာမျှနှင်. ကြည်ညိုသောသူများမှာလည်း မနည်းလှချေ။ ပေါက္ခရဿတီ, သောဏဒန္တ စသော အလွန်ဇာတ်ကြီး၊ မာနကြီးသည်. ဗြဟ္မာဏခေါင်းဆောင်တိုသည်ပင် ဗုဒ္ဓ၏ ဂုဏ်သတင်းကို ကြားရုံမျှနှင်. သွားရောက်ဖူးတွေ.လိုသော ဆန္ဒဖြစ်ပေါ်လာကြ၏။ ပါဠိပိဋကတ်၌ ဗုဒ္ဓအား အထူးလှိုက်လှိုက်လှဲလှဲ ကြည်ညိုသော ပုဂ္ဂိုလ်နှစ်ဦးမှာ ဗြဟ္မာယုအမည်ရှိ ဇာတ်ကြီး ဗြဟ္မာဏတစ်ဦးနှင်. ပသေနဒီကောသလမင်းတို. ဖြစ်၏။ သူတို.သည် ဗုဒ္ဓ အထံသို.လာ၍ ဖူးမြော်သောအခါ၌ ဗုဒ္ဓ၏ ခြေတို.ကို လက်ဖြင်.ဆုပ်နယ်ပွတ်သပ်၍ ပါးစပ်ဖြင်.အထပ်ထပ် နမ်းရှုပ်ကြလေသည်။ (မဇ္ဈိမနိကာယ်၊ ဗြဟ္မာယုသုတ်နှင်. ဓမ္မစေတိယသုတ်)

ကောသလမင်းသည် ဓမ္မစေတိယသုတ်၌ ဗုဒ္ဓကို လူတို.မည်မျှကြည်ညိုလေးစားကြောင်း လျှောက်ကြား၏။ ဗုဒ္ဓ၏ တရားပွဲ၌ တရားနာပရိတ်သက်မှာ ဗုဒ္ဓကို အလွန်လေးစား၍ တိတ်ဆိတ်စွာ တရားနာကြသောကြောင်. တစ်စုံတစ်ယောက် ချောင်းဟန်.သံ၊ တံတွေးထွေးသံကို ဘယ်အခါမျှ မကြားရပါ။ တစ်ခါသော် မိမိသည် မှူးမတ်ဗိုလ်ပါများနှင်. ခရီးထွက်သွား၍ ညစခန်းချသောအခါ ဣသိဒတ္တနှင်. ပုရာဏအမည်ရှိ အမတ်ကြီးနှစ်ဦးသည် မိမိတို.၏ အရှင်သခင် ဘုရင် ရှိရာဘက်သို. ခြေပြု၍ ဗုဒ္ဓရှိရာအရပ်ကို ကားခေါင်းပြုလျက် အိပ်ကြပါသည်ဟု လျှောက်ထား၏။

ပရိဗိုဇ်တစ်ဦးကလည်း ရဟန်းဂေါတမသည် အရာမက များစွာသော ပရိသတ်အားတရားဟောနေစဉ် တစ်စုံတစ်ယောက်သောသူမျှ ချေဆတ်ခြင်း၊ ချောင်းဟန်.ခြင်း မပြုဘဲ ရိုသေစွာ တရားကြားနာကြပါသည်။ သိက္ခာချ၍ လူထွက်သော တပည်.တို.သည် ရဟန်းဂေါတမ၏ ဂုဏ်ကျေးဇူးကိုသာလျှင် ဆိုလေ.ရှိပါသည်။ သူတစ်ပါးကို မကဲ.ရဲ.ဘဲ မိမိတို.ကိုယ်ကိုသာ ကဲ.ရဲ.ကြပါသည်ဆို၏။(မဇ္ဈိမနိကာယ၊ မဟာသကုလုဒါယီသုတ်)

ဤသို.များစွာသောလူတို.၏ ကြည်ညိုလေးစားခြင်း ခံရသော်လည်း ဗုဒ္ဓသည် မိမိအား လွန်လွန်ကဲကဲ ပုဂ္ဂိုလ်စွဲ ကြည်ညိုမှုကို လုံးဝမလိုလားချေ။ မိမိအား အလွန်အမင်း ကြည်ညိုသော ဝက္ကလိရဟန်းအား မိန်.ကြားချက်သည် ရှင်းလင်းပြတ်သား၏။ "ဝက္ကလိ၊ ဤအပုပ်ကောင်ကို ဖူးမြင်ခြင်းဖြင်. အဘယ်အကျိုးရှိမည်နည်း။ ဝက္ကလိ၊ တရားကိုမြင်သောသူသည် ငါဘုရားကို မြင်သည်မည်၏။" (သံယုတ္တနိကာယ်၊ ခန္ဒသံယုတ်-ဝက္ကလိသုတ်)

စင်စစ်ဗုဒ္ဓသည် ကမ္ဘာသမိုင်း၌ အာဏာရှင်၊ နိုင်ငံရေး ဘာသာရေးခေါင်းဆောင်များ အားပေးလေ.ရှိသော ပုဂ္ဂိုလ်ကိုးကွယ်မှုကို အတိအလင်း ဆန်.ကျင်သော ရှေးဦးပထမ ပုဂ္ဂိုလ်ဖြစ်သည်ဆိုကမှားမည်မဟုတ်ချေ။ ဤအကြောင်းနှင်.ပတ်သက်သော ဗုဒ္ဓမိန်.ကြားချက်များကို ရှေ.၌ပြဆိုပါအံ.။

ဗုဒ္ဓသည် မိမိအား အလွန်အမင်း ချီးကျူးပူဇော်မှုကိုလည်း မနှစ်သက်ချေ။ တစ်ခါသော် ဗောဓိမင်းသားသည် ဗုဒ္ဓအား၊ နန်းတော်သို. ဆွမ်းစားရန် ပင်.ဖိတ်၍ ဗုဒ္ဓကြွလာမည်.လမ်း၌ အဖိုးတန် ကမ္ဗလာပုဆိုးဖြူကို ခင်းထား၏။ ဗုဒ္ဓသည် ကြွလာ၍ ပုဆိုးဖြူခင်းထားသည်ကို မြင်သော် ရှေ.ဆက်မသွားဘဲ ရပ်တန်.၍နေ၏။ မင်းသားက ပုဆိုးဖြူအခင်းအားလုံးကို ရုပ်သိမ်းပြီးသောအခါမှ နန်းတွင်းသို. ဝင်တော်မူ၏။ (မဇ္ဈိမ နိကာယ်၊ ဗောဓိရာဇကုမာရသုတ်)

လူအများ၏ ချီးကျူးပူဇော်ခြင်း ခံရသော်လည်း တစ်ခါတစ်ရံ ဗုဒ္ဓသည် မိမိကိုယ်ကို နှိမ်.ချ၍ ပြောလေ.ရှိ၏။ ပရဗိုဇ်တစ်ဦးက ဗုဒ္ဓသည် အစစအရာရာ၌ ခြိုးခြံစွာကျင်.နိုင်ပါပေသည်ဟု ချီးကျူး၏။ ထိုအခါ ဗုဒ္ဓက မိမိ၏ခြို.ခြံစွာကျင်.မှုမှာ အချို.သော တပည်.ရဟန်းတို.က မိမိထက်သာလွန်၍ ခြိုးခြံစွာ နေထိုင်စားသောက်ကြပါသည်ဟု မိန်.ကြား၏(မဇ္ဈိမနိကာယ်၊ မဟာသကုလဒါယီသုတ်)။ တစ်နေ.သော ညနေချမ်း၌ ဗုဒ္ဓသည် ရဟန်းများနှင်.အတူ ထိုင်လျက်ရှိစဉ် " ရဟန်းတို.၊ သင်တို.သည် အကယ်၍ ငါ၌ ကိုယ်နှင်.နှုတ်စပ်သော အပြစ်တစ်စုံတစ်ရာ တွေ.မြင်ပါက ငါ.အား လျှောက်ထားကြကုန်လော" ဟုမိန်.တော်မူ၏။ (သဂါထာဝဂ္ဂသံယုတ် ၊ ဝဂီသသုတ်)

ပိဋကတ်စာပေ၌ ဗုဒ္ဒ၏ စိတ်သဘောထား မြင်.မြတ်မှု၊ သနားကြင်နာမှု၊ ထောက်ထားစာနာမှုစသော ဂုဏ်များကို အထူးပေါ်လွင်ထင်ရှားစေသော ပါဠိတော်မှာ ဒီဃနိကာယ်မှ မဟာပရိနိဗ္ဗာနသုတ်ဖြစ်၏။ ဤနေရာ၌ ဗုဒ္ဓ၏ စိတ်ဓာတ်မြင်.မြတ်မှု ထင်ဟပ်နေသော နောက်ဆုံးမိန်.ကြားချက်များကို ဖော်ပြပါအံ.။

ဗုဒ္ဓသည် ရွှေပန်းထိမ်သား စုန္ဒ၏ ဝက်သားဆွမ်းကို ဘုဉ်းပေးပြီးနောက် ဝမ်းသွေးသွန် ရောဂါ အပြင်းအထန် ခံစားရ၏။ သို.ရာတွင် စုန္ဒအား စိတ်မကောင်း မဖြစ်စေလိုသောကြောင်. ဘုရားရှင်နောက်ဆုံးဘုဉ်းပေးသောဆွမ်းသည် အခြားဆွမ်းတို.ထက် အကျိုးအာနိသင် ကြီးမားသည်ဟူ ဘုရားရှင်၏ မျက်မှောက်မှ ကြားလိုက်ရကြောင်း ပြောပြ၍ စုန္ဒ၏ နှလုံးမသာခြင်းကို ဖြေဖျောက်ရန် အရှင်အာနန္ဒာအား မှာကြားတော်မူခဲ.၏။

အရှင်အာနန္ဒာက ဗုဒ္ဓသည် ပရိနိဗ္ဗာန် မစံဝင်မီ တပည်.သံဃာတို.အတွက် တစ်စုံတစ်ရာ မှာကြားတော်မူခဲ.လိမ်.မည်ဟု မိမိယုံကြည်ပါကြောင်း လျှောက်ထား၏။ ထိုအခါ ဗုဒ္ဓမိန်.ကြားသောစကားမှာ အောက်ပါအတိုင်းဖြစ်၏။

" အာနန္ဒာ၊ ငါဘုရားအား သင်တို. အဘယ်ကြောင်. ဤမျှလောက် တောင်.တနေဘိသနည်း။ ငါသည် တရားဓမ္မကို အကြွင်းမဲ. ဟောကြားခဲ.ပေပြီ။ သင်တို.သည် ငါ၏ နောက်လိုက်ဖြစ်သည်၊ ငါသည် သင်တို.၏ ခေါင်းဆောင်ဖြစ်သည်ဟု ငါမယူဆခဲ.ချေ။ အာနန္ဒာ ၊ ငါသည် အိုမင်း၍ ဘဝခရီး၏ အဆုံးပိုင်းသို. ရောက်ရှိနေပေပြီ။ ထို.ကြောင်. သင်တို.သည် မိမိကိုယ်ကိုသာ မှီခိုကိုးကွယ်၍ နေကြကုန်လော။ တရားမှတစ်ပါး မှီခိုကိုးကွယ်ရာ မရှိဘဲ တရားသာလျင် မှီခိုကိုးကွယ်ရာ ရှိသည်ဖြစ်၍ နေကြကုန်လော"

တစ်နေရာ၌ အရှင်သာရိပုတ္တရာက သဗ္ဗညုတဥာဏ်အရာ၌ မြတ်စွာဘုရားထက် သာလွန်၍သိသော သမဏဗြာဟ္မာဏသည် ရှေးကမရှိခဲ.၊ နောင်ရှိမည်လည်း မဟုတ်၊ ယခုလည်း မရှိဟု ကျွန်ုပ်ယုံကြည်ပါသည်ဟု လျှောက်၏။ ထိုအခါ ဗုဒ္ဓက " သာရိပုတ္တရာ၊ သင်သည် ပွင်.ပြီး ပွင်.ဆဲပွင်.လတ္တံ.သော ဘုရားရှင်တို.၏ စိတ်ကို သင်၏ ဥာဏ်ဖြင်.ခွဲခြားမသိပါဘဲလျက် အဘယ်ကြောင်. ဤသို. ကြီးကျယ်ခံ.ညားလှသော၊ တိကျသော စကားကို ဆိုဘိသနည်း" ဟု မိန်.တော်မူ၏။

ထို.နောက် ကုသိနာရုံဥယျာဉ်၌ ပရိနိဗ္ဗာန်စံဝင်ခါနီးတွင် နတ်ဗြဟ္မာတို.သည် ဤသို.ပူဇော်ကာမျှဖြင်. ငါဘုရားအား မြတ်နိုးသည် မမည်သေး။ အကြင်ဥပါသကာ ဥပသကာမတို.သည်လည်းကောင်း၊ ရဟန်းယောက်ျား၊ ရဟန်းမိန်းမတို.သည် လည်းကောင်း ငါဟောကြားအပ်သော တရားနှင်.အညီ ကျင်.ကြံနေထိုင်၏။ ထိုသူတို.သည် သာ လျှင် ငါဘုရားကို ချစ်ကြည်မြတ်နိုး ရှိခိုးပူဇော်ကြသည်မည်၏" ဟုမိန်.တော်မူ၏။ အရှင်အာနန္ဒာက " အရှင်ဘုရား၊ကိုယ်တော်မြတ် နိဗ္ဗာန်လားခဲ.သော် အလောင်းတော်အား ကျွန်ုပ်တို. ပြုဖွယ်ကိစ္စကို အဘယ်သို.ပြုရပါအံ.နည်း" ဟုမေးလျှောက်၏။ ထိုအခါ၌ ဗုဒ္ဓက " အာနန္ဒာ၊ ငါဘုရား၏အလောင်းတော်ကို မီးပူဇော်ခြင်းစသည်တို.၌ သင်တို.အကြောင်.ကြကုန်လင်.။ မိမိ၏ အစီးအပွားဖြစ်သော အရဟတ္တဖိုလ်ရခြင်းငှာ သာ များစွာ လုံ.လပြုကြကုန်လော" ဟု မိန်.တော်မူ၏။

ပရိနိဗ္ဗာန် စံဝင်ခါနီး၌ ဗုဒ္ဓသည် အရှင်အာနန္ဒာအား " အာနန္ဒာ၊ ငါ၏ တပည်. ရဟန်းသံဃာတို.သည် ငါပရိနိဗ္ဗာန် စံဝင်သောအခါ ငါဘုရားမရှိပြီ၊ ငါလွန်ပြီဟုထင်မှတ်ကြပေလိမ်.မည်။ ထိုသို. မမှတ်သင်.။ ငါဟောသောတရားသည် ငါလွန်သောအခါ သင်တို.၏ ဆရာဖြစ်လတ္တံ.။ ထို.ကြောင်. ငါလွန်သောအခါ ငါရှိသည်ဟုသာ ကောင်းစွာမှတ်၏" ဟု မိန်.ကြား၍ ရဟန်းတို.အား မိမိ၏တရား၌ တစ်စုံတစ်ရာ ယုံမှားမှု ရှိလျှင် မိမိမလွန်မီ မေးလျှောက်ကြရန် သတိပေး၏။ သို.ရာတွင် ရဟန်းတို.က မည်သို.မျှမမေးလျှောက်ကြချေ။ ထို.နောက် ဗုဒ္ဓသည် "သင်္ခါရတရားတို.သည် ပျက်စီးတတ်သော သဘောရှိကုန်၏။ သင်တို.သည် မမေ.မလျော.ဘဲ ကျင်.ကြံအားထုတ်ကြကုန်လော" ဟု နောက်ဆုံးမိန်.ကြားပြီးလျှုင် ပရိနိဗ္ဗာန် ပြုတော်မူ၏။

ဗုဒ္ဓ၏ နောက်ဆုံးဘဝ ဖြစ်စဉ်များကို ဖော်ပြသော မဟာပရိနိဗ္ဗာနသုတ်သည် အခြားသုတ်များထက် ရှည်လျား၍ အလွန်ထူးခြား မှတ်သားဖွယ်ကောင်းသော သုတ်ဖြစ်၏။ လောက၌ နဂိုမူလက စိတ်နှလုံးကောင်းရှိသော သူတို.သည်ပင် အိုမင်းသောအရွယ်၌ ကျန်းမာရေး များစွာယိုယွင်းပျက်ပြားမှု မရှိစေကာမူ အများအားဖြင်. စိတ်ဓာတ်ယိုယွင်းဆုတ်ယုတ်လာကြ၏။ ငါစွဲကြီးမား၍ သူတစ်ပါးအပေါ် ဆရာလုပ်လိုခြင်း၊ သူတစ်ပါးကို အပြစ်မြင်၊ အထင်အမြင်မသေးစေလိုခြင်း၊ (အရှင်သာရိပုတ္တရာအား မိန်.ကြားချက်) ပုဂ္ဂိုလ်ကိုးကွယ်မှု မဖြစ်စေလိုခြင်း စသော လက္ခဏာများဖြင်. မြင်.မားသော အာဇာနည်စိတ်ဓာတ်ကို အထင်အရှား ပြသတော်မူခဲ.ပေ သည်။

သို.ဖြစ်၍ ခရစ်ယာန်ဘာသာဝင် ပညာရှင်တစ်ဦးက မဟာပရိနိဗ္ဗာနသုတ်မှာ ကမ္ဘာ.စာပေ၌ အခံ.ညားဆုံး စိတ်အားတက်ကြွဖွယ် အကောင်းဆုံးစာပေတစ်ခု ဖြစ်ပါပေ သည်ဟု ရေးသားခဲ.၏။ စင်စစ် မဟာပရိနိဗ္ဗာနသုတ်၌ ဗုဒ္ဓသည် နှောင်းလူတို.က လွန်ကဲသော သဒ္ဓါယုံကြည်စိတ်ဖြင်.ဖန်တီးထားသော အနန္ဒဘုန်းတော်ရှင် မဟုတ်တော.ဘဲ အလွန်စိတ်ဓာတ်မြင်.မြတ်၍ ကြည်ညိုဖွယ်ကောင်းသော ကမ္ဘာ.စံပြ အာဇာနည်ပုဂ္ဂိုလ်သူမြတ်အဖြစ် ပေါ်လွင်ထင်ရှားလျက် ရှိပေသည်။




Read More...

ပိဋကတ်မှဂေါတမဗုဒ္ဓ

Published by roman under on 8:45 PM

အခန်း(၄)
ဗုဒ္ဓ

(က) ပိဋကတ်မှဂေါတမဗုဒ္ဓ

မြန်မာနိုင်ငံတွင် ဂေါတမဗုဒ္ဓ၏ ဘဝဖြစ်စဉ် အကြောင်းအရာများကို ရေးသား ထားသော မြန်မာဗုဒ္ဓဝင် စာအုပ်များရှိ၏။ ထိုစာအုပ်များ၌ ပါရှိသော အချက်များကို မြန်မာဗုဒ္ဓဝါဒီတို့က အကြွင်းမဲ့လက်ခံယုံကြည်ကြမည်ဖြစ်သော်လည်း အနောက်တိုင်း ဗုဒ္ဓစာပေ သုတေသီပညာရှင်တို့က ထိုသို့လက်ခံလိုကြမည် မဟုတ်ချေ။ တစ်နည်းဆိုသော် ယိုးဒယား၊ မြန်မာ၊ သီဟိုလ်သားတို့၏ ဗုဒ္ဓဝင်ကို တိကျခိုင်မာသော ဗုဒ္ဓအတ္တုပ္ပတ္တိအဖြစ် အသိအမှတ်ပြုလိုကြမည် မဟုတ်ချေ။ အမှန်ဆိုသော် ရှေးအစဉ်အလာ ယုံကြည်ချက်များကို မျက်စိမှိတ် လက်မခံလိုဘဲ ဝေဖန်ဆန်းစစ်လိုသော ဗုဒ္ဓဝါဒီတို့သည်ပင် ဗုဒ္ဓဝင်ကျမ်းလာ အချို.သောစကားများကို ယုံမှားသံသယရှိကြမည် အမှန်ဖြစ်၏။

ထို့ကြောင့် ဗုဒ္ဓ၏ ဘဝဖြစ်စဉ်ကို မှန်ကန်စွာ သိရှိလိုပါက ဗုဒ္ဓဝင်ကျမ်းပြုဆရာတို့မှီငြမ်းပြုသော ပါဠိပိဋကတ်ကို ဦးစွာလေ့လာရပေမည်။ လေ့လာရာ၌ သုတေသီပညာရှင်တို့၏ အလိုအားဖြင့်ရှေးကျ၍ အထူးခိုင်မာသော ပိဋကတ်စာပေများကို ဦးစားပေး၍ လေ့လာရပေမည်။ ထိုစာပေများမှာ သုတ္တန်ပိဋကတ်မှ ပထမနိကာယ်လေးကျမ်း၊ ခုဒ္ဒကနိကာယ်နှင်. အချို.ကျမ်းများနှင့်အချို့သောဝိနည်းကျမ်းများဖြစ်ကြောင်း ဖော်ပြခဲ့ပေပြီ။

ထိုပိဋကတ်စာပေများကို နှံ့နှံ့စပ်စပ် လေ့လာပါက ဗုဒ္ဓအကြောင်း ထူးခြားသော အချက်နှစ်ရပ်ကို ကျွန်ုပ်တို့သတိပြုမိမည်ဖြစ်၏။ ပထမအချက်မှာ ဗုဒ္ဓအကြောင်းအရာများနှင့် စပ်လျဉ်း၍ အချို့နေရာများ၌ ဗုဒ္ဓဝင် (ဝါ) အဌကထာကျမ်းများနှင့် ပိဋကတ်လာစကားများ မတူပဲ ကွဲလွဲနေခြင်းဖြစ်၏။ ဒုတိယအချက်မှာ ဗုဒ္ဓဝင်နှင့် အဌကထာများမှ ဗုဒ္ဓအကြောင်းအရာများသည် ထူးထွေများပြား၍ စုံလင်လှသည်နှင့်အမျှ ပိဋကတ်စာပေ၌ ဗုဒ္ဓအကြောင်း နည်းပါး၍ ပြည့်စုံခြင်းမရှိချေ။

ပိဋကတ်စာပေ၌ ဗုဒ္ဓ၏ ဘဝဖြစ်စဉ်များကို အစအဆုံး တစ်ဆက်တည်း ပြည့်စုံစွာ ပြဆိုထားသော ကျမ်းစာကို မတွေ့ရချေ။ အနည်းငယ်သောပါဠိတော်များ၌သာ ဗုဒ္ဓ၏ အချို့သောဖြစ်စဉ်များအကြောင်းကို ဖတ်ရှုရ၏။ မဇ္ဈိမနိကာယ်၊ အရိယပရိယေသနသုတ် မဟာသစ္စကသုတ် စသည်တို့၌ ဘုရားလောင်း တောထွက်ပုံ ၊ တရားကျင့်ပုံနှင့် ဘုရားအဖြစ်သို့ရောက်ရှိပုံများကို လည်းကောင်း၊ ဝိနည်းပိဋကတ် မဟာဝဂ္ဂ၌ ဘုရားဖြစ်သည်မှ အရှင်သာရိပုတ္တရာနှင့်အရှင်မောဂ္ဂလန်တို့ဘုရားထံ၌ ရဟန်းပြုကြသည်အထိကိုလည်းကောင်း ၊ ဒီဃနိကာယ် မဟာပရိနဗ္ဗာနသုတ်၌ ဘုရားရှင်၏ နောက်ဆုံးဖြစ်စဉ်များကို လည်းကောင်း ဖော်ပြထား၏။ သို့ရာတွင် ထိုပါဠိတော်များ၌ ဗုဒ္ဓဝင် နှင့်အဌကထာများမှ များစွာသော ဗုဒ္ဓအကြောင်းအရာများကို မတွေ့ရချေ။

ပိဋကတ်စာပေ၌ ဗုဒ္ဓ၏ အတ္ထုပတ္တိကို အပြည့်အစုံ မတွေ့ရခြင်းမှာ ရှေးလူတို့က မိမိတို့ခေတ်အတွင်း ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တို့၏ ဘဝဖြစ်စဉ်များကို စုံစုံစေ့စေ့ မှတ်သားထားလေ့မရှိသောကြောင့်ဖြစ်၏။ ပုဂ္ဂိုလ်အတ္ထုပတ္တိကို ရေးသားသောအတတ်သည် ယခုခေတ်မှ ပေါ်လာသောအတတ်ဖြစ်၏။ ရှေးအိန္ဒိယ နိုင်ငံသားတို့သည် ပညာရှိတစ်ဦး၏ ဘဝအဖြစ်အပျက်များကို သူ၏စကားများလောက် ဂရုပြုလေ့မရှိကြချေ။

သို့ဖြင့် ရှေးပဝေသဏီက ဘာသာဝါဒအမျိုးမျိုးကို အစဦးစွာ ဟောပြောခဲ့သော ပုဂ္ဂိုလ်တို့၏ ဘဝဖြစ်စဉ် မှတ်တမ်းများ အထင်အရှားရှိဖို့ဝေးစွ၊ သူတို့၏အမည်များသည်ပင်ပျောက်ကွယ်ခဲ့ပေပြီ။ အိန္ဒိယဘာသာရေးသမိုင်း၌ နာမည်ကျန်ရှိသော ကပိလ(Kapila)၊ ရှန်ကရ(Samkara)၊ အစရှိသည့်အနည်းငယ်သော ပုဂ္ဂိုလ်ကြီးတို့အကြောင်းကိုလည်း ယခုခေတ်လူတို့ စုံလင်စွာမသိကြရချေ။ သူတို့အကြောင်းအရာနှင့်စာသော် ကျွန်ုပ်တို့သိရသော ဗုဒ္ဓ၏ အကြောင်းအရာများမှာ အတော်အတန်စုံလင်သည် ဟုဆိုရမည်။

ဗုဒ္ဓသည် ဘီစီ ၆ ရာစု (ခရစ်တော်မပေါ်မီ နှစ်ပေါင်းငါးရာကျော်လောက်) အတွင်း၌ဖွားမြင်တော်မူကြောင်း သုတေသီပညာရှင်အားလုံး လက်ခံယုံကြည်ကြ၏။ ထိုရာစုနှစ်မှာ တရုတ်ပညာရှိ ကွန်ဖြူးရှပ် (Confucious)နှင့် ဂရိပညာရှိ ပိုက်သာဂိုးရတ် (Pythagoras)တို. ဖွားမြင်သောရာစုနှစ်ဖြစ်၏။ ဗုဒ္ဓဖွားမြင်တော်မူရာ ဒေသမှာ အိန္ဒယပြည်မြောက်ပိုင်းရှိ သက္ကတိုင်းဖြစ်၏။ အိန္ဒိယနှင့်နီပေါပြည်နယ်စပ်ရှိ သက္ကတိုင်း၏ မြို့တော်မှာ ကပိလဝတ်မြို့ဖြစ်၍ ဗာရာဏသြီံမို့၏ မြောက်ဘက် မိုင်တစ်ရာခန့်အကွာ၌ တည်ရှိ၏။

ပိဋကတ်စာပေ၌ ဖော်ပြထားသော ထိုအခါက အိန္ဒိယ မြောက်ပိုင်းရှိ တိုင်းကြီး ၁၆ တိုင်း အမည်စာရင်းတွင် သက္ကတိုင်း၏ အမည်ကို မတွေ့ရချေ။ ဘီစီ ၆ ရာစုခေတ်က အိန္ဒိယနိုင်ငံတွင် ကောသလ၊ မဂဓ စသော ဘုရင်အုပ်စိုးသည့်တိုင်းပြည်ကြီးများ အပြင် သက္က, ကောလိယ, ဝဇ္ဇီစသော နိုင်ငံငယ်များရှိ၏။ ထိုနိုင်ငံငယ်များသည် ယခုခေတ် ဒီမိုကရေစီနိုင်ငံများနှင့်တူ၍ ခတ္တိယများက အုပ်ချုပ်ကြ၏။ ခတ္တိယတို့သည် ပုဂ္ဂိုလ် တစ်ဦးဦးကို နာယကတင်မြောက်ပြီးလျင် အစည်းအဝေး ကျင်းပ၍ တိုင်းပြည်ကိစ္စ အရပ်ရပ်ကို စီရင်ဆုံးဖြတ်ကြ၏။

ပိဋကတ်စာပေ၌ ဗိမ္ဗိသာရ, အဇာတသတ် စသော ဘုရင်အမည်များကို နာမဝိသေသနပုဒ်များဖြင့် အပြည့်အစုံ ထပ်တလဲလဲ ပြဆိုထား၏။ ဗိမ္ဗိသာရမင်းကို မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းဟုခေါ်၍ အဇာတသက်ကို ဝေဒဟီ မိဖုရား၏ သား မဂဓတိုင်းရှင် အဇာတသက်မင်းဟု ဖော်ပြထား၏။ ဗုဒ္ဓ၏ ခမည်းတော်အား ဘုရင်သုဒ္ဓေါဒန ဟု ခေါ်ဝေါ်ခြင်းကို မူ ပိဋကတ်နှစ်နေရာတည်း(ဒီဃနိကာယ် မဟာပဒါနသုတ် နှင့် ခုန္ဒကနိကာယ် ဗုဒ္ဓဝံသ) ၌သာ ဖော်ပြထား၏။ အကယ်ပင်သာကီဝင်မင်းဖြစ်သော ဘဒ္ဒိယကိုမူ ဝိနည်းပိဋကတ်၌ ဘဒ္ဒိယ သက္ကရာဇာဟူ၍ ခေါ်ဝေါ်ထား၏။

ဘုရားအလောင်းသည် တောမထွက်မှီက များစွာသောစည်းစိမ်ချမ်းသာ ခံစားခဲ့ကြောင်း ဗုဒ္ဓ၏ စကားများဖြင့်သိအပ်၏။ "အို မာဂဏ္ဍိယ၊ ငါသည် သုံးဆောင်သော ပြာသာဒ်တို့၌ တီးမှုတ်မျိုးစုံတို့ဖြင့် တင့်တယ်စွာ ခံစားစံစားလျက် နေခဲ့၏။" (မဇ္ဈိမနိကာယ် မာဂဏ္ဍိယသုတ်)။ "ရဟန်းတို့ ၊ ငါသည် ချမ်းသာစွာ၊ နူးညံ့သိမ်မွေ့စွာ နေရ၏။ မိုးလေးလပတ်လုံး ပြသာဒ်မှ အောက်သို့မသက်ဆင်းဘဲ နေရ၏။" (အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်- သုခုမာလသုတ်)။ ပိဋကတ်စာပေ၌ ဤစကားများထက်ပို၍ ဗုဒ္ဓဝင်များမှာ ကဲ့သို့ ဘုရားလောင်း၏ စည်းစိမ်ချမ်းသာ ခံစားမှုကို ချဲ့ထွင်ပြထားခြင်းမရှိချေ။

"ရဟန်းတို့၊ ငါသည် ဘုရားမဖြစ်သေးမီ ပထမအရွယ်က ဤသို့ကြံ၏။ မသိနားမလည်သော သာမန်လူသည် မိမိကိုယ်တိုင် တစ်နေ့တွင် အိုရဦးမည် ဖြစ်ပါလျက် သူအိုတစ်ဦးကို မြင်လျင် စိတ်မသက်မသာ စက်ဆုပ်ရွံရှာခြင်းဖြစ်တတ်၏။ ငါသည် ဤသို့ဖြစ်ရန် မသင့်လျော်ပါတကား။ ဤသို့တွေးတောရင်း ငါ၏ပျိုမျစ်သောအရွယ်၌ တက်ကြွနေသောစိတ်သည် ကျဆင်းပျောက်ကွယ်ခဲ့၏။" (အဂုင်္တ္တရနိကာယ်, တိကနိပါတ်, သုခုမာလသုတ်)

"ရဟန်းတို့၊ ငါသည် ဘုရားအဖြစ်သို့ မရောက်မီက ဤသို့ အကြံဖြစ်၏။ အဘယ်ကြောင့် ငါသည် ဇာတိသဘော ရှိသည်ဖြစ်ပါလျက်၊ အိုခြင်း၊ နာခြင်း၊ သေခြင်း သဘောရှိသည်ဖြစ်ပါလျက် ညစ်ညူးခြင်းသဘောရှိသည် ဖြစ်ပါလျက် ထိုညစ်ညူးခြင်း သဘောကိုသာလျှင် ရှာဘိသနည်း။ ငါသည် ဇာတိမရှိရာ၊ မအို၊ မနာ၊ မသေရာ မြတ်သောနိဗ္ဗာန်ကို ရှာအံ့ဟူ၍ အကြံဖြစ်၏။" (မဇ္ဈိမနိကာယ်၊ အရိယပရိယေသနသုတ်)

အချို့သော သုတ္တန်ဒေသနာများ၌မူ အိုခြင်း၊နာခြင်း၊ သေခြင်းကို ဆင်ခြင်သုံးသပ်ကြောင်းပင် မလာဘဲ လူ့ဘောင်ကို ငြီးငွေ့၍ တောထွက်ကြောင်း ဗုဒ္ဓကိုယ်တိုင်မိန့်ကြားသော စကားလာ၏။ အောက်ပါစကားသည် များစွာသော သုတ္တန်တို့၌တွေ့ရသော ဗုဒ္ဓစကားဖြစ်၏။

"ရဟန်းတို.၊ ငါ.အား ဤသို.အကြံဖြစ်၏။ အိမ်ရာထောင်သော လူတို.ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်းကျပ်တည်း၏။ မြူမှုန်ထူသော ခရီးနှင်.တူ၏။ အိမ်၌နေသော သူသည် စင်စစ် မြတ်သောအကျင်.ကို ကျင်.ရန်မလွယ်ချေ။ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးသော် ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ရုံ၍ ရဟန်းပြုရမူကောင်းလေစွတကားဟု အကြံဖြစ်၏။" (မဇ္ဈိမနိကာယ်၊ မဟာသစ္စကသုတ်နှင်. အခြားသုတ်များ)

ထိုခေတ်က အိန္ဒိယပြည်၌ တောထွက်၍ ရဟန်းပြုခြင်းသည် ရှေးပဝေသဏီကစ၍ ပညာရှိသူတော်ကောင်းတို့ လိုက်နာသောလမ်းစဉ်ဖြစ်၏။ မိဘများက သဘောမတူဘဲ တားမြစ်ထားပါလျက် တောထွက်သောသူများအကြောင်း အဌကထာများ၌ ဖော်ပြထား၏။ ဘုရားအလောင်းသိဒ္ဓတ္ထသည် ထိုသိုသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ပိဋကတ်၌လာ၏။

မဇ္ဈိမနိကာယ်၊ အရိယပရိယေနသုတ်၊ အဟာသစ္စကသုတ် နှင့် အခြားသုတ်များတွင် ဗုဒ္ဓကိုယ်တိုင်က "ငါသည် မည်းနက်သော ဆံပင်ရှိ၍ ငယ်ရွယ်ပျိုမျစ်သောပထမအရွယ်၌ အမိအဖတို့သည် သဘောမတူသဖြင့် မျက်ရည် ရွှဲစို ငိုယိုနေကြစဉ် ဆံမုတ်ဆိတ်ကိုပယ်၍ ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်ပြီးလျင် လူ့ဘောင်မှ ရဟန်းဘောင်သို့ကူပြောင်းခဲ့ပေသည်" ဟုမိန့်ကြားတော်မူ ကြောင်းပြဆိုထား၏။ ဒီဃနိကာယ်သောဏဒန္တသုတ်နှင့်ကူဋဒန္တသုတ်များ၌လည်း ဗြာဟ္မဏ ဆရာနှစ်ဦးက ရဟန်းဂေါတမသည် ငယ်စဉ်က မိဘတို့ သဘောမတူသဖြင့်ငိုယိုနေကြစဉ် ရဟန်းပြုခဲ့သည်ဟု ပြောဆိုကြကြောင်း ဖော်ပြထား၏။
မည်သို.ဖြစ်စေ အထက်ကပြဆိုခဲ့သော ဗုဒ္ဓဝင်နှင့် ပိဋကတ် ကွဲလွဲဆန့်ကျင်မှုများမှာ ဗုဒ္ဓ၏တရားများနှင့် မသက်ဆိုင်သောကြောင့် ဗုဒ္ဓဓမ္မလေ့လာသူတို့အဖို့ အရေးမကြီးလှချေ။

အရေးကြီးသည်ကား ဗုဒ္ဓသည် မည်သို့သော ပညာရှိပုဂ္ဂိုလ် သူမြတ်ဖြစ်ကြောင်း နားလည်သိရှိရန်ဖြစ်၏။ ဗုဒ္ဓသည် လူ့ဘဝ၊ လူ့လောက ပြဿနာ များကို မည်သို့ရှူမြင်သုံးသပ်သည်။ လူတို့၏ ရှေးအစဉ်အလာ ယုံကြည်ချက်များအပေါ် မည်သို့ဆုံးမသည် စသည်တို့မှာ ဗုဒ္ဓဓမ္မ လေ့လာရာ၌ ကျွန်ုပ်တို့သိရှိရန်မုချလိုအပ်သော အချက်များဖြစ်၏။ ဗုဒ္ဓအကြောင်း ပါဠိတော်များကို မှီငြမ်းပြု၍ ဤအချက်များကို တတ်နိုင်သမျှ စုံစုံစေ့စေ့ဖော်ပြပါအံ့။



Read More...